Monday, June 28, 2010

Network

Networking ( Microsoft )ကွန်ပြူတာ တလုံးနဲ.တလုံး ချိတ်ဆက်နိုင်ဖို.အတွက် ကြားခံ Media တွေ လိုအပ်ပါတယ်Network Card , Cable , Switch , Hub , Router စသည်ဖြင်.အခြေခံ Network Medium တွေကို အသုံးပြု ပြီး Data တွေကို Translate လုပ်ကြတာ ပါ။ နည်းပညာပိုင်းကို ခဏလောက်ထားပြီး ဒီနေရာမှာ Hardware တွေရဲ.လုပ်ဆောင်ချက်လေးတွေ ကိုပဲ ရှင်းလိုက်ရအောင် ...တခုခြင်းပြန်ရှင်းရမယ်ဆိုရင် ... Network Card

ကတော. အရင်တုံးက သုံးတဲ. 10Mbs Speed ရတဲ. နက်ဝက်ကဒ်တွေပါ ။ အခုအသုံးမရှိသလောက်ကိုဖြစ်နေပါပြီ ။ နောက်တ ခုကတော.
ပါ ။ RJ45 ခေါင်း နဲ. 100Mbs / 1Gbs Speed အထိအထောက်အကူပေးနိုင်ပါတယ် ။ လက်ရှိသုံးစွဲနေတဲ. နက်ဝက်ကဒ်တွေဖြစ်ပါတယ် ။ဒီနက်ဝက်ကဒ်ကို ပို.ဆောင်ဆက်သွယ်ပေးမဲ. ကြိုးကတော. RJ45 Male တပ်ထားတဲ. ကြိုး ဖြစ်ပြီး ကြိုးအမျှည်ပေါင်း ၈ကြိုး ပါဝင်ပါတယ်။ ကြိုး ထိုးတဲ.နေရာမှာတော. A Type်(ဖြူမော်/မော်/ဖြူစိမ်း/ပြာ/ဖြူပြာ/စိမ်း/ဖြူညို/ညို) နဲ. B Type (ဖြူစိမ်း /စိမ်း /ဖြူမော် /ပြာ / ဖြူပြာ/မော် /ဖြူညို / ညို) ဆိုပြီး ၂မျိုး ၂စားရှိပါတယ် ။
ဒီ၂ ခုအကြောင်း တရားကိုပဲ အရင်ရှင်းရရင် ...ကွန်ပြူတာ ၂လုံးထဲချိတ်မယ်ဆိုရင် Peer To Peer ချိတ်ဆက်တယ်လို.လဲခေါ်ပါတယ် ။ နက်ဝက်အသေးစား (၁၀လုံးအောက်) တွေမှာ တွေ.ရပြီးကြိုး တစ်ဖက်ကိုတော. A type ဖြစ်ပြီး အခြားတစ်ဘက်ရှိခေါင်းအား B type အဖြစ် လုပ်ပေးရပါမယ် ။ ဒီလို A type နဲ. B type ကို ထိုးပေးရတဲ. နေရာတွေကတော. ကွန်ပြူတာ အခြင်းခြင်း (ကြားခံ Switch ,Hub ) မပါပဲနဲ.ဖြစ်စေ ၊ တချို.နက်ဝက်ဘောက် အခြင်းခြင်းဖြစ်စေ ထိုနေရာတွေမှာ ပဲသုံးပြုပါတယ် ။ သူက ဒါရိုက်ချိတ်ဆက်ထားခြင်းဖြစ်လို. Sharing တော.ကောင်းတယ်။ Security အရမကောင်းဘူး။ Security လိုအပ်တဲ.နေရာတွေမှာ Peer Network ကို မသုံးသင်.ပါဘူး ။ စက်တလုံးလုံးကနေ ဖြစ်စေ စက်အားလုံးက ဖြစ်စေ ၊ အခြားကွန်ပြူတာတစ်လုံးစီမှ Sharing Data တွေယူလိုက်မယ်ဆိုရင် အယူခံရတဲ.ကွန်ပျူတာမှာ Performance ကျသွားပါတယ် ။ အပြန်အလှန် Data ပေးပို.နေတဲ.အတွက် ကွန်ပြူတာ (၁၀) လုံးထက် ပို၍အသုံးပြုဖို. မသင်.တော်ပါဘူး ။အများသော အားဖြင်. နက်ဝက်အကြီးစား (၁၀လုံးထက်ပိုပြီး) Switch တွေ ၊ Router တွေ နဲ.ချိတ်ဆက်မယ်ဆိုရင်တော. A type ပဲဖြစ်ဖြစ် B type ပဲဖြစ်ဖြစ် ကိုယ်နှစ်သက်ရာ နှစ်သက်သလို ကြိုးစီလို.ရပါတယ် ( အဓိက ကတော. ပာိုဘက်(တဖက်နက်ဝက်ခေါင်း)မှာ ဘယ်လိုစီစီ နောက်တဖက်မှာလဲ တဖက်ခေါင်းစီထားတဲ.အတိုင်း ပြန်စီပြီးထိုးလဲ အဆင်ပြေပါတယ် ) ။နက်ဝက်ကြိုး ( Network Cabling ) က မီတာ ၁၀၀ ပတ်ဝန်းကျင်အထိပဲ အသုံးပြုရ အဆင်ပြေပြီးတော. မီတာ ၁၀၀ ကျော်သွားရင်တော. Network Speed လျှော.ကျမူ.ကြောင်. ဒေါတာ မရနိုင်ပါဘူး ။ အဲ.နေရာတွေမှာ Network Speed ကိုထပ်တိုးပေးနိုင်မဲ. Switch , Hub တွေကို အသုံးပြုမှ အဆင်ပြေမှာပါ ။ကွန်ပြူတာ အလုံးရေ လိုအပ်သလောက် Network Ports ( 8pots switch , 16posts Switch ) အရေအတွက် နဲ. ရှိပါတယ် ။
Switch ရဲ.သဘော တရားကတော. ဖြန်.ဖူးပေးမဲ.အလုပ်နဲ. လမ်းညွှန်ပေးတဲ.အလုပ်ကိုပဲလုပ်ကိုင်မှာပါ ။ ဥပမာ ပေးရရင် ... ရပ်ကွက် မြေပုံ တခုလိုပေါ. အိမ်နံပါတ်ဘယ်လောက် ၊ ဘယ်လောက်ကို လာတဲ.ဧည်.သည် က ကိုယ်.ဘာသာ ကိုယ်ရှာပြီး သွားလို.ရအောင် ပြထားတဲ.သဘော မှာပဲလုပ်ကိုင်ပါတယ် ။Router ကတော. Switch နဲ.ကွာခြားချက်တွေရှိပါတယ် ။ သူ.မှာ Function တွေပိုစုံလင်ပြီး သူကိုယ်တိုင်ဖြစ်စေ ၊ တခြား စက်တလုံးဖြစ်စေ ၊ နက်ဝက် တခုကိုဖြစ်စေ သွားရောက်ဖို.အတွက် သက်မှတ်ပေးနိုင်ပါတယ် ။ ပြီးတော. ရောက်ရှိလာတဲ. နက်ဝက် ရဲ. Speed ကို ပြန်ပြီး Routing အနေနဲ. တိုးပေးပါတယ် ။ အဲ.အတွက် နက်ဝက် ၂ခု ချိတ်ဆက်ရာမှာပိုပြီး လျှင်မြန်စေပါတယ် ။ Wireless router တွေကတော. ၁၀၀ မီတာ ကနေ ၂၀၀ မီတာ လောက်ကို point to point ကို access လုပ်နိုင်တယ် (ကြားခံ နံရံများ ၊ ပိတ်ဆို.မူများရှိရင်တော. မိတာ ၁၀၀ က အကောင်းဆုံးပါ ) ။ ဥပမာ ပေးရရင် ... ရပ်ကွက်တခုမှာလာတဲ.ဧည်.သည် ကို အိမ်တိုင်ရာရောက်လိုက်ပို.ပေး သလို ၊ သူ ကိုယ်တိုင် ကို က ရပ်ကွက် တခု တည်ထောင် နိုင် ပါတယ် ၊တခြားရပ်ကွက် က အိမ်ကို ပါ (သတ်မှတ်ပေးထားရင်) သူ လိုက်ပြနိုင် ပါတယ် ။ (ရှင်းလားတော. မသိဘူး ... အပီား ဒီထက်လဲ မရှင်းတတ်တော.ဘူး )
ဒါဆိုရင် Network Card , Switch , Router တွေရှိတာနဲ. အားလုံးတတ်ဆင် ပြီးတာ နဲ. Network ရသလားဆိုတော. မရနိုင်သေးပါဘူး ။ ကားတစီးကို အားလုံးတတ်ဆင်ပြီးတာ နဲ. ကားက ၀ူးကနဲမထွက်သွားပါဘူး ၊ ကားကို မောင်နှင် နိုင်မဲ.သူရှိမှ အဆင်ပြေမှာပါ ။ အဲ.အတွက် ကွန်ပြူတာ အခြင်းခြင်း မှာလဲ နားလည်အောင် လုပ်ကိုင်ပေးမဲ.သူ Protocol ဆိုတာလိုအပ်တယ်။ဥပမာ--(၁) TCP/IP (Transmission Control Protocol/ Inernet Protocol)(၂) NetBEUI( Net BIOS Extend User Interface)စသဖြင်. Protocol တွေလိုအပ်လာပါတယ် ။ Protocol ဆိုတာက ကွန်ပြူတာတွေ အခြင်းခြင်း ဆက်သွယ်ရာမှာ လုပ်ဆောင်ကြရမယ် rule တွေလို.ပဲကျနော် သဘောပေါက်ထားပါတယ် ။ ဆော.၀ဲရေးသားထားသူ အပေါ်မှာ မူတည်ပြီး Protocol အများအပြားရှိနေမှာပါ ။ အခု အသုံးပြုမူ.အများဆုံးနဲ. အသုံးဝင်ဆုံး Protocol ကတော. TCP/IP Protocol ပဲဖြစ်ပါတယ်။
