Monday, June 28, 2010

ကွန်ပြူတာ အမြန်နှုန်းမြှင့်မလား

ရေးသားပေးပို့သူ=ကိုဝင်းနိုင်ဦး

ကျနော်တို့ရဲ့ ကွန်ပြူတာတွေဟာ သုံးတာ ကြာလာရင် လုပ်ဆောင်မှုတွေ နှေးလာတတ်ပါတယ် ၊ ဟိုးအရင် ကွန်ပြူတာတွေရဲ့ သဘောသဘာဝ ကို မလေ့လာခင်တုန်းကတော့ ဒီလို နှေးလာတဲ့အခါ မော်ဒယ်မြင့်တဲ့ ကွန်ပြူတာ အသစ်တစ်လုံး ၀ယ်ရတော့မယ်လို့ ထင်ခဲ့ပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာရှိတဲ့ ကွန်ပြူတာကိုပဲ မူလ အသစ်ကလေးတုန်းကနီးပါး အလုပ်လုပ်တာမြန်လာအောင် လုပ်လို့ရတယ်ဆိုတာကို သိလာရပါတယ် ၊ နောက်ထပ်အသစ်တစ်လုံး မ၀ယ်ခင်မှာ ရှိတာလေးကို စွမ်းအားပြည့် သုံးလို့ရနိုင်ပါတယ် ၊ ကျနော့်အနီးအနားက သူငယ်ချင်း တချို့ကတော့ ကွန်ပြူတာကို သုံးချင်တဲ့ အချိန်မှာ ဖွင့်သုံးပြီး ပြုပြင်ထိမ်းသိမ်းဖို့ကိုတော့ သတိမရတတ်ကြပါဘူး ၊ တကယ်တော့ ကွန်ပြူတာဆိုတာ ခင်ဗျားတို့ရဲ့ ချစ်သူရည်းစားလေးလိုပဲ ဂရုစိုက်ပြီး ယုယနေဖို့လိုပါတယ် ၊ ဒါမှ ကိုယ်သုံးချင်တဲ့အခါ စိတ်တိုင်းကျ ဖြစ်မှာပါ ။

Basic computer user များ အတွက် ကျနော်ရှာဖွေပြီး ၊ ကိုယ်တိုယ်လည်း သုံးနေတဲ့ လုပ်ဆောင်နည်း လေးတွေကို မျှဝေလိုက်ပါတယ်-

၁. Anti-virus program ကို တစ်ပတ် တစ်ကြိမ်ခန့် run ပါ ( ဗိုင်းရပ်သတ်ပါ ) ။

ဗိုင်းရပ်တွေ ရှိနေရင် သင့်ကွန်ပြူတာ လုပ်ဆေင်မှုတွေ နှေးနေမှာပါ ၊ ဒါကြောင့် ဗိုင်းရပ် ကို ပုံမှန်သတ်ပေးပါ ။

၂. Spyware နဲ့ Adware တွေကို တစ်ပတ် တစ်ကြိမ်ခန့် Remove လုပ်ပါ ။

ဒါတွေရှိနေရင်လဲ နှေးနေမှာပါ ၊ spyware နဲ့ adware တွေဟာ virus နဲ့ သဘောသဘာဝချင်း မတူပါဘူး ၊ ဒါကြောင့် သူတို့ကို remove လုပ်ပေးတဲ့ သီးခြား program တစ်ခုရှိရင်ပိုကောင်းပါတယ် ၊ တစ်ချို့ Anti-virus program တွေကတော့ အားလုံးတွဲလျက်ပါတာတွေလဲ ရှိပါတယ် ။

၃. Internet browser မှာ pop up တွေကို block လုပ်ထားပါ ။

ဥပမာ အားဖြင့် adult website တွေလိုမျိုးကို မျက်စေ့လည်လမ်းမှားပြီး ရောက်သွားခဲ့ရင် ( တမင်တကာသွား တယ်လို့ မပြောဘူးနော် ) အဲဒီက pop up တွေ ကိုယ့်ရဲ့ ကွန်ပြူတာထဲကို ၀င်လာပြီး မကြာမကြာ ပေါ်လာ တတ်ပါတယ် ၊ အမျိုးမျိုးဒုက္ခပေးတတ်ပါတယ် ၊ ကွန်ပြူတာရဲ့ လုပ်ဆောင်မှုတွေ နှေးတာ ကြောင်တာတွေ ဖြစ်တတ်ပါတယ် ၊ ဒါကြောင့် pop up တွေကို ပိတ်ထားသင့်ပါတယ် ၊ အများအားဖြင့်တော့ tools tab ရဲ့ အောက်မှာရှိပါတယ်

