
Xiaomi ကုမ္ပဏီ ဟာ အခု အချိန်အထိ ကမ္ဘာတ၀ှမ်းလုံးမှာ Mi Max Version ကို အရေအတွက် ၃ သန်း ကျော် ရောင်းချခဲ့ပြီး ဖြစ်တယ် လို့ ဆိုခဲ့ပါတယ်။ အခု အသစ်ထွက်ရှိမယ့် Mi Max2 ဟာ ဘက်ထရီ ပါဝါ 5300 mAh ထည့်သွင်းထားမယ် လို့ ဆိုပါတယ်။ ဒါကြောင့် တစ်ခါ အားသွင်းထားရုံ နဲ့ ၂ ရက်နီးပါး ဘက်ထရီ အသုံးခံနိုင်မှာ ဖြစ်တဲ့အတွက် ခရီးသွာလာရင် Power Bank တွေ ယူဆောင်သွားရတဲ့ ဒုက္ခတွေက ကင်းငြိမ်းစေမှာ ဖြစ်တယ် လို့ ဆိုပါတယ်။
မျက်နှာပြင် ၆.၆ လက်မ ၊ 4GB RAM၊ 64GB(128GB) တွေ နဲ့ ထုတ်လုပ်လာမှာ ဖြစ်ပြီး FingerPrint အာရုံခံနည်းပညာ လိုမျီုး လုံခြုံရေး မြင့်မားတဲ့ နည်းပညာတွေ အပြင် စွမ်းအားမြင့် လုပ်ဆောင်ချက်တွေ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ Chipset ကတော့ Octacore 2.0 GHz Qualcomm Snapdragon 625 ကို သုံးစွဲထားမှာ ဖြစ်တယ် လို့ ရှောင်မီ က ထုတ်ဖော်ပြောကြားထားပါတယ်။.
MiMax2 ရဲ့ ဈေးနှုန်းဟာ မြန်မာငွေ နဲ့ တွက်ချက်မယ် ဆိုရင် ငွေကျပ် ၃ သိန်း ၀န်းကျင်လောက်သာ ရှိမှာ ဖြစ်တဲ့အတွက် လူငယ်တွေ နဲ့ ဖုန်းချစ်သူတွေ စိတ်ဝင်စားကြဦးမှာပဲ ဖြစ်ပါတယ်။
No comments:
Post a Comment