Friday, February 18, 2011

Facebook Mail

Facebook ကနေ Facebook Mail ပေးမယ်လို့ သတင်းကြားတာနဲ့ Register လုပ်ထားခဲ့တာ အခုမှပဲ ရပါတော့မယ်။ အခုတော့ ရသွားပြီ။ အရမ်းအဆင်ပြေသွားပါတယ်။ အရင်တုန်းကလို Gmail နဲ့ Facebook နှစ်ခုကြီး ဖွင့်စရာ မလိုတော့ဘူးပေါ့။ Address Card မှာလည်း ပြောင်းလိုက်တော့မယ်။ ဒါပေမဲ့ ဒါကို Facebook က mail လို့ မသုံးဘဲ New Messaging လို့ပဲ သုံးစွဲပါတယ်။ ဘယ်လိုပဲ သူတို့ကခေါ်ခ်ါပါ။ Email လိုပဲ ကိုယ့်မှာ yourname@facebook.com ဆိုတဲ့ Account တစ်ခု ရတယ်။ ပြီးတော့ ကြိုက်တဲ့ Email လိပ်စာကို မေးလ်ပို့နိုင်၊ လက်ခံနိုင်ပါတယ်။

အောက်မှာပြထားတဲ့ ပုံကတော့ Facebook ကနေ Gmail ကို စမ်းပို့ကြည့်ထားတဲ့ ပုံပါ။

နောက် အောက်ကပုံကတော့ Gmail ကနေ Facebook ကို Email အစမ်းပို့ထားတဲ့ ပုံပါ။ Facebook က သူငယ်ချင်းတွေက ပို့တယ်ဆိုရင် အဲဒီ Email ကို Messages ထဲကို ထည့်လိုက်မှာဖြစ်ပြီး မသိတဲ့သူကတွေက ပို့တဲ့ Email တွေကိုတော့ Others ထဲမှာ ထည့်ပေးမယ်လို့ ပြောပါတယ်။ ပုံမှာဆိုရင် ကျွန်တော့်ရဲ့ Message ထဲမှာ မေးလ်နှစ်စောင် ရောက်နေပါတယ်။ Others ထဲမှာ မရှိပါဘူး။

ဒီ Facebook ရဲ့ New Messaging (သို့မဟုတ်) Facebook Mail ကို Facebook အနေနဲ့ Facebook သုံးစွဲတဲ့သူတိုင်းကို ပေးသွားမှာပါ။ စောင့်တော့ စောင့်ရပါလိမ့်မယ်။ ဘယ်လိုပုံစံနဲ့ ပေးနေတယ်တော့ မသိပါဘူး။ ဟိုတစ်လောက သူငယ်ချင်းက ရသွားတယ်။ သူ့နာမည်က A နဲ့ စပါတယ်။ A to Z များ ပေးသလားဆိုပြီး ထင်နေတုန်း အခု ကျွန်တော် Z က ရသွားပါတယ်။ ကျွန်တော့်အသိတစ်ယောက် M နဲ့ စတာက မရသေးပါဘူး။ စောစောစီးစီး လိုချင်တဲ့ စာဖတ်သူများ Invitation ရဖို့ Register လုပ်နိုင်ပါတယ်။

အသေးစိတ်သိလိုရင်တော့ http://www.facebook.com/about/messages/ မှာ သွားရောက် ကြည့်နိုင်ပါတယ်။

No comments:

Post a Comment