Friday, February 18, 2011

မိမိ remove လုပ်ထားသောသူအား သူ့ Gtalk တွင်ပါ မမြင်ရအောင် Delete လုပ်နည်း

သူငယ်ချင်းတို့ကို နည်းလမ်းကောင်းလေးပေးမယ်
Gtalk ကနေ ကိုယ့်ဘက်က Block သို့ Remove လုပ်လိုက်ရင်
မိမိဘက်ကသာ သူ့ကိုမမြင်ရတော့ပေမယ့် မိမိ Block သို့ Remove
လုပ်လိုက်တဲ့သူရဲ့ Gtalk မှာတော့ မိမိနာမည်ရှိနေသေးတဲ့အတွက် သူ့ဘက် Chat
လို့ရပါသေးတယ်။ (အဲဒါမျိုးတွေ ကြုံဖူးတယ်ဟုတ်)
ကိုယ့်ဘက်က Block လိုက်တယ်ဆိုပေမယ့် သူ့ရဲ့ Gtalk List မှာ
ရှိနေဦးမှာပါ.။
အဲ့ဒီလိုမျိုးတွေ မဖြစ်ရအောင် အပြီးအပိုင်
သံယောဇဉ်ဖြတ်မယ်ဆိုရင်တော့ ဒီနည်းလေးအတိုင်းပြုလုပ်လို့ရပါ
တယ်။
သူများကို ဘလော့လုပ်တာ မကောင်းပါဘူးထင်ရင်ပဲဖြစ်ဖြစ်..
..ကိုယ့်ဘလော့လစ်တွေများနေရင်ပဲဖြစ်ဖြစ်
ဒီနည်းလေးကို သုံးကြည့်ရအောင်
လွယ်လွယ်လေးပါ


ပထမဦးဆုံး Gmail ကို ဖွင့်ပါ။
ပြီးရင် Contacts ကို ရှာပြီး Click
နှိပ်လိုက်ပါ။ အဲ့ဒီအခါ Contacts Box ကျလာရင် မိမိ Delete လုပ်ချင်သော
Account ကို ရွေးပြီး အမှန်ခြစ်ပါ။
more action >>>Delete contact ကို click နှိပ်လိုက်ပါ။
တကယ်ဖျက်မှာလားလို့မေးတဲ့ Box ကျလာရင် OK ကို နှိပ်လိုက်ပါ။ (((မိမိgtalk ထဲတွင် ဖျက်ချင်သောအကောင့်ကို block သို့မဟုတ် remove လုပ်ထားပြီးမှသာ ဒီစာပေါ်မှာပါ.....
မလုပ်ရသေးလဲ မေးလ်ထဲတွင် အရင်ဖျက်ပြီးမှ gtalk မှာ ဖျက်လိုက်ပါ)))
ဒါဆို မိမိမဆက်သွယ်လိုသူကို အပြီးအပိုင် သံယောဇဉ်ဖြတ်လိုက်လို့ရသွားပါပြီ။
သူ့ရဲ့Gtalk မှာလည်း မိမိအမည် မရှိတော့သလို သူ့ Gtalk မှာလည်း ကိုယ့်အမည်
ကျန်ရှိတော့မည် မဟုတ်တော့ပါ။.

လွယ်လွယ်လေးပါ......
အားလုံးပဲ ပျော်ရွှင်ပါစေ......

~disneymoon~


>>>Fwd လုပ်ပြီးပေးပို့ရန်
















--
အလင်းစေတမန် မှ ဖြစ်ပါသည်။

သင်ယခု စာကိုသင်ရရှိနေခြင်းမှာ သင်သည် အလင်းစေတမန် ၏ အဖွဲ့ဝင် တစ်ယောက်ဖြစ်နေ၍ ဖြစ်သည်။ သို့မဟုတ်ပါက တဆင့်ပေးပို့သူထံမှ ရရှိခြင်းဖြစ်နိုင်ပါသည်။

