Thursday, July 29, 2010

Merge / Split Files

merge ဆိုတာ ပေါင်းတာဖြစ်ပြီး split ကျတော့ ခွဲထုတ်တာဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ အင်တာနက်ထဲ ရှဲမယ့်ဖိုင်တွေကို အပိုင်းအပိုင်းလေးတွေ ခွဲထုတ်ဖို့လိုပါမယ်။

အင်တာနက်ထဲ ဖိုင်တွေ တင်မယ်ဆိုရင် အများအားဖြင့် ဖိုင်ဆိုဒ် 100mb အောက်သာ တင်ခွင့်ရှိပါတယ်။ ဆိုတော့ကာ ၀င်းဒိုးစ်စီဒီတချပ်၊ သီချင်း ရုပ်ရှင် ခွေတခွေ စသဖြင့် တင်ဖို့လိုလာရင် ဖိုင်တွေကို ခွဲပစ်ရမှာ ဖြစ်ပါတယ်။

အဲသလို လုပ်ခြင်းအားဖြင့် upload တင်တဲ့အခါ download ချတဲ့အခါတွေမှာ ပိုပြီး မြန်သွားပါမယ်။ ပြဿနာကတော့ ဖိုင်တွေကို ဘယ်လိုခွဲပြီး ဘယ်လိုပေါင်းရသလဲဆိုတာပါ။ တကယ်တော့ ဒါက လွယ်လွယ်လေးပါ။

ဖိုင်တွေ ခွဲဖို့ ပေါင်းဖို့ နည်းပေါင်းများစွာထဲက ကျနော်သုံးဖြစ်တာက RAR ဆော့ဝဲကို သုံးတာပါဘဲ။

RAR ဆော့ဝဲကို ဒီမှာ ဒေါင်းလုတ် ရယူပါ။ mediafire link (download 1mb)

ပြီးရင် အင်စတော လုပ်ပါ။ အင်စတောတာက လွယ်ပါတယ်။ ဒေါင်းလုတ်ရလာတဲ့ဖိုင်ကို double click လုပ်ပြီး next တွေ လုပ်သွားလိုက်ရင် ပြီးတာပါဘဲ။ အင်စတော ပြီးသွားပြီဆိုရင် ဖိုင် ခွဲတာ ပေါင်းတာကို ကြည့်ရအောင်။

ဖိုင်ဆိုဒ် 107mb ရှိတဲ့ macromedia flash installer ဖိုင်ကို ဖိုင် ၂ ဖိုင် ဖြစ်သွားအောင် ထက်ဝက်စီလောက် ခွဲကြည့်ပါမယ်။

  1. ခွဲချင်တဲ့ဖိုင်ကို Right Click > Add to Archive လုပ်ပါ။
  2. ပေါ်လာတဲ့ box မှာ Browse ကို ကလစ်ပြီး ဖိုင်သိမ်းမယ့်နေရာ ရွေးပါ။ ဖိုင်အမည် ပေးပါ။
  3. Split to volumes နေရာမှာ ကိုယ်ဖြစ်စေချင်တဲ့ mb ကို ထည့်ပေးပါ။ ကျနော်ကတော့ 55mb လို့ ထည့်ထားပါတယ်။ ဖိုင် ခွဲနေတာကို ခဏစောင့်ပြီးရင် part 1, part 2 ဆိုပြီး 55mb, 52mb ဖိုင် ၂ခု ရလာမှာ ဖြစ်ပါတယ်။

rar

ဖိုင်ပြန်ပေါင်းဖို့ကျတော့ ပိုလွယ်သေး။ part 1 ဖိုင်ကို Right Click > Extract Here လုပ်လိုက်ရုံပါဘဲ။ ဖိုင်တွေအားလုံး ပြန်ပေါင်းသွားပါလိမ့်မယ်။

