merge ဆိုတာ ပေါင်းတာဖြစ်ပြီး split ကျတော့ ခွဲထုတ်တာဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ အင်တာနက်ထဲ ရှဲမယ့်ဖိုင်တွေကို အပိုင်းအပိုင်းလေးတွေ ခွဲထုတ်ဖို့လိုပါမယ်။
အင်တာနက်ထဲ ဖိုင်တွေ တင်မယ်ဆိုရင် အများအားဖြင့် ဖိုင်ဆိုဒ် 100mb အောက်သာ တင်ခွင့်ရှိပါတယ်။ ဆိုတော့ကာ ၀င်းဒိုးစ်စီဒီတချပ်၊ သီချင်း ရုပ်ရှင် ခွေတခွေ စသဖြင့် တင်ဖို့လိုလာရင် ဖိုင်တွေကို ခွဲပစ်ရမှာ ဖြစ်ပါတယ်။
အဲသလို လုပ်ခြင်းအားဖြင့် upload တင်တဲ့အခါ download ချတဲ့အခါတွေမှာ ပိုပြီး မြန်သွားပါမယ်။ ပြဿနာကတော့ ဖိုင်တွေကို ဘယ်လိုခွဲပြီး ဘယ်လိုပေါင်းရသလဲဆိုတာပါ။ တကယ်တော့ ဒါက လွယ်လွယ်လေးပါ။
ဖိုင်တွေ ခွဲဖို့ ပေါင်းဖို့ နည်းပေါင်းများစွာထဲက ကျနော်သုံးဖြစ်တာက RAR ဆော့ဝဲကို သုံးတာပါဘဲ။
RAR ဆော့ဝဲကို ဒီမှာ ဒေါင်းလုတ် ရယူပါ။ mediafire link (download 1mb)
ပြီးရင် အင်စတော လုပ်ပါ။ အင်စတောတာက လွယ်ပါတယ်။ ဒေါင်းလုတ်ရလာတဲ့ဖိုင်ကို double click လုပ်ပြီး next တွေ လုပ်သွားလိုက်ရင် ပြီးတာပါဘဲ။ အင်စတော ပြီးသွားပြီဆိုရင် ဖိုင် ခွဲတာ ပေါင်းတာကို ကြည့်ရအောင်။
ဖိုင်ဆိုဒ် 107mb ရှိတဲ့ macromedia flash installer ဖိုင်ကို ဖိုင် ၂ ဖိုင် ဖြစ်သွားအောင် ထက်ဝက်စီလောက် ခွဲကြည့်ပါမယ်။
- ခွဲချင်တဲ့ဖိုင်ကို Right Click > Add to Archive လုပ်ပါ။
- ပေါ်လာတဲ့ box မှာ Browse ကို ကလစ်ပြီး ဖိုင်သိမ်းမယ့်နေရာ ရွေးပါ။ ဖိုင်အမည် ပေးပါ။
- Split to volumes နေရာမှာ ကိုယ်ဖြစ်စေချင်တဲ့ mb ကို ထည့်ပေးပါ။ ကျနော်ကတော့ 55mb လို့ ထည့်ထားပါတယ်။ ဖိုင် ခွဲနေတာကို ခဏစောင့်ပြီးရင် part 1, part 2 ဆိုပြီး 55mb, 52mb ဖိုင် ၂ခု ရလာမှာ ဖြစ်ပါတယ်။

ဖိုင်ပြန်ပေါင်းဖို့ကျတော့ ပိုလွယ်သေး။ part 1 ဖိုင်ကို Right Click > Extract Here လုပ်လိုက်ရုံပါဘဲ။ ဖိုင်တွေအားလုံး ပြန်ပေါင်းသွားပါလိမ့်မယ်။
လွယ်ပါတယ်နော်။
No comments:
Post a Comment