Transmission Control Protocol (TCP)TCP အကြောင်းကတော. သူ.မှာလုပ်ဆောင်ရမဲ. လုပ်ငန်းစဉ်တွေအများကြီးရှိပါတယ် ။ (မှတ်ချက် ။ ကျနော. ဆရာ ကိုရဲထွန်းအောင် ကျနော.ကို ဥပမာပေးပြီး အင်းလေးဆားဗစ် တခုမှာ ရှင်းပြခဲ.တာကို အခုထိ မှတ်မိပါသေးတယ် ။ သူရှင်းသလိုပဲ ပြန်ရှင်းလိုက်မယ်ဗျာ ( ကျေးဇူးပါ ဆရာ) ။ ) ကျနော်တို. ကုန်တင်ကားကြီး ကို တခြားနယ်တခု လေယာဉ်ပြန်နဲ.ပို.ချင်တယ်ဆိုပါစို.ဗျာ ။ ဒါပေမယ်. လေယာဉ်ပျံက ကားတစီးလုံးကို သယ်နိုင်လောက်တဲ. အရွယ်အစား မရှိဘူး အဲ.တော. ကျနော်တို.အနေနဲ. ဘယ်လိုပို.ရမလဲ ။ ရှင်းပါတယ် ။ အမှတ်စဉ် အရည်အတွက် ရယ် ၊ ပါဝင်မဲ. ပစ္စည်းအပိုင်း နေရာရယ် (ဥပမာ . ကားဘောဒီဆို ဘောဒီ ၊ ကားစက်ပိုင်းဆို ကားစက်ပိုင်း ) တခုထားပြီး ကားပစ္စည်းတခုခြင်းစီ ဖြုတ်ပြီး ပို.ပေါ. ။ အဲ.တော. ( အမှတ်စဉ် ၊ အမျိုးအစား ၊ ပစ္စည်း ) ပာိုရောက်တော.မှ အမှတ်စဉ် အတိုင်း သူ.နေရာနဲ.သူ ပြန်ကောက်တတ်လိုက်ယုံ ပဲလေ ။ ဒီလိုပါပဲ data တွေသည် အရွယ်အစားကြီးနေတယ်ဆိုရင် ပို.ဆောင်လို.အဆင်ပြေမဲ. အပိုင်းငယ်လေးတွေ ပိုင်းပြီး ပို.ဆောင်ရတဲ. တာဝန်ကို TCP ကလုပ်ဆောင် တာပါ ။ အဲ.ဒါကို segmentation လို.လဲခေါ်ပါတယ်။ ဒါက အစိတ်အပိုင်းလေးတွေ ပိုင်းထားတဲ. အချိန်ပဲရှိပါသေးတယ် ။အမျိုးအစား(နေရာ)တွေရေးဖို. နေရာမှာတော. TCP header ကအလုပ်လုပ်မှာပါ ။သူ.နောက်မှာ စောစောက ပိုင်းထားတဲ. Data အစိတ်အပိုင်းတွေလာမှာပါ ။ TCP segment တွေကို အမှတ်စဉ် နံပါတ်တတ်ပေးဖို. လိုလာပြီ အဲ.အတွက် Sequence Number ဆိုတဲ.နေရာနဲ.အမှတ်စဉ် ထည်.ပေးမှာပါ ။ ဒါမှလဲ ပာိုရောက်လို. ဘယ်နေရာဘယ်အပိုင်း ၊ ဘယ်အမှတ်စဉ် လိုတယ် ချက်ချင်းသိပြီး လိုအပ်ရင် ပြန်ပို.လိုရအောင်ပါ ။ အဲ.တော. ( ၊ TCP Header ၊ Segment ) ဆိုပြီး အပိုင်းလေးတွေနဲ. ပို.ဆောင်ဖို.အဆင်သင်.ဖြစ်သွားပါပြီ ။ပာုတ်ပြီဗျာ .. ကျနော်တို. ပို.ဆောင်ဖို.အတွက် အရာတွေအားလုံး ထုတ်ပိုးလို.ပြီးသွားတဲ. အချိန်မှာ ကျနော်တို. ဘယ်ကို ပို.မှာလဲဆိုတာ ကလိုအပ်လာပါတယ် ။ အင်းလေးလား ၊ တောင်ကြီးလား ၊ မန္တလေးလား ၊ ပြင်ဦးလွင်လား ။ ဘယ် အရပ်ဒေသ ကို ပို.ဆောင်မှာလဲ ??? ။ ဘယ်သူကကျနော်တို. ပို.မဲ. ပစ္စည်းတွေကို လက်ခံယူထားမှာလဲ ??? ။ ရှင်းပါတယ် ။ ပို.ချင်တဲ. နေရာ နဲ. လက်ခံမယ်.သူ နံမည်ကို ထည်.ပေးလိုက်ယုံပါပဲ ။Internet Protocol ( IP )ကွန်ပြူတာတွေမှာလဲ တလုံးကနေ တလုံးကို ဒေတာတွေပို.ဆောင်ဖို.အတွက် သူ.တိုရဲ. ကိုယ်ပိုင် လိပ်စာတွေရှိမှ ဖြစ်မှာပါ ။ ဒီကိုယ်ပိုင်လိပ်စာတွေ ကတော. IP Address တွေဖြစ်လာပါတယ် ။ Data တွေကိုပို.ရန် IP ရဲ့အကူအညီ ကိုရယူပါတယ်။ TCP မှ segmentation လုပ်ပြီး ရလာသော segment ရှေ.မှာ IP header ထည်.ပေးပြီး (တံဆိပ်ခေါင်းတပ်ပေးလိုက်တာပေါ.ဗျာ) အဲ.မှာ source နဲ. destination IP address ပါရှိရမှာပါ ။ ပေးတဲ.သူ ရဲ.နံမယ်နဲ. လက်ခံမဲ.သူရဲ. နံမယ်လိုပေါ. ။ IP header မှာလဲ IP address (၂)ခု ပါရှိပါတယ်။ တစ်ခုက source IP address ဖြစ်ပြီး ကျန်တစ်ခုက destination IP address တို.ပါ ။ အဲ.ဒီလို အပိုင်းလေး အနေနဲ. ဖြစ်သွားပြီးမှ ပေးပို.ခြင်းကို စတင်လုပ်ကိုင် နိုင်မှာပါ ။ အဲ.ဒီလို ပေးပို.တဲ.အစိတ်အပိုင်းကို IP packet ( IP header +Data) လို.ခေါ်ပါတယ် ။ ပါဆယ်ထုတ်ပြီးသား လိပ်စာတတ်ပြီးသား ပေါ.ဗျာ ။IP address ဆိုပြီးနံမယ် ကိုတော. အင်တာနက်သုံးတဲ.လူတိုင်း နီးပါးသိကျမှာပါ ။ှုIP ADDRESS က ဘာလှဲရှင်းပါတယ် ။ Internet Protocol ရဲ. လိပ်စာ ပေါ.ဗျာ ။ ကျနော်တို. အပြင်မှာ စာပို.တော.မယ်ဆိုရင် စာအိတ်ပေါ်မှာ အိမ်နံပါတ် ၊ လမ်း ၊ ရပ်ကွက် ၊ မြို့နယ် ၊ တိုင်း ၊ နိုင်ငံ ဘာညာကွိကွ တွေရေးပေးပြီး ပို.ပေးရသလိုမျိုး IP address မှာလည်း internet protocol မှ သတ်မှတ်ပေးထားသော format ရှိပါတယ်။ IP address တွေက 32 bit binary ဂဏန်းတွေတွေပါ ။ စက်အချင်းချင်းနားလည်တဲ. ကိန်းဂဏန်းတွေနဲ. ဖော်ပြပေးတာဖြစ်ပြီး လူတွေအသုံးပြုရလွယ်ကူအောင်လို. Decimal ဂဏန်း တွေနဲ. အစားထိုးသုံးပြုပါတယ် ။1010110100111011 = Binary ဂဏန်း192 . 168 . 1 . 1 = Decimal ဂဏန်းBinary ဂဏန်း
သူ.မှာ ၀ ရယ် ၁ ရယ်ပဲပါဝင်ပြီး ။ ၀ နဲ. ၁ ကို တလှည်.စီ အသုံးပြုတာဖြစ်ပါတယ် ။0001 = ၁ ဖြစ်ပြီး 0010 = ၂ ဖြစ်သွားပါတယ် ။ အလားတူစွာ 0011 = ၃ ဖြစ်သွားပါမယ် ။ အသေးစိတ်လေ.လာချင်ရင်တော. http://en.wikipedia.org/wiki/Binary_numeral_system မှာ လေ.လာနိုင်ပါတယ် ။Decimal ဂဏန်းသူ.မှာတော. 1st Octet 2nd Octet 3rd Octet 4th Octet ဆိုပြီး အပိုင်း ၄ ပိုင်းပါဝင်ပါတယ် ။decimal number တစ်ခုစီကို octet တစ်ခုလို.ခေါ်ပါတယ်။ decimal octet ရဲ.တန်ဖိုးက 8 bit ကိုကိုယ်စားပြုပါတယ် ။ ကွန်ပြူတာ တွေမှာ နက်ဝက်ကဒ် အတွက် လိပ်စာ သက်မှတ်ပေးတဲ.နေရာမှာလဲ အပြင်လောက လိုမျိုး နေရပ်လိပ်စာ မတူမှ အဆင်ပြေမှာပါ ။ ဒါမှလဲ လိပ်စာမှန်ပြီး ရောက်ရှိမှာဖြစ်ပါတယ် ။ ( ဥပမာ - စက်တစက် ကို 192.168.0.1 ပေးခဲ.ရင် နောက်စက်ကို
192.168.0.2 ဖြစ်ရပါမယ် ။IP Address ရဲ. အပိုင်းလေးပိုင်း က တစ်ခုကြားကို Decimal Point တွေနဲ. ခွဲခြားထားပါတယ် ။ ပေးနိုင်တဲ. အတိုင်းအတာတွေကတော. ၁ ကနေ ၂၅၄ အထိပဲဖြစ်ပါတယ်။ အဲ.ဒီမှာ (Address for the Network )နဲ့ Hosts ရဲ.လိပ်စာ(Address for the Host) ဆိုပြီး ခွဲခြားထားတယ် ။ ပထမ 8 bits ဟာ အပိုင်းလေးပိုင်းထဲက ပထမဆုံးအပိုင်း Network address အပိုင်းဖြစ်ပြီး ကျန်သုံးပိုင်းဟာ Host address ပိုင်းဖြစ်ပါတယ် ။ အဲ.မှာ စပြီး CLASS A , CLASS B , CLASS C စသည်ဖြင်. နက်ဝက်အမျိုးအစား တွေပေါ်လာတာပါ ။ ဥပမာ - မြီု.နယ်ကြီးရင် အိမ်ခြေပိုများ သလိုပေါ. ။
Class-A ကတော. အလွန်ကြီးမားတဲ. နက်ဝက်တွေမှာ အသုံးပြုပါတယ် ။ Hosts ပေါင်း 16,777,216 ကို ကိုင်တွယ်နိုင်ပါတယ် ။