လွယ်ပါတယ်နော်။

Internet Download Mananger

အင်တာနက်ထဲက ဖိုင်တွေကို ဒေါင်းလုတ် ရယူဖို့ အတွက် IDM ကို သုံးရင် ပိုမြန်ပါတယ်။ အဲဒီအပြင် ဒေါင်းနေရင်းကနေ အင်တာနက် ပျက်သွားလို့ တ၀က်တပျက် ကျန်ခဲ့ရင်လည်း နောက်နေ့မှဖြစ်စေ ပြန်ဆက်ကူး နိုင်ပါတယ်။ အစကနေ ပြန်စရတဲ့ ဒုက္ခကနေ ကင်းလွတ်ခွင့် ရပါမယ်။ ဆိုတော့ကာ IDM သုံးလိုသူများ အတွက် ဒီပို့စ်ကို တင်ပေးလိုက်ပါတယ်။

Download IDM 5.16

mediafire link 2.7mb

Installation

အင်စတော လုပ်တာက လွယ်ပါတယ်။ idman516 ကို open လုပ်ပြီး next တွေကို ကလစ်လုပ်သွားရုံပါဘဲ။

အင်စတော ပြီးသွားရင် desktop ညာဘက်အောက်ဒေါင့် system tray ထဲက IDM ကို Right Click > Exit လုပ်ပါ။

Path file ကို C > Program Files > Internet Download Manager ဖိုလ်ဒါထဲ ထည့်ပြီး ဖွင့်ပါ။ Path ကို ကလစ်ပါ။ ဒါဆို IDM ကို စသုံးနိုင်ပါပြီ။

Note

IDM ကို သုံးနေရင်းနဲ့ နောက်ပိုင်းကျရင် update လုပ်ခိုင်းပါလိမ့်မယ်။ ဘယ်တော့မှ update မလုပ်ပါနဲ့။ လုပ်မိသွားရင် IDM ကို သုံးလို့ရတော့မှာ မဟုတ်ပါဘူး။

ပျောက်သွားသော ဖိုင်တွေပြန်ရဘို့

ပို့စ်အဟောင်းက လင့် ပျက်သွားလို့ အသစ်ပြန်တင်ပေးလိုက်တာပါ။ အဆင်ပြေကြပါစေဗျား …
နောက်ကိုလည်း လင့်တွေပျက်သွားရင် အကြောင်းကြားပေးပါ။ ကျေးဇူးတွေ စုထားပါမယ်။

data-doctorယူအက်စ်ဘီ ဒရိုက်ကလေး ဗိုင်းရပ်စ်ကိုက်သွားလို့ ဖိုင်တွေ အားလုံး ပျောက်သွားသလား။ မှားပြီး ဖော်မတ်လုပ်မိလို့ ဖိုင်တွေပျောက်သွားသလား။ စိတ်မပူပါနဲ့။ ဒီဆော့ဝဲနဲ့ ပြန်ရှာရင် အားလုံးပြန်ရပါလိမ့်မယ်။

Data Doctor Recovery Pen Drive လို့ အမည်ရတဲ့ ဒီဆော့ဝဲက PenDrive အပြင် Memory Card တို့လို Storage မျိုးစုံအတွက်လည်း အလုပ်လုပ်ပေးပါမယ်။

Download

mediafire link(download 1.08mb)

Install
အင်စတောတာကတော့ ထုံးစံအတိုင်းပါဘဲ။ open လုပ်ပြီး next တွေကို ကလစ်လုပ်သွားပါ။ အင်စတော ပြီးသွားရင် Serial box ပေါ်လာပါမယ်။ အဲဒီမှာ ပေးထားတဲ့ Name, Key တွေကို မှန်အောင်ဖြည့်ပါ။ အခြား email တို့လိုကိုတော့ ကြိုက်တာဖြည့်နိုင်ပါတယ်။ အိုကေလုပ်ပြီးရင် စသုံးလို့ ရပါပြီ။
data-doctor-recovery1