အဖွဲ့ဝင် တစ်ယောက်အနေဖြင့် အလင်းစေတမန်သို့ စာများ ပို့လိုပါက a_lin_say_ta_mum@googlegroups.com သို့ ပေးပို့ နိုင်ပါသည်။ အဖွဲ့ ၀င် အားလုံးဆီသို့ ရောက်ရှိပါမည်။

ပေးပို့သော post များကို အလင်းစေတမန်မှ Admin များက ဖတ်ရှုပြီး သင့်တော်ပါက post ခွင့်ပြုပေးလျက်ရှိပါသည်။

သင် အလင်းစေတမန် အဖွဲ့ မှ စာများကို ရရှိရန် ဆန္ဒမရှိပါက a_lin_say_ta_mum+unsubscribe@googlegroups.com
သို့ mail ပို့နိုင်ပါသည်။ သင့်အား အဖွဲ့မှ စွန့်ခွာခွင့်ပေးပါမည်။

အခြား အကြောင်းအရာများကို သိချင်ပါက အဖွဲ့၏ Home Page မှကြိုဆိုပါတယ် ။
အောက်ပါ လိပ်စာသို့ ကလစ်နှိပ်၍ ၀င်ရောက်လေ့လာနိုင်ပါသည်။
http://groups.google.com/group/a_lin_say_ta_mum?hl=en?hl=en

ကျေးဇူးတင်ပါတယ်ဗျ။
Admin
အလင်းစေတမန်

Facebook Mail

Facebook ကနေ Facebook Mail ပေးမယ်လို့ သတင်းကြားတာနဲ့ Register လုပ်ထားခဲ့တာ အခုမှပဲ ရပါတော့မယ်။ အခုတော့ ရသွားပြီ။ အရမ်းအဆင်ပြေသွားပါတယ်။ အရင်တုန်းကလို Gmail နဲ့ Facebook နှစ်ခုကြီး ဖွင့်စရာ မလိုတော့ဘူးပေါ့။ Address Card မှာလည်း ပြောင်းလိုက်တော့မယ်။ ဒါပေမဲ့ ဒါကို Facebook က mail လို့ မသုံးဘဲ New Messaging လို့ပဲ သုံးစွဲပါတယ်။ ဘယ်လိုပဲ သူတို့ကခေါ်ခ်ါပါ။ Email လိုပဲ ကိုယ့်မှာ yourname@facebook.com ဆိုတဲ့ Account တစ်ခု ရတယ်။ ပြီးတော့ ကြိုက်တဲ့ Email လိပ်စာကို မေးလ်ပို့နိုင်၊ လက်ခံနိုင်ပါတယ်။

အောက်မှာပြထားတဲ့ ပုံကတော့ Facebook ကနေ Gmail ကို စမ်းပို့ကြည့်ထားတဲ့ ပုံပါ။

နောက် အောက်ကပုံကတော့ Gmail ကနေ Facebook ကို Email အစမ်းပို့ထားတဲ့ ပုံပါ။ Facebook က သူငယ်ချင်းတွေက ပို့တယ်ဆိုရင် အဲဒီ Email ကို Messages ထဲကို ထည့်လိုက်မှာဖြစ်ပြီး မသိတဲ့သူကတွေက ပို့တဲ့ Email တွေကိုတော့ Others ထဲမှာ ထည့်ပေးမယ်လို့ ပြောပါတယ်။ ပုံမှာဆိုရင် ကျွန်တော့်ရဲ့ Message ထဲမှာ မေးလ်နှစ်စောင် ရောက်နေပါတယ်။ Others ထဲမှာ မရှိပါဘူး။