Class B ဆိုတာကတော့ အလယ်အလတ်တန်းစား ကွန်ရက်တွေ မှာ အသုံးပြုပါတယ် ။ Host ပေါင်း 1,048,576ကိုင်တွယ်နိုင်ပါတယ် ။

Class C ဆိုတာကတော. နက်ဝက်အသေးစား တွေအတွက်ပါ ။Hosts ပေါင်း 65,535 အများဆုံးပဲရနိုင်ပါတယ်။အသေးစိတ် လေ.လာချင်ရင် တော. http://lanverse.com/tutorials/subnetting-class-a-network/မှာ ဖတ်ရူနိုင်ပါတယ် ။Subnet Mask ရဲ. အလုပ်လုပ်ပုံက ရိုးရှင်းပါတယ် ။ သူ.အနေနဲ. နက်ဝက် တခုမှာ ကွန်ပြူတာ အလုံးရေ ဘယ်လောက် ကနေ ဘယ်လောက်အထိ သတ်မှတ်ပေးတဲ.အလုပ်မျိုးပါ ။ သူ.အနေနဲ. ပိုင်းခြားထားတဲ. RULE တခုဖြစ်ပါတယ်။

တွက်ချက်ချင်ရင်တော. http://www.subnet-calculator.com/ မှာပါ ။ အသေးစိတ်လေ.လာချင်ရင် တော. http://en.wikipedia.org/wiki/Subnetwork မှာလေ.လာနိုင်ပါတယ် ။edit ..( http://www.zshare.net/download/506932447f6f939c/ မှာလဲ pdf ဖိုင်ကို ဒေါင်းလုဆွဲပြီး လေ.လာလို.ရပါတယ် ။ အကြောင်းအမျိုးမျိုးကြောင်. ကျနော. ရှင်းပြချက်များ မရှင်းလင်းတာတွေ ၊ နားမလည်တာတွေ ဖြစ်ခဲ.ရင် ကျနော် ရှင်းပြမူ.အားနည်းနေတဲ.အတွက်တော. ခွင်.လွတ်ပါ ။ )OSI Reference Model ဆိုတာOpen Networking စနစ်များအတွက်နည်းပညာ Model တစ်ခုဖြစ်တဲ့ ဒီ Open System Internnection (OSI) Reference Model ကို International Organization for Standardization (ISO) က ဥရောပမှာ ၁၉၇၄ခုနှစ်ကတည်းကစတင် Developed လုပ်ခဲ့တာဖြစ်ပါတယ်။ကနဦးမှာတော့သူဟာ အကြောင်းကြောင်းကြောင့် အောင်မြင်မှုမရခဲ့ပါဘူး။အလွှာ(၇)လွှာပါတဲ့ ဒီ OSI Model ဟာ Ethernet တို့ TCP/IP တို့စတဲ့ အမျိုးမျိုးသော Networking Protocol တွေကို Implement လုပ်ပေးနိုင်ပါတယ်။ဒီနေရာမှာ အထူးသတိပြုဖို့ရှိလာတာကတော့ OSI သည် TCP/IP တို့လို ကွန်ပျူတာမှာ install လုပ်ပြီးအသုံးပြုရတဲ့ protocol မဟုတ်ဘူးဆိုတာပဲဆိုတာဖြစ်ပါတယ်။Protocol ဆိုတာက ကွန်ပျူတာတွေအပြန်အလှန် ဆက်သွယ်ကြတဲ့ နေရာမှာတဖက်နှင့်တဖက် လိုက်နာလုပ်ဆောင်ကြရမယ့် rule တွေဘဲဖြစ်ပါတယ်။အနည်းငယ်ထပ်အကျယ်ချဲ့ရရင် protocol တစ်ခုဆိုတာသည် ပရိုဂရမ်မာတစ်ယောက် ကနေပြီး function (သို့) function များစွာတို့ကိုလုပ်ဆောင်နိုင်စေရန်ရေးသားထားတဲ့ set of instruction တွေဘဲဖြစ်ပါတယ်။အချို့ protocol တွေသည် OS (window XP၊ 2000)နှင့်အတူပါရှိပြီးသားဖြစ်သလို အချို့ကျတော့ software program တွေနှင့်အတူ install လုပ်ရပါမယ်။ ဤတွင်မှဆက်ပြီး OSI model နှင့် protocol တို့ရဲ့ ဆက်နွယ်မှုကိုကြည့် ရအောင်။OSI model သည်လိုက်နာလုပ်ဆောင်သင့်တယ်လို့အကြံပြုထားတဲ့ model သက်သက်သာဖြစ်ပါတယ်။ ကိုယ်တိုင်Protocol တွေဖန်တီးမည့် programmer တွေအနေနှင့် OSI model အောက်မှ မဖြစ်မနေအကျုံးဝင်အောင်ရေးသားရမယ်လို့ ကန့်သတ်ချက်တွေတော့မရှိပါဘူး ဒါပေမယ့် OSI model ကိုလိုက်နာပြီး ပုံစံထုတ်ရေးသားထားတဲ့ protocol တွေသာလျှင် အခြား network တွေနှင့်ပေါင်းစပ်ချိတ်ဆက်တဲ့နေရာမှာ များစွာအခက်အခဲမရှိအပြန်အလှန် Communicate လုပ်နိုင်မှာဖြစ်ပါတယ်။ TCP/IP protocol ကို OSI model မပေါ်ခင်ကတည်းက အသုံးပြုလာခဲ့ခြင်းဖြစ်ပါတယ်။ဒါကြောင့် TCP/IP အပါအ၀င် အဲဒီအခါက အသုံးပြုနေသော protocol တွေကို OSI ဘောင်အတွင်းဝင်အောင် ထည့်သွင်းစဉ်တုန်းကများစွာအခက်အခဲတွေရှိခဲ့ပါတယ်။OSI model နှင့် မကိုက်ညီသော(၀ါ) OSI model ကိုလိုက်နာမှုမရှိသော ကိုယ်ပိုင် protocol တွေသည်တစ်ခုနှင့်တစ်ခုစုပေါင်းချိတ်ဆက်တဲ့ နေရာမှာ ကမ္ဘာသုံးမဖြစ်လာတော့ဘဲ တဖြည်းဖြည်းကွယ်ပျောက်သွားခဲ့ပါသည်။ အနှစ်ချုပ်ဆိုရရင် OSI model သည် network ပေါ်မှာအပြန်အလှန် communicate လုပ်နေသော ကွန်ပျူတာနှစ်လုံးတို့အကြားမှာဖြစ်ပေါ်နေတဲ့ theoretical representation တစ်ခုပင်ဖြစ်ပါတယ်။ကွန်ပျူတာနှစ်လုံးတို့ဖြင့်အပြန်အလှန် communicate လုပ်လိုတဲ့အခါမှာ source လို့ခေါ်တဲ့ data ပေးပို့မယ့်ကွန်ပျူတာ၏ application layer မှစပြီး data တွေပေးပို့ပါလိမ့်မယ်။၎င်း data တွေသည်packet ပုံစံဖြင့် OSI model ၏အောက်ဆုံး layer ဖြစ်သော physical layer ထိတိုင်အောင် ဆင်းသွား ပါလိမ့်မယ်။ physical layer သည် network အတွင်းပို့လွှတ်မယ့်data တွေရဲ့ခရီးအစဖြစ်ပါတယ်။ physical layer ၌ data တွေကို cable ပေါ်သို့စတင်transmit လုပ်ပါတယ်။အဲ့ဒီလို transmit လုပ်လိုက်တဲ့ data တွေသည် ရည်ရွယ်ရာကွန်ပျူတာဖြစ်တဲ့ destination သို့ရောက်တဲ့အခါ physical layer မှစပြီး OSI model ရဲ့ layer တွေကိုတဆင့်ပြီးတဆင့် ဖြတ်ကျော်တက်ပြီး နောက်ဆုံး application layer သို့ရောက်သွားပါမယ်။အဲ့ဒီ data ပေးပို့မှုဖြစ်စဉ်သည် millisecond အတွင်းပြီးမြောက်မှာဖြစ်ပါတယ်။ ဒါက data သွားပုံလမ်းကြောင်း ဖြစ်ပါတယ်။ကွန်ပျူတာတစ်လုံးနှင့်တစ်လုံး communicate လုပ်ပုံကို logically အရကြည့်မယ်ဆိုရင် layer တူအချင်းချင်းသာ communicate လုပ်ကြပါတယ်။ဆိုရရင် ကွန်ပျူတာတစ်လုံးမှ application layer protocol သည် တစ်ဖက် ကွန်ပျူတာ၏ application layer protocol ဖြင့်သာ information တွေဖလှယ်ကြပါတယ်။ အခြား layer protocol များသည် Application layer ၏ data တွေကို ၀င်ရောက်စွက်ဖက်ဘို့ရန်မကြိုးစားကြပါဘူး။
ကိုယ့် Computer မှာ Network Card မရှိပဲနဲ့  Virtual Network လုပ်ချင်ရင် ဒီလို လုပ်လို့ ရပါတယ်ခင်ဗျာ။ ကျွန်တော် အရင်က ကျွန်တော့် Computer မှာ network card နှစ်ကဒ်မရှိလို့ ၊ connection မရှိလို့  Networking Practical လုပ်ဖို့  လွန်ခဲ့ တဲ့ နှစ်တွေတုန်းက တော်တော်စားခဲ့ တယ်။ Network Card နှစ်ကဒ်ကို Loop ကြိုးလုပ်ပြီးတစ်မျိုး၊ တစ်ကဒ်ထဲကိုပဲ Loop ဖြစ်အောင် လုပ်ပြီး တစ်ဖုံ သုံးခဲ့ ရပါတယ်။ တကယ်တော့ Microsoft က Network Card တစ်ခုမှ မလိုလဲ Virtual Network အတွက် Network Connection ယူလို့  ရအောင် လုပ်ထားပါတယ်။ Practical လုပ်ဖို့ တော်တော်လေးအဆင်ပြေမယ်ထင်ပါတယ်။ ကဲ AD တို့ ဘာလို့ ညာတို့ ကို စမ်းလို့ ရပြီဗျာ။1. GoTo “Control Panel”2. Open “Add or Remove Hardware”3. Next4. Click Yes, I have already connected the hardware, and then click Next.5. At the bottom of the list, click Add a new hardware device, and then click Next.6. Click Install the hardware that I manually select from a list, and then click Next.7. Click Network adapters, and then click Next.8. In the Manufacturer box, click Microsoft.9. In the Net Adapter box, click Microsoft Loopback Adapter, and then click Next.10. Click Finish.IP က APIPA နဲ့ ကျတတ်ပါတယ်။ Manual ပြန်လုပ်ရတတ်ပါတယ်။၂ ကဒ်လုပ်လဲ အဆင်ပြေပါတယ်။
source: kosingpi

ကွန်ပြူတာ speed မြန်နေအောင်

ကွန်ပြူတာ speed မြန်နေအောင် ဘယ်လိုလုပ်မလဲ။

၁။ Defragment ကိုပုံမှန်လုပ်ပါ။

၂။ Registry Cleaning Tools ကိုသုံးပါ။

၃။ Startup Program တွေနဲနိုင်သမျှနဲအောင်ထားပါ။ Startup Program များလေ စက်နှေးလေပဲ။

၎။ prefetch files တွေကို တစ်လတစ်ခါရှင်းပါ။
Startmenu>run မှာ prefetch ကိုရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။
Folder တစ်ခုပွင့်လာလိမ့်မယ်။ အဲဒီ folder ထဲက files တွေအားလုံးကို ဖျက်ပစ်လိုက်၊ ပြီးရင် restart လုပ်လိုက်။
ကွန်ပြူတာ မြန်လာလိမ့်မယ်။

အောက်က Tweak လေး တွေလဲ စမ်းကြည့်ပါအုံး။ (ဒါတွေကို Website တစ်ခုမှာတွေ့တာ။ အကုန်လုံးနီးပါး Registry ပြင်တာတွေပဲ။

note- Registry ကိုပြင်ရန် Startmenu>Run မှာ regedit ကိုရိုက်ပြီးဖွင့်ပါ။

Startmenu ဖွင့်ချိန်မြန်အောင်

HKEY_CURRENT_USER \ Control Panel \ Desktop \ MenuShowDelay ရဲ့ တန်ဖိုး မူလ 400 ကို 5 သို့ 0 ပြောင်းလိုက်ပါ။

Swap File (Page File)

သင့်ရဲ့ကွန်ပြူတာမှာ memory က 512MB အထက်ဆိုရင် Swap File (Page File) ကို disable လုပ်လိုက်ရင်ပိုမြန်လာ လိမ့်မယ်။ ဒါပေမယ့် memory အစားတဲ့ ဂိမ်းတွေဆော့လို့တော့မကောင်းဘူး။

Swap File (Page File) ကို disable လုပ်ရန်

HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\Session Manager\Memory Management က
DisablePagingExecutive ရဲ့တန်ဖိုးကို 0 က 1 ပြောင်းလိုက်ပါ။

Shutdown Speed မြန်အောင်

HKEY_CURRENT_USER\CONTROL PANEL\DESKTOP က
AutoEndTasks တန်ဖိုး 0 ကို 1 ပြောင်း ပြီးရင်
WaitToKillAppTimeout တန်ဖိုး 20000 ကို 3500 ပြောင်း လိုက်ပါ။

shutdown speed မြန်လာတာတွေရလိမ့်မယ်။

Boot တက်တာမြန်အောင်

HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Dfrg\BootOptimizeFunction က Enable တန်ဖိုး N ကို Y ပြောင်းပါ။