Usage

၁။ ဖိုင်တွေပျောက်သွားတဲ့ PenDrive ကို ကွန်ပြူတာမှာ တပ်ပါ။
၂။ Data Recovery Pen Drive ကို ဖွင့်ပါ။
၃။ ဘယ်ဘက်ခြမ်းမှာ ကိုယ့်ဒရိုက်အမည် ပေါ်လာပါမယ်။ အဲဒါကို ရွေးပြီး Advance Search ကို ကလစ်ပါ။ ညာဘက် အောက်ဒေါင့်က next ကို ကလစ်ပါ။

data-recovery

၎။ နောက်တဆင့်မှာPartition Type ရွေးခိုင်းရင် FAT16, FAT32 တခုခု ရွေးပေးပါ။ (တခုမရရင် နောက်တခု ရွေးပါ။ PenDrive အများစုက FAT32 ဖြစ်တာ များပါတယ်။) ရွေးပြီးရင် next ကို ကလစ်ပါ။ ဖိုင်တွေကို scan လုပ်တာကို စောင့်ပါ။ ပြီးသွားရင် next ကို ထပ်ကလစ်လုပ်ပါ။

data-recovery2

၅။ ဘယ်ဘက်ခြမ်းမှာ DIR တွေ ပေါ်လာပါမယ်။ ကိုယ်ပြန်ရယူလိုတဲ့ ဖိုင်တွေပါတဲ့ DIR ရှေ့က check box တွေကို check လုပ်ပေးပါ။ အားလုံးကို လိုချင်ရင်တော့ အပေါ်ဆုံးက Root ကို Check လုပ်ပါ။

ပြီးရင် Save ကို ကလစ်ပါ။ နောက်ထပ်ပေါ်လာတဲ့ box မှာ သိမ်းမယ့်နေရာရွေးပြီး OK ကို ကလစ်လိုက်ရင် ပျောက်သွားတဲ့ ဖိုင်တွေ ပြန်ရလာပါလိမ့်မယ်။

data-recovery3

ဝင်းဒိုး အိပ်ပီထည့်သွင်းခြင်း

ဝင်းဒိုးစ် ထည့်သွင်းခြင်း (Windows OS installation)

ကဲ … အခု ကွန်ပြူတာ တလုံးကို ၀င်းဒိုးစ်အသစ် ပြန်တင်ပေးဖို့ လိုအပ်လာပြီ ဆိုပါစို့။ Windows installor CD တချပ်တော့ ရှိထားရပါမယ်။ အခု ဒီမှာတော့ Windows XP 2 ထည့်သွင်းပုံကို တဆင့်ချင်း ဖော်ပြပေးပါမယ်။

1. စီဒီကို စီဒီရွမ်ထဲ ထည့်ထားပါ။
2. ကွန်ပြူတာကို ရီစတတ် (Restart) လုပ်လိုက်ပါ။

3. POST (power on self test) ပေါ်လာချိန်မှာ ကီးဘုတ်ပေါ်က Delete ကီးကို ခေါက်ပေးပါ။ BIOS setup (basic input / output system ပေါ်လာစေဖို့ ဖြစ်ပါတယ်။ (BIOS အမျိုးအစားအလိုက် ပုံစံတွေကွဲပြားပါလိမ့်မယ်။ အလုပ်လုပ်ပုံကတော့ အတူတူပါဘဲ။)

4. First Boot ကို စီဒီရွမ်ပြောင်းပြီး Exit လုပ်ပါ။ (Boot ကို ဖွင့်ပြီး First နေရာမှာ CD-Rom ပြောင်းပေးပါ။)
5. Press any key to boot from CD စာတန်း ပေါ်လာရင် Enter ခေါက်လိုက်ပါ။
7. Windows Setup ဆိုတာပေါ်လာပါမယ်။ ဘာမှလုပ်စရာမလိုပါဘူး။ စောင့်နေပါ။ (နောက်အဆင့်ကနေပြီးတော့ ပုံတွေနဲ့ ပြသွားပါမယ်။)

8. Windows License Agreement ဖြစ်ပါတယ်။ “F8” ကိုခေါက်ပေးပါ။

9. လက်ရှိ ရှိနှင့်ပြီးသား ၀င်းဒိုးစ်ကို ပြင်မှာလား၊ မပြင်ဘူးလား မေးတာပါ။ Don’t Repair ပြင်ဖို့မလိုတဲ့အတွက် “ESC” ကိုခေါက်ပေးပါ။

