Saturday, May 27, 2017

♪ ထူးထူးခြားခြား ပြောင်းလဲမှုတွေနဲ့ Clash of Clans update အသစ် ♫

https://i1.wp.com/digitaltimes.com.mm/wp-content/uploads/2017/05/wwxx.jpg?fit=800%2C450&ssl=1
ကမ္ဘာနဲ့အဝှမ်း လူကြိုက်အများဆုံးနဲ့ ရေပန်းအစားဆုံး mobile strategy games တွေထဲက တစ်ခုဖြစ်တဲ့ Clash of Clans ဂိမ်းမှာ ထူးထူးခြားခြား ပြောင်းလဲမှုတွေပါဝင်လာတဲ့ Major Update ထွက်ရှိလာပြီဖြစ်ပါတယ်။ ဒီ Major update မှာတော့ အဓိက ပြောင်းလဲမှုတွေအဖြစ် စိတ်လှုပ်ရှားစရာ Mode အသစ်နှစ်ခု ပါဝင်လာပါတယ်။ ပထမတစ်ခုကတော့ ကမ္ဘာသစ်တစ်ခု ကို နယ်မြေချဲ့ထွင်ရတဲ့ပုံစံမျိုးဖြစ်ပြီး ဒီ mode ကိုရရှိဖို့အတွက် အနည်းဆုံး Town Hall Level 4 ရှိဖို့လိုအပ်ပါတယ်။

Town Hall Level 4 ရရှိတာနဲ့ လှေကိုဆောက်လုပ်ကာ ကမ်းစပ်ကနေ ကမ်းတစ်ဖက်ကိုကူးပြီး ကမ္ဘာသစ်တစ်ခု တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ တစ်ခုသတိပြုရမှာက ကမ္ဘာသစ်ကိုရောက်တဲ့အခါ Gems တွေကတော့ မူလ အရေအတွက်အတိုင်း ပါလာမှာဖြစ်ပေမယ့် Base အဟောင်းတုန်းက Gold တွေနဲ့ Elixir တွေကတော့ ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။ ကမ္ဘာသစ်မှာတော့ feature အသစ်တွေအဖြစ် combat techniques အသစ်တွေ၊ buildings အသစ်တွေ၊ troop abilities အသစ်တွေနဲ့ အခြားသော အသစ်တွေ ပါဝင်လာပါတယ်။

ဒုတိယ Mode ကတော့ “vs Battle Mode” ဖြစ်ပြီး ဒါဟာ ရွှေနဲ့ elixir တွေရှာဖို့အကောင်းဆုံး နည်းလမ်းတစ်ခုဖြစ်လာပါတယ်။ ဒီ mode နဲ့ အခြားသူတွေရဲ့ base တွေကို တိုက်ခိုက်တဲ့အခါ သင့် base ရဲ့ ကာကွယ်နိုင်စွမ်းတွေနဲ့ head-to-head ယှဉ်ပြိုင်စေပြီး အနိုင်ပမာဏကို သတ်မှတ်ပေးမှာဖြစ်ပါတယ်။


♪ မြန်မာငွေ ၃ သိန်း ခန့်သာ ရှိမယ့် MiMax 2 ကို ရှောင်မီ ထုတ်ဖော်ပြသ ♫

https://i1.wp.com/digitaltimes.com.mm/wp-content/uploads/2017/05/mi-max-2_05.jpg?fit=800%2C599&ssl=1
ဒီကနေ့ ပေကျင်းမှာ ပြုလုပ်တဲ့ Event မှာ ၄၈ နာရီ (၂ ရက်တိတိ) ဘက်ထရီ အသုံးစွဲခံနိုင်မယ့် Mi Max 2 ကို ရှောင်မီကုမ္ပဏီ က ထုတ်ဖော် ပြောကြားခဲ့တယ် လို့ သိရပါတယ်။ ဇွန်လ ၁ ရက်နေ့ က စပြီး တရုတ်စေျးကွက် မှာ ဒေါ်လာ ၂၄၇ ၀န်းကျင် နဲ့ စတင်ရောင်းချမယ့် Mi Max 2 ဟာ ထုတ်ဖော်ပြသခဲ့တဲ့ ပုံစံဒီဇိုင်းတွေ အရ Bezel-less Display ဖြစ်မယ် လို့ အာမခံပြောကြားခဲ့ပါတယ်။

Xiaomi ကုမ္ပဏီ ဟာ အခု အချိန်အထိ ကမ္ဘာတ၀ှမ်းလုံးမှာ Mi Max Version ကို အရေအတွက် ၃ သန်း ကျော် ရောင်းချခဲ့ပြီး ဖြစ်တယ် လို့ ဆိုခဲ့ပါတယ်။ အခု အသစ်ထွက်ရှိမယ့် Mi Max2 ဟာ ဘက်ထရီ ပါဝါ 5300 mAh ထည့်သွင်းထားမယ် လို့ ဆိုပါတယ်။ ဒါကြောင့် တစ်ခါ အားသွင်းထားရုံ နဲ့ ၂ ရက်နီးပါး ဘက်ထရီ အသုံးခံနိုင်မှာ ဖြစ်တဲ့အတွက် ခရီးသွာလာရင် Power Bank တွေ ယူဆောင်သွားရတဲ့ ဒုက္ခတွေက ကင်းငြိမ်းစေမှာ ဖြစ်တယ် လို့ ဆိုပါတယ်။