Write Caching

Write Caching သုံးပြီး စက်ကိုမြန်အောင်လုပ်လို့ရပါတယ်။ ဒါပေမယ့် UPS မခံထားရင် မသုံးသင့်ဘူး။ ဘာလို့လဲဆိုတော့ Data ကို RAM ထဲမှာပဲထားပြီး အချိန်တစ်ခု(သို့) RAM ပြည့်သွားမှ ဟာ့ဒစ် ပေါ်ကိုရေးလို့။ မီးပျက်သွားရင် RAM ပေါ်က Data အကုန်သွားပြီ။
Write Caching ကို ဒီလိုလုပ်ပါ။
Device Manager ကိုဖွင့် > Disk Drive အောက်က Hard Disk ကို Right-click လုပ်ပြီး properties ကိုသွားပါ။
Policies Tab အောက်က Enable write caching on the disk ကို tick လုပ်ပါ။ ဒါဆိုရပါပြီ။

MFT (Master Files Table) Size ပြင်ခြင်း

MFT (Master Files Table) Size ပြင်ပြီးတော့လဲ စက်မြန်အောင်လုပ်လို့ရပါတယ်။
HKEY_LOCAL_MACHINE\System\CurrentControlSet\Control\FileSystem အောက်မှာ key အသစ် NtfsMftZoneReservation ကို REG_DWORD အနေနဲ့ အသစ်ဖွင့်ပါ။
တန်ဖိုးကို 2 ထားပါ။ MFT (Master Files Table) Size ပြင်ခြင်း ပြီးပါပြီ။

DOS-Program တွေမသုံးဘူးဆိုရင်

HKEY_LOCAL_MACHINE\System\CurrentControlSet\Control\FileSystem အောက်က NtfsDisable8dot3NameCreation တန်ဖိုး 0 ကို 1 ပြောင်းလိုက်ပါ။ Speed မြန်လာပါလိမ့်မယ်။

နောက်ထပ်သိရင်ထပ်ရေးပါ့မယ်။

ကွန်ပျုတာတလုံး ဝယ်မယ်ဆိုရင်

ကွန်ပျုတာတလုံး ဝယ်မယ်ဆိုရင် Laptop ပဲဖြစ်ဖြစ်၊Desktop ပဲဖြစ်ဖြစ် အရင်ဆုံးကြည့်ရမှာက CPU ကဘာအမျိုးအစားလဲ ဆိုတာအရင်ကြည့် ရပါမယ်။ ယခုအသုံးအများဆုံး နဲ့နောက်ဆုံးပေါ် CPU အမျိုးအစား ၆ မျိုးလောက်ပဲရှိပါတယ်။ intel CPU ထဲမှာ Core Dual,Core 2Duo,Core Quick,Core i3,Core i5,Core i7, စသည်တို့ဖြစ်ပါတယ်။ ကွန်ပျုတာတလုံးရဲ့ အသက်ဟာ CPU ပါ။ CPU မြန်တယ်မမြန်ဘူးဆိုတာလဲ catch memory ပေါ်မှာအများကြီးမူတည်ပါတယ်။ဒါကြောင့် CPU ရဲ့ အမျိုးအစားနှင့်အမြန်နူံးကို မိမိအသုံးလိုသည့်အနေအထားနှင့် လိုက်ဖက်အောင်ရွှေးချယ်ရပါမယ်။ တော်ယုံတန်ယုံကတော့ core2 2.53 ဒါမှမဟုတ် core dual 2.93 GHz လောက်ဆိုလုံလောက်နေပါပြီ။ ဒုတိယအနေနဲ့က Mother Board ရဲ့အမျိုးအစား ကိုလေ့လာရပါမယ်။ နောက်ပိုင်း မိမိရဲ့လိုအပ်ချက်အရ စက်ကိုအဆင့်မြင့်မယ်ဆိုရင် Mother Board ရဲ့အမျိုးအစားက စကားပြောလာပါမယ်။နာမည်ထက် ပါဝင်သည့် ပစ္စည်းများကပိုအရေးကြီးပါတယ်။ အကောင်းဆုံးကတော့ G-945 chipset နောက်ပိုင်းထွက်တဲ့ အမျိုးအစားတွေကိုရွှေးချယ်သင့်ပါတယ်။ motherboard အကြောင်းနောက်မှ ရေးပါအုံးမယ်။

တတိယကတော့ Memory ပါ။ လူအတော်များများ ကွန်ပျုတာဝယ်မယ်ဆိုရင် memory ကဘယ်လောက်၊Hard Disk ကဘယ်လောက် ဆိုတာကို အရင်မေးပါတယ်။ မေးစရာ မလိုဘူးတော့မဟုတ်ပါဘူး ။ တကယ်တော့ ဒါတွေက လိုအပ်လျှင်အချိန်မရွှေး ပြန်ပြောင်းလို့ရပါတယ်။ ကျနော်ကြုံခဲ့တာလေးတခုပြောပြမယ်။ ကျနော် Laptop ဆိုင်တဆိုင်ဝင်ငမ်းနေတုန်း နိုင်ငံခြားသားတွေ ဝယ်နေတာနဲ့ကြုံတယ်။ ထုံးစံအတိုင်းကျနော်လည်းဝင်စပ်စုတာပေါ့။အဲဒီမှာရောင်းတဲ့လူက ဘယ်လိုရိုက်နေလဲဆိုတော့၊ မော်ဒယ်လ်က အတူတူပဲ။ memory 2GB နဲ့memory 4GB ကိုတသိန်းလောက်ခွာပြီးရိုက်နေပါတယ်။ လာဝယ်တဲ့သူတွေကလည်း 4GB ကိုသဘောကျပြီးဝယ်သွားပါတယ်။ အမှန်က memory 2GB ကိုထပ်ဝယ်စိုက်လိုက်ရင် ဝမ် 30000 လောက်ပဲကုန်မှာ။ memory များမှကောင်းတယ်ထင်ပြီး အရိုက်ခံရတာပါ။

မြန်အောင်ဆိုပြီး 8GB လောက်ထည့်လည်း 32bit window တွေက 3 GB ပဲ support လုပ်ပါတယ်။ ဒါကြောင့် Memory ကိုကြည့်မယ်ဆိုရင် speed ဘယ်လောက်လဲ၊storage ကဘယ်လောက်လဲ၊ဘာအမျိုးအစားလဲ၊DDR ၊ DDR 2 ၊ DDR 3 ၊ မိမိကဘာသုံးမလဲ စသည်ဖြင့်ကြည့်ရပါမယ်။ နောက်ပိုင်း DDR တွေကမလာသလောက်ဖြစ်နေပါပြီ။ DDR2 သုံးမယ်ဆိုလည်း motherboard က ခွင့်ပြုသည့်အမျိုးအစားပေါ်မူတည်ပြီး pc2 4200(533Mhz)ကနေ pc2 6400 (800Mhz) ၊ 2GB လောက်ဆို လုံလောက်နေပါပြီ။ မိမိရဲ့ motherboard အမျိုးအစားပေါ်လိုက်ပြီး DDR2 8500 တို့ DDR3 9300 တို့ထည့်ချင်လည်းရပါတယ်။ အဓိက ကမိမိအသုံးနဲ့ကိုက်ညီအောင်ရွှေးချယ်ရပါမယ်။မိမိသုံးမယ့် Software တွေက memory ဘယ်လောက်သုံးမယ်၊ OS ကဘယ်လောက်လိုအပ်တယ်၊ စသည်တို့ကိုချိန်ညှိပြီးဝယ်ရင် အကောင်းဆုံးပါပဲ။

နောက်တမျိုးကတော့ Graphic Card ။ Graphic Card ကတော့ Game တွေရေးမယ့်သူတွေ၊ ကစားမယ့်သူတွေ၊ photoshop သမားတွေ၊3D Software သုံးမယ့်သူတွေ အတွက်ကတော့မဖြစ်မနေလိုအပ်ပါတယ်။ တော်ရုံတန်ရုံကတော့ GDDR3(or)2 နဲ့ 128Mb လောက်ဆိုအဆင်ပြေပါတယ်။ Hard Disk ကိုဆက်ကြည့်ရအောင်။ Hard Disk ကတော့ဘယ်လောက် ပမာဏ၊အမြန်နူန်း ဆိုတာလောက်ကိုကြည့်ပြီး ရွှေးချယ်လို့ရပါတယ်။ 320 GB နဲ့ 7200 RPM ၊ 32 bit လောက်ဆိုအဆင်ပြေပါတယ်။ Laptop တွေကတော့ အများစုက 5400 RPM တွေပဲလာပါတယ်။