10. အခုရှိနေတဲ့ ပါတေးရှင်းကို ဖျက်ပစ်ဖို့ မေးတာပါ။ “D” ကိုခေါက်ပေးပါ။

11. ပါတေးရှင်းဖျက်တာကို သေချာအောင်ထပ်မေးတာပါ။ “Enter” ခေါက်ပေးပါ။

12. ဖျက်ဖို့ ထပ်မေးတာပါဘဲ။ “L” ကိုခေါက်ပေးပါ။ ပါတေးရှင်း ၂ခု/၃ခု ရှိခဲ့ရင် ဒီအဆင့်ကို ၂ခါ/၃ခါ ထပ်လုပ်ပေးရပါမယ်။

13. ပါတေးရှင်း အသစ်လုပ်ယူဖို့ဖြစ်ပါတယ်။ “C” ကိုခေါက်ပေးပါ။

14. ပါတေးရှင်း အရွယ်သတ်မှတ်ဖို့ပါ။ (အောက်မှာရှင်းပြထားတာကို သေချာဖတ်ပါ။)

option A >>> Drive-C တခုထဲ ထားချင်ရင် “Enter” ခေါက်လိုက်ပါ။

option B >>> ဟာ့ဒစ်က 80 GB ရှိပြီး Drive-C 30 GB, Drive-D 50 GB စသဖြင့် ခွဲထားချင်ရင်တော့
Partition C အရွယ်ကို အရင်သတ်မှတ်ပေးပါ။

Drive C ကို 30 GB ထားချင်ရင် 30720 လို့ ထည့်ပေးပြီးမှ “Enter” ခေါက်ပါ။ (1GB=1024MB)
ဒါဆိုရင် C: Partition … 30720 MB စာတန်း ပေါ်လာပါမယ်။

သူ့အောက်မှာ Free space နေရာလွတ်ကျန်တာကို Drive D အတွက်သတ်မှတ်ရပါမယ်။ ကီးဘုတ်ပေါ်က arrow key ကိုသုံးပြီး အောက်က ဖရီးစပေ့ကို Select လုပ်ပါ။ Create Partition လုပ်ဖို့ “C” ကိုခေါက်ပါ။ “Enter” ခေါက်ပါ။

ဒါဆို ပါတေးရှင်း ၂ခုခွဲပြီး ဖြစ်သွားပါမယ်။

15. Select လုပ်ထားတဲ့ ပါတေးရှင်းမှာ ၀င်းဒိုးစ် ထည့်သွင်းဖို့ဖြစ်ပါတယ်။
C: Partitions ကို ရွေးထားပြီးဖြစ်တယ်ဆိုရင် “Enter” ခေါက်လိုက်ပါ။

16. ဖိုင် စစ်စတမ် ရွေးဖို့ပါ။
NTFS ကိုရွေးထားပြီးဖြစ်တယ်ဆိုရင် “Enter” ခေါက်လိုက်ပါ။

17. ၀င်းဒိုးစ် စပြီး အင်စတော လုပ်နေတာပါ။
ထိုင်ကြည့်ရုံပါဘဲ။
စောင့်ကြည့်ရင်းနဲ့ နောက်ထပ်ပုံစံပြောင်းသွားတာရှိလာပါမယ်။ ဘာမှလုပ်စရာမလိုပါ။

18. ကွန်ပြူတာအသုံးပြုတဲ့ဒေသ (Regional)၊ ကွန်ပြူတာမှာသုံးမယ့် ဘာသာစကား (Language) သတ်မှတ်ဖို့ပါ။
“Customize” ကိုကလစ်ပြီး English (United State) ကိုရွေးပေးပါ။ ပြီးရင် “Next” ကို ကလစ်ပါ။