Internet Explorer မှာ tools > pop-up blockers > turn on pop-up blocker

Firefox မှာတော့ tools > options > contents > block pop-up windows ဆိုပြီးရှိပါတယ်။

Windows ရဲ့ system ထဲကနေပြီးတော့လဲ block လုပ်လို့ရပါတယ် ၊ Windows ကနေလုပ်ချင်ရင်တော့ Start menu > control panel > Internet options > Privacy > Pop-up blocker > turn on pop-up blocker ဖြစ်ပါတယ် ။

အဲဒီလို block လုပ်ထားရင် Java script နဲ့ ရေးထားတဲ့ ၀က်ဆိုဒ်တွေကို ဖွင့်မရတာမျိုးဖြစ်တတ်ပါတယ် ၊ စိတ်ချရတဲ့ ၀က်ဆိုဒ်ဆိုရင် pop-up allow လုပ်လို့ရပါတယ် ။

IE မှာ tools > pop up blocker > pop up blocker setting > exceptions ဆိုပြီးရောက်သွားရင် Address of website to allow ဆိုပြီး box လေးတစ်ခုရှိပါမယ် ၊အဲဒီ အထဲမှာ ကိုယ်ခွင့်ပြုချင်တဲ့ ၀က်ဆိုဒ်ရဲ့ လိပ်စာကို ရိုက်ထည့်ပြီး add လုပ်လိုက်ရုံပါပဲ။

Firefox မှာတော့ tools > options > contents ဆိုပြီးရောက်သွားရင် block pop up windows ဆိုတဲ့ စာတန်းဘေးမှာ exceptions ဆိုတာ ရှိပါတယ် ၊ click လုပ်လိုက်ရင် address of website ဆိုတဲ့ box လေး ပေါ်လာပါတယ် ၊ ၀က်ဆိုဒ်လိပ်စာကို ရိုက်ပြီး add လုပ်လိုက်ရမှာပါ ။

Windows မှာ ဆိုရင် Start > control panel > Internet option > privacy > pop up blocker > settings > exception ဆိုပြီး သွားပါ address of website to allow ဆိုတဲ့ box လေးထဲမှာ ၀က်ဆိုဒ်လိပ်စာ ရိုက်ပြီး add လုပ်ရပါမယ် ။

ဒါဆိုရင် pop up ပိတ်ဖို့နဲ့ ဖွင့်ချင်တဲ့ ဆိုဒ်တွေကို ဖွင့်ပေးလို့ ရပြီပေါ့ ။

၎. မလိုအပ်တော့တဲ့ document file တွေ ၊ Audio , video file တွေ ၊ Picture တွေကို ဖျက်ပစ်ပါ ၊ မဖျက်ချင်ဘူးဆိုရင်လဲ Extra hard disk လိုမျိုး အခြားတနေရာရာကို ရွှေ့ပစ်ပါ ။

၅. မလိုတော့တဲ့ program တွေကို ဖျက်ပစ်ပါ ၊ add or remove program ကနေ ဖျက်လို့ရပါတယ် ၊ တချို့ ပရိုဂရမ်တွေက ဖျက်မရပဲ ပေကပ်ကပ် လုပ်နေတာမျိုးတွေလဲ ရှိတတ်ပါတယ် ၊ program တွေကို ဖျက်ပေးတဲ့ Uninstaller software လေးတွေသုံးပါ ။

၆. မသုံးတဲ့ tool bar တွေကို ဖျက်ပစ်ပါ ၊ program တော်တော်များများက သူတို့ရဲ့ tool bar တွေကိုလဲ install လုပ်တတ်ပါတယ် ၊ ဥပမာ Google, Yahoo, Norton, Winamp, Ask စသည်ဖြင့်ပေါ့ ၊ program ကို install လုပ်စဉ်ကတည်းက tool bar မလိုအပ်ရင် uncheck လုပ်ခဲ့လို့ရပါတယ် ၊ အမှတ်တမဲ့နဲ့ ကျော်သွားခဲ့ရင်လည်း browser မှာ ပြန် ဖျောက်လို့ရပါတယ်။

Internet Explorer မှာရော Firefox မှာပါ views အောက်က toolbar ကို သွားပြီး မလိုတဲ့ toolbar တွေကို uncheck လုပ်ပါ ( အမှန်ခြစ်တွေကို ဖယ်လိုက်ပါ )

၇. မသုံးသေးတဲ့ program တွေကို ပိတ်ပစ်ပါ ၊ task bar မှာ ပေါ်နေတဲ့ icon တွေကို စစ်ပါ ၊ အဲဒါတွေက run နေတဲ့ program တွေပါပဲ ၊ disable (သို့) exit လုပ်ပစ်ပါ ၊ Window စတက်တဲ့ အချိန်ကတည်းက မ run နိုင်အောင် ပိတ်ထားရင် ပို ကောင်းပါတယ် ။