Power Supply ကတော့ 400W ဆိုလုံလောက်ပါတယ်။ Laptop တွေကတော့ Power Supply ရွှေးချယ်ရန်မလိုအပ်ပါဘူး။ ODD ကတော့ DVD RW ပေါ့။ Speed ကို 20X ၊ 22X ကြိုက်တာရွှေးချယ်လို့ရပါတယ်။ ခုနောက်ပိုင်း Blue Ray တွေအသုံးများလာတော့ Blue Ray Drive တွေလဲ တပ်ချင်ရင်လည်း တပ်ဆင်လို့ ရပါတယ်။ ဒါတွေက အကြမ်းဖျင်းတွေပါ။ အသေးစိတ်ကတော့ စိတ်ဝင်စားမယ့်သူရှိရင် ဆက်လက်ရေးသားပါ့မယ်။ Hardware ပိုင်းရေးရင် စိတ်ဝင်စားတဲ့သူတော်တော်လေးနည်းပါတယ်။ ဒါကြောင့် အတိုချုံးရေးတာပါ။ ဆက်ရန်မှာတော့ ပြည့်ပြည့်စုံစုံ ဖြစ်အောင်တင်ပြပေးပါမယ်။

ကွန်ပြူတာ အမြန်နှုန်းမြှင့်မလား

ရေးသားပေးပို့သူ=ကိုဝင်းနိုင်ဦး

ကျနော်တို့ရဲ့ ကွန်ပြူတာတွေဟာ သုံးတာ ကြာလာရင် လုပ်ဆောင်မှုတွေ နှေးလာတတ်ပါတယ် ၊ ဟိုးအရင် ကွန်ပြူတာတွေရဲ့ သဘောသဘာဝ ကို မလေ့လာခင်တုန်းကတော့ ဒီလို နှေးလာတဲ့အခါ မော်ဒယ်မြင့်တဲ့ ကွန်ပြူတာ အသစ်တစ်လုံး ၀ယ်ရတော့မယ်လို့ ထင်ခဲ့ပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာရှိတဲ့ ကွန်ပြူတာကိုပဲ မူလ အသစ်ကလေးတုန်းကနီးပါး အလုပ်လုပ်တာမြန်လာအောင် လုပ်လို့ရတယ်ဆိုတာကို သိလာရပါတယ် ၊ နောက်ထပ်အသစ်တစ်လုံး မ၀ယ်ခင်မှာ ရှိတာလေးကို စွမ်းအားပြည့် သုံးလို့ရနိုင်ပါတယ် ၊ ကျနော့်အနီးအနားက သူငယ်ချင်း တချို့ကတော့ ကွန်ပြူတာကို သုံးချင်တဲ့ အချိန်မှာ ဖွင့်သုံးပြီး ပြုပြင်ထိမ်းသိမ်းဖို့ကိုတော့ သတိမရတတ်ကြပါဘူး ၊ တကယ်တော့ ကွန်ပြူတာဆိုတာ ခင်ဗျားတို့ရဲ့ ချစ်သူရည်းစားလေးလိုပဲ ဂရုစိုက်ပြီး ယုယနေဖို့လိုပါတယ် ၊ ဒါမှ ကိုယ်သုံးချင်တဲ့အခါ စိတ်တိုင်းကျ ဖြစ်မှာပါ ။

Basic computer user များ အတွက် ကျနော်ရှာဖွေပြီး ၊ ကိုယ်တိုယ်လည်း သုံးနေတဲ့ လုပ်ဆောင်နည်း လေးတွေကို မျှဝေလိုက်ပါတယ်-

၁. Anti-virus program ကို တစ်ပတ် တစ်ကြိမ်ခန့် run ပါ ( ဗိုင်းရပ်သတ်ပါ ) ။

ဗိုင်းရပ်တွေ ရှိနေရင် သင့်ကွန်ပြူတာ လုပ်ဆေင်မှုတွေ နှေးနေမှာပါ ၊ ဒါကြောင့် ဗိုင်းရပ် ကို ပုံမှန်သတ်ပေးပါ ။

၂. Spyware နဲ့ Adware တွေကို တစ်ပတ် တစ်ကြိမ်ခန့် Remove လုပ်ပါ ။

ဒါတွေရှိနေရင်လဲ နှေးနေမှာပါ ၊ spyware နဲ့ adware တွေဟာ virus နဲ့ သဘောသဘာဝချင်း မတူပါဘူး ၊ ဒါကြောင့် သူတို့ကို remove လုပ်ပေးတဲ့ သီးခြား program တစ်ခုရှိရင်ပိုကောင်းပါတယ် ၊ တစ်ချို့ Anti-virus program တွေကတော့ အားလုံးတွဲလျက်ပါတာတွေလဲ ရှိပါတယ် ။

၃. Internet browser မှာ pop up တွေကို block လုပ်ထားပါ ။

ဥပမာ အားဖြင့် adult website တွေလိုမျိုးကို မျက်စေ့လည်လမ်းမှားပြီး ရောက်သွားခဲ့ရင် ( တမင်တကာသွား တယ်လို့ မပြောဘူးနော် ) အဲဒီက pop up တွေ ကိုယ့်ရဲ့ ကွန်ပြူတာထဲကို ၀င်လာပြီး မကြာမကြာ ပေါ်လာ တတ်ပါတယ် ၊ အမျိုးမျိုးဒုက္ခပေးတတ်ပါတယ် ၊ ကွန်ပြူတာရဲ့ လုပ်ဆောင်မှုတွေ နှေးတာ ကြောင်တာတွေ ဖြစ်တတ်ပါတယ် ၊ ဒါကြောင့် pop up တွေကို ပိတ်ထားသင့်ပါတယ် ၊ အများအားဖြင့်တော့ tools tab ရဲ့ အောက်မှာရှိပါတယ်

Internet Explorer မှာ tools > pop-up blockers > turn on pop-up blocker

Firefox မှာတော့ tools > options > contents > block pop-up windows ဆိုပြီးရှိပါတယ်။

Windows ရဲ့ system ထဲကနေပြီးတော့လဲ block လုပ်လို့ရပါတယ် ၊ Windows ကနေလုပ်ချင်ရင်တော့ Start menu > control panel > Internet options > Privacy > Pop-up blocker > turn on pop-up blocker ဖြစ်ပါတယ် ။

အဲဒီလို block လုပ်ထားရင် Java script နဲ့ ရေးထားတဲ့ ၀က်ဆိုဒ်တွေကို ဖွင့်မရတာမျိုးဖြစ်တတ်ပါတယ် ၊ စိတ်ချရတဲ့ ၀က်ဆိုဒ်ဆိုရင် pop-up allow လုပ်လို့ရပါတယ် ။

IE မှာ tools > pop up blocker > pop up blocker setting > exceptions ဆိုပြီးရောက်သွားရင် Address of website to allow ဆိုပြီး box လေးတစ်ခုရှိပါမယ် ၊အဲဒီ အထဲမှာ ကိုယ်ခွင့်ပြုချင်တဲ့ ၀က်ဆိုဒ်ရဲ့ လိပ်စာကို ရိုက်ထည့်ပြီး add လုပ်လိုက်ရုံပါပဲ။

Firefox မှာတော့ tools > options > contents ဆိုပြီးရောက်သွားရင် block pop up windows ဆိုတဲ့ စာတန်းဘေးမှာ exceptions ဆိုတာ ရှိပါတယ် ၊ click လုပ်လိုက်ရင် address of website ဆိုတဲ့ box လေး ပေါ်လာပါတယ် ၊ ၀က်ဆိုဒ်လိပ်စာကို ရိုက်ပြီး add လုပ်လိုက်ရမှာပါ ။

Windows မှာ ဆိုရင် Start > control panel > Internet option > privacy > pop up blocker > settings > exception ဆိုပြီး သွားပါ address of website to allow ဆိုတဲ့ box လေးထဲမှာ ၀က်ဆိုဒ်လိပ်စာ ရိုက်ပြီး add လုပ်ရပါမယ် ။

ဒါဆိုရင် pop up ပိတ်ဖို့နဲ့ ဖွင့်ချင်တဲ့ ဆိုဒ်တွေကို ဖွင့်ပေးလို့ ရပြီပေါ့ ။

၎. မလိုအပ်တော့တဲ့ document file တွေ ၊ Audio , video file တွေ ၊ Picture တွေကို ဖျက်ပစ်ပါ ၊ မဖျက်ချင်ဘူးဆိုရင်လဲ Extra hard disk လိုမျိုး အခြားတနေရာရာကို ရွှေ့ပစ်ပါ ။