19. ကွန်ပြူတာသုံးသူ နာမည်နဲ့ အဖွဲ့အစည်း နာမည် ထည့်ဖို့ပါ။
တခုခုထည့်ပေးလိုက်ပါ။

20. ကွန်ပြူတာ အမည်သတ်မှတ်ဖို့ပါ။
တခုခုထည့်ပေးပါ။ သူ့အတိုင်းထားလည်း ရပါတယ်။
ပတ်စ၀ါဒ်လည်း ထည့်ပေးနိုင်ပါတယ်။
မထည့်ဘဲ ထားလည်း ဘာမှမဖြစ်ပါဘူး။

21. နေ့စွဲ၊ အချိန်နဲ့ ဒေသစံတော်ချိန်တွေ သတ်မှတ်ဖို့ပါ။
ဒီနေ့ နေ့စွဲ၊ အချိန်တွေ သတ်မှတ်ပေးပါ။
Time Zone မှာတော့ မြန်မာပြည်ဆို ရန်ကုန်၊ ထိုင်းဆို ဘန်ကောက် စသဖြင့် ကိုယ့်ကွန်ပြူတာမှာ အသုံးပြုမယ့် ဒေသစံတော်ချိန် ရွေးပေးလိုက်ပါ။

22. “Next” ကိုဘဲ ကလစ်လုပ်ပါ။

23. ဒီမှာလည်း “Next” ကိုဘဲ ကလစ်ပါ။

24. ထိုင်ကြည့်ရုံပါဘဲ။

25. ဆက်ကြည့်နေလိုက်ပါဦး။

26. အိုကေကိုဘဲ ကလစ်လိုက်ပါ။

27. ဒီမှာလည်း အိုကေပါဘဲ။

28. “Next” ကိုကလစ်ပါ။

29. “Skip” ကိုကလစ်ပါ။

30. “No” ကို check လုပ်ပြီး “Next” ကိုကလစ်ပါ။

31. ဒီမှာလည်း “No” ကို check လုပ်ပြီး “Next” ကိုကလစ်ပါ။

32. ကွန်ပြူတာအသုံးပြုသူအမည်ထည့်ပေးဖို့ပါ။
တခုခုထည့်ပေးပါ။ ဘာနာမည်ဖြစ်ဖြစ်ပေါ့။ အပေါ်ဆုံးက တခုထည့်ရင် လုံလောက်ပါပြီ။

33. ကျေးဇူးတင်ပါတယ်တဲ့။ မိုက်ခရိုဆော့က ပြောတယ်။
“Finish” ကိုကလစ်ပါ။

34. ခဏစောင့်ပါ။

35. အိုကေ။ ဒီမှာ ၀င်းဒိုးစ် ပွင့်လာပါပြီ။

ဝင်းဒိုးစ် စီရီယယ်နံပါတ် (Windows Serial Number or Product Key)

ကျနော်တို့ သုံးနေတဲ့ ၀င်းဒိုးစ် အင်စတော်လာ စီဒီတွေက အမျိုးမျိုးဆိုတော့ နံပါတ်တွေလည်း အမျိုးမျိုး ဖြစ်နေပါလိမ့်မယ်။ ကိုယ့်စီဒီမှာ ရေးထားပေးတဲ့ နံပါတ်ကို ထည့်ရမှာပါ။ ၀င်းဒိုးစ်ထည့်သွင်းစဉ် တနေရာရာမှာများ အောက်ကပုံမှာပြထားတဲ့ အတိုင်း Serial no. မေးလာခဲ့ရင် ကျနော်လက်ရှိသုံးနေ တဲ့ နံပါတ်က wgp2m-g8m6t-bt7d4-p7ry7-27k76 ဖြစ်ပါတယ်။ ပြီးတော့ Next ကိုနှိပ်ပေါ့လေ။ (တကယ်လို့များ နံပါတ် မှားနေတယ် ပြောရင် www.serials.ws ကနေတဆင့် ၀င်းဒိုးစ် စီရီရယ် နံပါတ်တွေ လိုက်ရှာနိုင်ပါတယ်။)

37. နံပါတ်ထည့်ပေးပြီး Next ကိုကလစ်ပါ။