Control panel > administrative tools > system configuration > start up ကို သွားရင် program တွေကို တွေ့ရမှာပါ disable all လုပ်ပါ ၊ all မလုပ်ချင်ရင် မလိုတဲ့ program ရှေ့က အမှန်ခြစ်တွေကို ဖယ်ပစ်ပါ ။

နောက်တစ်နည်းကတော့ search bar ကနေ ဒါမှ မဟုတ် Accessories အောက်က run box ထဲမှာ msconfig ဆိုပြီးရိုက်လိုက်ရင် system configuration ကို တန်းရောက်သွားပါလိမ့်မယ် ၊ အထက်က အတိုင်းပဲ ဆက်လုပ်လို့ရပါပြီ ။ Vista နဲ့ Windows 7 မှာ Start ( Win key ) ရဲ့ အထက် ကပ်လျက် ကလေးမှာပဲ start search bar လေး ရှိပါတယ် ၊ အဲဒီမှာ စာရိုက်ပြီးရှာရမှာပါ ။

၈. နောက်တစ်ခုကတော့ Boot timeout မှာ မူလရှိနေတဲ့ timeout အချိန်စက္ကန့်ကို လျှော့ပေးပါ ၊ System configuration > boot ရဲ့အောက်မှာ timeout 30 second ဆိုပြီး default အနေနဲ့ ရှိနေပါတယ် ၊ အဲဒါကို 3 second အထိ လျှော့လိုက်ပါ ၊ အဲဒါက boot လုပ်တာ မြန်စေပါတယ် ။

( ဒီအမှတ်စဉ် ၇ နဲ့ ၈ ကို သတိထားပြီး ဖြည်းဖြည်း သေချာလုပ်ပါ )

၉. Disk clean up လုပ်ပါ ၊ Temporary file တွေ ၊ Internet temporary file တွေ ၊ cookies တွေများလာခြင်းဟာ ကွန်ပြူတာကို သိသိသာသာ နှေးလာစေပါတယ် ၊ Internet သုံးတယ်ဆိုရင် အဲဒါတွေ စုပုံလာမှာ အသေ အချာပါပဲ ၊ ဖျက်ပေးတဲ့ software သေးသေးလေးတွေ ရှိပါတယ် Internet ကနေ free download ရပါတယ် သုံးရင် ပိုထိရောက်ပါတယ်။

IE browser မှာ tools ရဲ့အောက်က Internet option ထဲကနေ browsing history ကို သွားပြီး ဖျက်ရင်လဲရပါတယ် ၊

Firefox မှာတော့ tools ရဲ့ အောက်က clear private data ကို သွားပြီး browsing history မှာ ဖျက်လို့ရပါတယ် ၊

Windows system ထဲက နေ clean လုပ်မယ်ဆိုရင်.....

Start>all programs>accessories>system tools> disk cleanup ရောက်အောင်သွားပါ my file နဲ့ all file ရွေးပါ ၊ windows က ဘယ်လောက် space ကို free လုပ်လို့ရမလဲ ဆိုတာ စစ်ပါလိမ့်မယ် ၊ ပြီးရင် clean up လုပ်လို့ရပါပြီ ။

နောက်တစ်နည်းကတော့ search မှာ ဒါမှမဟုတ် run မှာ cleanmgr.exe ကို ရိုက်ပြီး enter ခေါက်လိုက်ပါ ၊ my files or all files ရွေးဖို့ပေါ်လာမယ် ၊ ရွေးပြီး click လုပ်လိုက်တာနဲ့ windows က free space ကိုတွက်ပြီး ဖျက်လို့ရတဲ့ ဖိုင်တွေပေါ်လာပြီဆိုရင် clean လုပ်လိုက်ရုံပါပဲ ။

၁၀. System drive ကို တစ်လ တစ်ကြိမ်လောက် disk defragment လုပ်ပါ ။ လုပ်ဖို့က My computer ကို double click လုပ် ၊ Local disk C ပေါ်မှာ right click ထောက်ပြီး Properties ကို click လုပ်ပါ ၊ tools ဆိုတဲ့ tab အောက်ကို သွားရင် defragment now ဆိုပြီးတွေ့မယ် ၊ click လုပ်လိုက်ရင် ရပါပြီ ၊ defragment လုပ်တာ တစ်နာရီ နှစ်နာရီလောက်ကြာနိုင်ပါတယ် ။