၅. မလိုတော့တဲ့ program တွေကို ဖျက်ပစ်ပါ ၊ add or remove program ကနေ ဖျက်လို့ရပါတယ် ၊ တချို့ ပရိုဂရမ်တွေက ဖျက်မရပဲ ပေကပ်ကပ် လုပ်နေတာမျိုးတွေလဲ ရှိတတ်ပါတယ် ၊ program တွေကို ဖျက်ပေးတဲ့ Uninstaller software လေးတွေသုံးပါ ။

၆. မသုံးတဲ့ tool bar တွေကို ဖျက်ပစ်ပါ ၊ program တော်တော်များများက သူတို့ရဲ့ tool bar တွေကိုလဲ install လုပ်တတ်ပါတယ် ၊ ဥပမာ Google, Yahoo, Norton, Winamp, Ask စသည်ဖြင့်ပေါ့ ၊ program ကို install လုပ်စဉ်ကတည်းက tool bar မလိုအပ်ရင် uncheck လုပ်ခဲ့လို့ရပါတယ် ၊ အမှတ်တမဲ့နဲ့ ကျော်သွားခဲ့ရင်လည်း browser မှာ ပြန် ဖျောက်လို့ရပါတယ်။

Internet Explorer မှာရော Firefox မှာပါ views အောက်က toolbar ကို သွားပြီး မလိုတဲ့ toolbar တွေကို uncheck လုပ်ပါ ( အမှန်ခြစ်တွေကို ဖယ်လိုက်ပါ )

၇. မသုံးသေးတဲ့ program တွေကို ပိတ်ပစ်ပါ ၊ task bar မှာ ပေါ်နေတဲ့ icon တွေကို စစ်ပါ ၊ အဲဒါတွေက run နေတဲ့ program တွေပါပဲ ၊ disable (သို့) exit လုပ်ပစ်ပါ ၊ Window စတက်တဲ့ အချိန်ကတည်းက မ run နိုင်အောင် ပိတ်ထားရင် ပို ကောင်းပါတယ် ။

Control panel > administrative tools > system configuration > start up ကို သွားရင် program တွေကို တွေ့ရမှာပါ disable all လုပ်ပါ ၊ all မလုပ်ချင်ရင် မလိုတဲ့ program ရှေ့က အမှန်ခြစ်တွေကို ဖယ်ပစ်ပါ ။

နောက်တစ်နည်းကတော့ search bar ကနေ ဒါမှ မဟုတ် Accessories အောက်က run box ထဲမှာ msconfig ဆိုပြီးရိုက်လိုက်ရင် system configuration ကို တန်းရောက်သွားပါလိမ့်မယ် ၊ အထက်က အတိုင်းပဲ ဆက်လုပ်လို့ရပါပြီ ။ Vista နဲ့ Windows 7 မှာ Start ( Win key ) ရဲ့ အထက် ကပ်လျက် ကလေးမှာပဲ start search bar လေး ရှိပါတယ် ၊ အဲဒီမှာ စာရိုက်ပြီးရှာရမှာပါ ။

၈. နောက်တစ်ခုကတော့ Boot timeout မှာ မူလရှိနေတဲ့ timeout အချိန်စက္ကန့်ကို လျှော့ပေးပါ ၊ System configuration > boot ရဲ့အောက်မှာ timeout 30 second ဆိုပြီး default အနေနဲ့ ရှိနေပါတယ် ၊ အဲဒါကို 3 second အထိ လျှော့လိုက်ပါ ၊ အဲဒါက boot လုပ်တာ မြန်စေပါတယ် ။

( ဒီအမှတ်စဉ် ၇ နဲ့ ၈ ကို သတိထားပြီး ဖြည်းဖြည်း သေချာလုပ်ပါ )

၉. Disk clean up လုပ်ပါ ၊ Temporary file တွေ ၊ Internet temporary file တွေ ၊ cookies တွေများလာခြင်းဟာ ကွန်ပြူတာကို သိသိသာသာ နှေးလာစေပါတယ် ၊ Internet သုံးတယ်ဆိုရင် အဲဒါတွေ စုပုံလာမှာ အသေ အချာပါပဲ ၊ ဖျက်ပေးတဲ့ software သေးသေးလေးတွေ ရှိပါတယ် Internet ကနေ free download ရပါတယ် သုံးရင် ပိုထိရောက်ပါတယ်။

IE browser မှာ tools ရဲ့အောက်က Internet option ထဲကနေ browsing history ကို သွားပြီး ဖျက်ရင်လဲရပါတယ် ၊

Firefox မှာတော့ tools ရဲ့ အောက်က clear private data ကို သွားပြီး browsing history မှာ ဖျက်လို့ရပါတယ် ၊

Windows system ထဲက နေ clean လုပ်မယ်ဆိုရင်.....

Start>all programs>accessories>system tools> disk cleanup ရောက်အောင်သွားပါ my file နဲ့ all file ရွေးပါ ၊ windows က ဘယ်လောက် space ကို free လုပ်လို့ရမလဲ ဆိုတာ စစ်ပါလိမ့်မယ် ၊ ပြီးရင် clean up လုပ်လို့ရပါပြီ ။

နောက်တစ်နည်းကတော့ search မှာ ဒါမှမဟုတ် run မှာ cleanmgr.exe ကို ရိုက်ပြီး enter ခေါက်လိုက်ပါ ၊ my files or all files ရွေးဖို့ပေါ်လာမယ် ၊ ရွေးပြီး click လုပ်လိုက်တာနဲ့ windows က free space ကိုတွက်ပြီး ဖျက်လို့ရတဲ့ ဖိုင်တွေပေါ်လာပြီဆိုရင် clean လုပ်လိုက်ရုံပါပဲ ။

၁၀. System drive ကို တစ်လ တစ်ကြိမ်လောက် disk defragment လုပ်ပါ ။ လုပ်ဖို့က My computer ကို double click လုပ် ၊ Local disk C ပေါ်မှာ right click ထောက်ပြီး Properties ကို click လုပ်ပါ ၊ tools ဆိုတဲ့ tab အောက်ကို သွားရင် defragment now ဆိုပြီးတွေ့မယ် ၊ click လုပ်လိုက်ရင် ရပါပြီ ၊ defragment လုပ်တာ တစ်နာရီ နှစ်နာရီလောက်ကြာနိုင်ပါတယ် ။

၁၁. Disk error တွေကို ရှာပြီး fix လုပ်ပါ ၊ Registry တွေကို clean လုပ်ပါ ၊ old file တွေ corrupted file တွေ ၊ missing shortcut တွေကို ဖျက်ပစ်ပါ ၊ ကွန်ပျူတာကို နှေးစေပါတယ် ၊ ဒါတွေကတော့ windows ရဲ့ system ထဲကနေ လုပ်နေရင် ရှုပ်ပြီး ကြာနေမှာမို့ system optimize လုပ်ပေးတဲ့ program တစ်ခုခုကို download လုပ်ပြီး ရှင်းခိုင်းလိုက်ရင် ရပါတယ် ၊ ကဲဒါလေးကို ဒေါင်းပြီး Install လုပ်လိုက်ပါ ၊ freeware လေပါပဲ ၊ One click one day တဲ့ တစ်နေ့ တစ်ကြိမ် click လုပ်ပေးရင်ရပါပြီ..

http://download.cnet.com/3001-2094_4-10508531.html?spi=0b6fd6db75cb1069572ba5bfef540af2