မျက်နှာပြင် ၆.၆ လက်မ ၊ 4GB RAM၊ 64GB(128GB) တွေ နဲ့ ထုတ်လုပ်လာမှာ ဖြစ်ပြီး FingerPrint အာရုံခံနည်းပညာ လိုမျီုး လုံခြုံရေး မြင့်မားတဲ့ နည်းပညာတွေ အပြင် စွမ်းအားမြင့် လုပ်ဆောင်ချက်တွေ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ Chipset ကတော့ Octacore 2.0 GHz Qualcomm Snapdragon 625  ကို သုံးစွဲထားမှာ ဖြစ်တယ် လို့ ရှောင်မီ က ထုတ်ဖော်ပြောကြားထားပါတယ်။.

MiMax2 ရဲ့ ဈေးနှုန်းဟာ မြန်မာငွေ နဲ့ တွက်ချက်မယ် ဆိုရင် ငွေကျပ် ၃ သိန်း ၀န်းကျင်လောက်သာ ရှိမှာ ဖြစ်တဲ့အတွက် လူငယ်တွေ နဲ့ ဖုန်းချစ်သူတွေ စိတ်ဝင်စားကြဦးမှာပဲ ဖြစ်ပါတယ်။

အူရီဒူးမြန်မာမှ သုံးစွဲသူများအနေဖြင့် Easy Top Up ကို “သောကြာနေ့အထူး” အစီအစဉ်ကို ယနေ့စတင် မိတ်ဆက်ပေး

https://i1.wp.com/digitaltimes.com.mm/wp-content/uploads/2017/05/wre.jpg?fit=800%2C450&ssl=1
အူရီဒူးမြန်မာမှ သုံးစွဲသူများအနေဖြင့် Easy Top Up ကို အသုံးပြုပြီး ဖုန်းငွေဖြည့်ပါက ငွေဖြည့် အပိုလက်ဆောင်ပမာဏ ပိုများစွာရှိရှိမည့် “သောကြာနေ့အထူး” အစီအစဉ်ကို ယနေ့စတင် မိတ်ဆက်ပေး လိုက်ပြီဖြစ်ကြောင်း သိရသည်။

ယင်းအစီအစဉ် အရ အူရီဒူး ဆင်းကတ်  အသုံးပြုသူများအနေဖြင့် ယနေ့ ၂၀၁၇ခုနှစ်၊ မေလ ၂၆ရက်နေ့မှ စတင်ပြီး အပတ်စဉ်သောကြာနေ့တိုင်းတွင် “သောကြာနေ့အထူး” အစီအစဉ်ဖြင့် ဖုန်းငွေဖြည့်ပြီး ငွေဖြည့်အပိုလက်ဆောင်များရယူနိုင်မည်ဖြစ်သည်။

ကျပ်၁,၀၀၀ မှ ကျပ် ၂,၉၉၉ အတွင်း ဖုန်းငွေဖြည့်ပါက ငွေဖြည့်သည့် ပမာဏပေါ်မူတည်ပြီး ၁၅% ဖုန်းငွေဖြည့်အပိုလက်ဆောင်ရရှိမှာဖြစ်ပြီး ကျပ်၃,၀၀၀ နှင့် ကျပ်၎,၉၉၉ အတွင်း ဖုန်းငွေဖြည့်ပါက ငွေဖြည့်သည့် ပမာဏပေါ်မူတည်ပြီး ၃၀% ဖုန်းငွေဖြည့်အပိုလက်ဆောင်ရရှိမည်ဖြစ်ကာ ကျပ်၅,၀၀၀နှင့် အထက် ဖုန်းငွေဖြည့်ပါက ငွေဖြည့်သည့် ပမာဏပေါ်မူတည်ပြီး ၅၀% ဖုန်းငွေဖြည့်အပိုလက်ဆောင် ရရှိမည်ဖြစ်ကြောင်းသိရသည်။

Easy Top Up ဖြင့် ဖုန်းငွေဖြည့်ခြင်းကြောင့် ရရှိသော ငွေဖြည့်အပိုလက်ဆောင်ကို အူရီဒူးအချင်းချင်း ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်းနှင့် ကျသလောက်သုံးအင်တာနက် ၀န်ဆောင်မှုများအတွက် အသုံးပြုနိုင် မည်ဖြစ်ပြီး သုံးစွဲရန် သက်တမ်းမှာ တနင်္ဂနွေနေ့ သန်းခေါင်းရံအချိန်အထိဖြစ်သာဖြစ်သည်။

အူရီဒူး အနေဖြင့် Easy Top Up ဖြင့် ငွေဖြည့်နိုင်သော ဆိုင်များကို မြန်မာပြည်အနှံ့အပြားတွင် ဖွင့်လှစ် ထားကြောင်းလည်း သိရသည်။