၁၁. Disk error တွေကို ရှာပြီး fix လုပ်ပါ ၊ Registry တွေကို clean လုပ်ပါ ၊ old file တွေ corrupted file တွေ ၊ missing shortcut တွေကို ဖျက်ပစ်ပါ ၊ ကွန်ပျူတာကို နှေးစေပါတယ် ၊ ဒါတွေကတော့ windows ရဲ့ system ထဲကနေ လုပ်နေရင် ရှုပ်ပြီး ကြာနေမှာမို့ system optimize လုပ်ပေးတဲ့ program တစ်ခုခုကို download လုပ်ပြီး ရှင်းခိုင်းလိုက်ရင် ရပါတယ် ၊ ကဲဒါလေးကို ဒေါင်းပြီး Install လုပ်လိုက်ပါ ၊ freeware လေပါပဲ ၊ One click one day တဲ့ တစ်နေ့ တစ်ကြိမ် click လုပ်ပေးရင်ရပါပြီ..

http://download.cnet.com/3001-2094_4-10508531.html?spi=0b6fd6db75cb1069572ba5bfef540af2

၁၂. အထက်မှာရေးခဲ့တာတွေက software ပိုင်းဆိုင်ရာမှာ လုပ်ရမယ့် နည်းလမ်းတွေပါ ၊ hardware ပိုင်းမှာပါ upgrade လုပ်ချင်တယ် ဆိုရင်တော့ RAM ( Random Access Memory ) လို့ခေါ်တဲ့ System memory ကို တိုးပေးပါ ၊ ဆိုင်ကနေ ၀ယ်ပြီး ထည့်ရမှာပါ ၊ Windows XP သုံးတယ်ဆိုရင်တော့ 512 MB လောက်ဆို သုံးလို့ရပြီး 1 GB ဆိုရင် သွက်ပါတယ် ၊ Windows Vista ဒါမှမဟုတ် Windows 7 ဆိုရင်တော့ 1.5 GB အထက် ရှိမှသာ သုံးလို့ကောင်းပါတယ် ၊ ဘယ်လောက်ထိ အများဆုံးထည့်လို့ရနိုင်မလဲ ဆိုရင် 32 bit Windows အတွက် 4GB အထိ ထည့်လို့ရပါတယ် ၊ ဒါပေမယ့် Windows ကနေ ယူသုံးတဲ့ Operable memory ကတော့ 3.25 GB ၀န်းကျင်ပဲ ရှိပါတယ် ၊ ကျနော်တို့ရဲ့ စက်မှာ memory နည်းနေခဲ့ရင် Windows OS နဲ့ အခြားသော program များဟာ memory ပေးတာ ယူတာတွေ လုပ်တဲ့ memory management လုပ်ရပါတယ် ၊ လိုတဲ့အခါ ပေးလိုက် မလိုတဲ့အခါ ပြန်ယူလိုက်ပေါ့ ၊ ဒါပေမယ့် ထည့်ပေးထားတဲ့ memory က လောက်ငှ ပိုလျှံနေတဲ့ အခါ Windows က ပေးထားတဲ့ memory ကို ပြန်မယေူတော့ပဲနဲ့ graphic memory ၊ Cache memory စတာတွေကို အပြီးအပိုင် ပေးထားလိုက်ပါတယ် ၊ အဲဒါကြောင့် system ဟာ သက်သက်သာသာ အလုပ်လုပ်နိုင်တဲ့အတွက် မြန်လာပါတယ် ၊ ကျနော်တို့ အခန်းမှာ ရှိတဲ့ ကွန်ပြူတာ (၆) လုံးလောက်ဟာ အားလုံး 4GB တွေချည်းပဲ ထည့်ထားတာ ဘာပြဿနာမှ မရှိပဲ သုံးလို့ကောင်းမှကောင်းပါ ၊ ဒါပေမယ့် ကိုယ့်ဖာသာ စဉ်းစားပြီး အဆင်ပြေသလောက်သာ ထည့်ကြပါ ။

ကဲ ရေးခဲ့တာတွေလည်း တော်တော်များသွားပြီ ၊ ဒါတွေ အားလုံး လုပ်ရမယ်ရယ်လို့ မဟုတ်ပါဘူး လုပ်လို့ပြီးသလောက် ကွန်ပြူတာလေးက မြန်ဆန်သွက်လက်သွားမှာ အသေအချာပါ ၊ ဒီနည်းတွေကြောင့် ကွန်ပြူတာလေး သုံးလို့ ကောင်းသွားရင် သူငယ်ချင်းတွေကိုလည်း ပြောပါ ၊ သုံးလို့ မကောင်းဘူးဆိုရင်တော့ ကျနော်ကိုပဲ (အပြစ်) ပြောပါ ၊ ရေးဦးမယ်နော် ၊ ဖတ်ကြမယ်မဟုတ်လား ၊ ပျော်ပျော်ပါးပါးပေါ့ ။

No comments:

Post a Comment