ဒီ Facebook ရဲ့ New Messaging (သို့မဟုတ်) Facebook Mail ကို Facebook အနေနဲ့ Facebook သုံးစွဲတဲ့သူတိုင်းကို ပေးသွားမှာပါ။ စောင့်တော့ စောင့်ရပါလိမ့်မယ်။ ဘယ်လိုပုံစံနဲ့ ပေးနေတယ်တော့ မသိပါဘူး။ ဟိုတစ်လောက သူငယ်ချင်းက ရသွားတယ်။ သူ့နာမည်က A နဲ့ စပါတယ်။ A to Z များ ပေးသလားဆိုပြီး ထင်နေတုန်း အခု ကျွန်တော် Z က ရသွားပါတယ်။ ကျွန်တော့်အသိတစ်ယောက် M နဲ့ စတာက မရသေးပါဘူး။ စောစောစီးစီး လိုချင်တဲ့ စာဖတ်သူများ Invitation ရဖို့ Register လုပ်နိုင်ပါတယ်။

အသေးစိတ်သိလိုရင်တော့ http://www.facebook.com/about/messages/ မှာ သွားရောက် ကြည့်နိုင်ပါတယ်။

Repairing Memory Stick

Memory Stick တွေ လူသုံးများသလိုပဲ အပျက်လည်း များလှပါတယ်။ ကွန်ပျူတာက မသိတော့တာ၊ Format ချခိုင်းတာ၊ ဖိုင်တွေ ထပ်ထည့်လို့မရတော့တာ၊ Capacity အပြည့်မရတော့တာ စသည်ဖြင့် ပြဿနာတွေက စုံလှပါတယ်။ အခုတော့ Format ချခိုင်းတယ်၊ ဒါပေမဲ့ Format ချမရတဲ့ Memory Stick တစ်ချောင်းကို ပြုပြင်နည်းလေးကို ရေးသားပေးလိုက်ပါတယ်။

သဘောတရားကတော့ Format ချခိုင်းတယ်ဆိုတာက တနည်းအားဖြင့် File System မရှိလို့ပါပဲ။ Format ချလည်း မရတာကတော့ Partition Table က Corrupt ဖြစ်လို့ပါ။ အဲဒါကြောင့် Partition Table ဖျက်ပြီး အသစ်ပြန်ဆောက်၊ ပြီးတော့ File System ပြန်သတ်မှတ်လိုက်ရင် ပြန်ကောင်းသွားပါလိမ့်မယ်။ လိုအပ်တဲ့ Software ကတော့ နှစ်ခုတည်းပါ။Test Disk ရယ် Bootice ရယ်ပါ။
ပထမဆုံး Test Disk ကို Run ပါ။ အောက်မှာပြထားသလို ပေါ်လာပါလိမ့်မယ်။

No Log ကို Keyboard က Arrow Key နဲ့ ရွေးပြီး Enter ခေါက်ပါ။ အဲဒီအခါမှာ Hard Disk နဲ့ Memory Stick ရယ် ပေါ်လာပါလိမ့်မယ်။ Memory Stick ကို ရွေးပါ။ Enter ခေါက်ပါ။ နောက်ထပ် သူက Partition Table type ကို ရွေးခိုင်းပါလိမ့်မယ်။ Intel ကို ရွေးပြီး Enter ခေါက်ပါ။ အဲဒီအခါမှာ [Analyse] [Advanced] [Geometry] စသည်ဖြင့် ရွေးချယ်စရာတွေ ပေါ်လာပါလိမ့်မယ်။ အဲဒီထဲက [Delete] ကို ရွေးပြီး Enter ခေါက်ပါ။ Yes/No မေးရင် Y ကို နှိပ်ပြီး Enter ခေါက်ပါ။ ဒါဆိုရင် Memory Stick ရဲ့ Partition Table ကို ဖျက်ပြီး သွားပါပြီ။


ဒီထိဆိုရင် TestDisk ရဲ့အပိုင်း ပြီးသွားပါပြီ။ နောက်ထပ် Bootice ကို Run ပါ။ အောက်မှာ ပြထားသလို ပေါ်လာပါလိမ့်မယ်။

Perform Format ကို နှိပ်ပါ။ နောက်တစ်ဆင့် ပေါ်လာရင် USB-HDD mode (Single Partition) ကို ရွေးပါ။ Next ကို နှိပ်ပါ။ Dialog box ပေါ်လာရင် OK နှိပ်ပါ။ ဒါဆိုရင် Format စရိုက်ပါလိမ့်မယ်။
ရပါပြီ။ စာဖတ်သူရဲ့ Stick အပျက်ကလေး ပြန်ကောင်းသွားပါလိမ့်မယ်။


Download Bootice (100KB)
http://db.tt/5h9XrtN
Download TestDisk (1.44MB)
http://db.tt/Nwmbws6

Windows 7 မှာ Font

Windows 7 မှာ Font တွေနဲ့ပတ်သတ်ပြီး Management လုပ်ဖို့ အသစ်တွေ ပါလာပါတယ်။ Windows XP တုန်းက မပါဝင်ခဲ့တဲ့ Features တွေပေါ့။ ဘာတွေလဲဆိုတော့ Font တွေကို Install ပြုလုပ်ရတာ လွယ်ကူခြင်း၊ Shortcut Install လုပ်နိုင်ခြင်း၊ Hide လုပ်နိုင်ခြင်းနဲ့ Font Family အလိုက် စုစည်းထားနိုင်ခြင်းတွေပါ။

Font များကို Install လုပ်နည်း
အရမ်းလွယ်သွားပါပြီ။ Font ပေါ်မှာ Right Click နှိပ်ပြီး Install ကို ရွေးလိုက်ရုံပါပဲ။

Shortcut Install လုပ်ခြင်း
ဒီနည်းလမ်းလေးကလည်း အသုံးကျပါတယ်။ မဟုတ်ရင် ထည့်ထားသမျှ Font တွေ Windows ပြန်တင်တဲ့ အခါမှာ ပါသွားရော။ အဲဒီလို မဖြစ်အောင် ကိုယ်က Font တွေကို စိတ်ကြိုက်နေရာမှာ သိမ်းထားမယ်။ ပြီးမှ အဲဒီ Font ရဲ့ Shortcut ကိုပဲ Install လုပ်ပြီး သုံးလို့ရပါတယ်။
အဲဒီလိုရဖို့အတွက် Control Panel>Fonts>Font Setting ကို သွားပါ။ Allow fonts to be installed using a shortcut ကို အမှန်ခြစ်ပါ။ ဒါဆိုရင် Font တစ်ခုရဲ့ Shortcut ပေါ်မှာ Right Click>Install နဲ့ ထည့်လို့ ရသွားပါပြီ။

Font များကို Hide လုပ်ခြင်း
Font တွေကို ထည့်ထားပြီး မသုံးဖြစ်တဲ့အခါမှာ Application တွေ ဖွင့်ရင် မလိုအပ်ပဲနဲ့ အချိန်ကြာပါတယ်။ ဒါကြောင့်မို့ သိပ်မသုံးတဲ့ Font တွေကို Hide လုပ်ထားမယ်။ လိုအပ်တဲ့အခါမှ Show ပြန်လုပ်ရင် ပိုပြီး အဆင်ပြေပါလိမ့်မယ်။
Control Panel>Fonts ထဲက Hide လုပ်ချင်တဲ့ Font ကို ရွေးပါ။ Toolbar က Hide ကိုသာ နှိပ်လိုက်ပါ။

Font Family အလိုက် အုပ်စုဖွဲ့ခြင်း
ဒါကတော့ ကိုယ့်ဘာသာကို လုပ်လို့တော့ မရပါဘူး။ Windows 7 က သူ့ဘာသာသူ အုပ်စုဖွဲ့သွားတာပါ။ ပုံမှာဆိုရင် Cambria ဟာ Font Family ဖြစ်ပါတယ် (အထပ်ကလေးတွေဖြစ်နေပါတယ်)။ အဲဒီ Cambria ကို ဖွင့်လိုက်ရင်တော့ ပုံမှာပြထားသလို Cambria Bold, Cambria Italic စသည်ဖြင့် ထွက်ပေါ်လာပါလိမ့်မယ်။

Myanmar IT Men