၁၂. အထက်မှာရေးခဲ့တာတွေက software ပိုင်းဆိုင်ရာမှာ လုပ်ရမယ့် နည်းလမ်းတွေပါ ၊ hardware ပိုင်းမှာပါ upgrade လုပ်ချင်တယ် ဆိုရင်တော့ RAM ( Random Access Memory ) လို့ခေါ်တဲ့ System memory ကို တိုးပေးပါ ၊ ဆိုင်ကနေ ၀ယ်ပြီး ထည့်ရမှာပါ ၊ Windows XP သုံးတယ်ဆိုရင်တော့ 512 MB လောက်ဆို သုံးလို့ရပြီး 1 GB ဆိုရင် သွက်ပါတယ် ၊ Windows Vista ဒါမှမဟုတ် Windows 7 ဆိုရင်တော့ 1.5 GB အထက် ရှိမှသာ သုံးလို့ကောင်းပါတယ် ၊ ဘယ်လောက်ထိ အများဆုံးထည့်လို့ရနိုင်မလဲ ဆိုရင် 32 bit Windows အတွက် 4GB အထိ ထည့်လို့ရပါတယ် ၊ ဒါပေမယ့် Windows ကနေ ယူသုံးတဲ့ Operable memory ကတော့ 3.25 GB ၀န်းကျင်ပဲ ရှိပါတယ် ၊ ကျနော်တို့ရဲ့ စက်မှာ memory နည်းနေခဲ့ရင် Windows OS နဲ့ အခြားသော program များဟာ memory ပေးတာ ယူတာတွေ လုပ်တဲ့ memory management လုပ်ရပါတယ် ၊ လိုတဲ့အခါ ပေးလိုက် မလိုတဲ့အခါ ပြန်ယူလိုက်ပေါ့ ၊ ဒါပေမယ့် ထည့်ပေးထားတဲ့ memory က လောက်ငှ ပိုလျှံနေတဲ့ အခါ Windows က ပေးထားတဲ့ memory ကို ပြန်မယေူတော့ပဲနဲ့ graphic memory ၊ Cache memory စတာတွေကို အပြီးအပိုင် ပေးထားလိုက်ပါတယ် ၊ အဲဒါကြောင့် system ဟာ သက်သက်သာသာ အလုပ်လုပ်နိုင်တဲ့အတွက် မြန်လာပါတယ် ၊ ကျနော်တို့ အခန်းမှာ ရှိတဲ့ ကွန်ပြူတာ (၆) လုံးလောက်ဟာ အားလုံး 4GB တွေချည်းပဲ ထည့်ထားတာ ဘာပြဿနာမှ မရှိပဲ သုံးလို့ကောင်းမှကောင်းပါ ၊ ဒါပေမယ့် ကိုယ့်ဖာသာ စဉ်းစားပြီး အဆင်ပြေသလောက်သာ ထည့်ကြပါ ။

ကဲ ရေးခဲ့တာတွေလည်း တော်တော်များသွားပြီ ၊ ဒါတွေ အားလုံး လုပ်ရမယ်ရယ်လို့ မဟုတ်ပါဘူး လုပ်လို့ပြီးသလောက် ကွန်ပြူတာလေးက မြန်ဆန်သွက်လက်သွားမှာ အသေအချာပါ ၊ ဒီနည်းတွေကြောင့် ကွန်ပြူတာလေး သုံးလို့ ကောင်းသွားရင် သူငယ်ချင်းတွေကိုလည်း ပြောပါ ၊ သုံးလို့ မကောင်းဘူးဆိုရင်တော့ ကျနော်ကိုပဲ (အပြစ်) ပြောပါ ၊ ရေးဦးမယ်နော် ၊ ဖတ်ကြမယ်မဟုတ်လား ၊ ပျော်ပျော်ပါးပါးပေါ့ ။

Saturday, June 19, 2010

Undelete

Spyware or Adware တို့ကြောင့် ဖိုင်တွေဖျက်လို့မရတာကြုံဖူးကြမှာပါ။ဖိုင်ကိုရွေးပြီး ဖျက်တိုင်းမှာ အောက်ပါ Message Box လေးတွေကိုတွေ့ရမှာပေါ့။

—————————————————————————————
Cannot delete file: Access is denied.
There has been a sharing violation.
The source or destination file may be in use.
The file is in use by another program or user.
Make sure the disk is not full or write-protected and that the file is not currently in use.
—————————————————————————————-

အထက်ပါ Message ကိုမြင်လိုက်ပြီဆိုတာနှင့် စာဖတ်သူမည်သို့ဖြေရှင်းရမည်ကို ခေါင်းပူနေမှာပါ။အောက်ပါ အတိုင်းလိုက်လုပ်ကြည့်ပါ။အခုနည်းကတော့ Windows XP မှာ Manual ဖြေရှင်းနည်းကိုရေးသားမှာဖြစ်ပါတယ်

1. Click on Start, Search, All Files and Folders ကိုရွေးပါ။
2. ဖျက်လို့မရတဲ့ ဖိုင်အမည်ကို တိကျစွာ ရိုက်ထည့်ပါ။
3. Look In box မှာ မှန်ကန်တဲ့ (ရှာလိုတဲ့) Drive Letter Name ကိုရွေးပါ။
4. ကွန်ပျုတာကိုရှာခိုင်းဖို့အတွက် Search ကိုနှိပ်ပါ။
5. ဖိုင်၏ တည်ရှိရာနေရာကိုတွေ့ရင် အဲဒီဖိုင်ပေါ်မှာ right-click နှိပ် Properties ကိုရွေးပါ။ ဖိုင်၏တည်နေရာကို မှတ်ထားပါ။ ဥပမာ c:\windows\system32\undeleteablefilesname.exe.
6. Search box ကိုပိတ်ပါ။ [ မှတ်ချက် - အဆင့် ၇ ကိုကျော်လုပ်နိုင်ပါသည်။ ]
7. Start, Run ကိုဝင်ပါ CMD ရိုက် Enter ခေါက်ပါ။( OpenCommand Prompt window)
8. ဖွင့်ထားတဲ့ Programs တွေအားလုံးကို ပိတ်ပါ။
9. နောက်တစ်ကြိမ် Start, Run ကိုဝင်ပါ CMD ရိုက် Enter ခေါက်ဝင်ပါ။ TASKMGR.EXE ကိုရိုက်ပါ Enter ခေါက်ပါ။
10. Process tab မှာ Process Named Explorer.exe ကိုရွေးပါ End Process ကိုရွေးပါ။
11. Task Manager Box ကို မြင်ကွင်းမှာခဏဖျောက်ထားဖို့ရန် Minimize လုပ်ထားပေးပါ။
12. Command Prompt Windows ကိုပြန်သွားပြီး ဖိုင်တည်ရှိရာ Directory ကိုအပြောင်းအလဲလုပ်ဖို့ရန်
အတွက် လုပ်ဆောင်ပုံကို အောက်တွင် ကြည့်ပါ။

Windows\System32 directory သို့သွားရန် cd\windows\system32 ကိုရိုက် Enter ခေါက်ပါ။

မှတ်ချက် – DEL Command ကိုသုံးပြီးတော့ DEL where ဖျက်လိုတဲ့ဖိုင်ရှိရာလမ်းကြောင်း။
ဥပမာ : del undeletabel.exe

15. Alt+Tab ကိုရွေးပြီးတော့ ခုနက minimize လုပ်ထားတဲ့ Task Manager ကိုပြန်ဖွင့်ပါ။

16. Task Manager Windows ကိုရောက်လျှင် File Menu — New Task — EXPLORER.EXE ကိုရိုက်ပြီး Windows Shell ကိုပြန်လည်အလုပ်လုပ်ဖို့ရန်စတင်ပါ။

17. Task Manager ကိုပိတ်ပါ။

အဆင်ပြေပါစေ။

သွားလိုရာသို့မြန်မြန်

1. Start — Run box တွင်ရိုက်ပြီး စမ်းကြည့်ပါ။ ( Windows Key + R key ကိုတွဲနှိပ်ဖွင့်နိုင်ပါသည်။)

Accessibility Controls——- access.cpl
Add Hardware Wizard——- hdwwiz.cpl
Add/Remove Programs——- appwiz.cpl
Administrative Tools——- control admintools

Automatic Updates——- wuaucpl.cpl
Bluetooth Transfer Wizard——- fsquirt
Calculator——- calc
Certificate Manager certmgr.msc
Character Map charmap
Check Disk Utility——- chkdsk
Clipboard Viewer——- clipbrd
Command Prompt——- cmd
Component Services——- dcomcnfg
Computer Management——- compmgmt.msc
timedate.cpl——- ddeshare
Device Manager——- devmgmt.msc
Direct X Control Panel (If Installed)*——- directx.cpl
Direct X Troubleshooter——- dxdiag
Disk Cleanup Utility——- cleanmgr
Disk Defragment——- dfrg.msc
Disk Management——- diskmgmt.msc
Disk Partition Manager——- diskpart
Display Properties——- control desktop
Display Properties——- desk.cpl
Display Properties (w/Appearance Tab Preselected)——- control color
Dr. Watson System Troubleshooting Utility——- drwtsn32
Driver Verifier Utility——- verifier
Event Viewer——- eventvwr.msc
File Signature Verification Tool——- sigverif
Findfast——- findfast.cpl
Folders Properties——- control folders
Fonts——- control fonts
Fonts Folder——- fonts
Game Controllers——- joy.cpl
Group Policy Editor (XP Prof)——- gpedit.msc

Hearts Card Game——- mshearts
Iexpress Wizard——- iexpress
Indexing Service——- ciadv.msc
Internet Properties——- inetcpl.cpl
IP Configuration (Display Connection Configuration)——- ipconfig /all
IP Configuration (Display DNS Cache Contents)——- ipconfig /displaydns
IP Configuration (Delete DNS Cache Contents)——- ipconfig /flushdns
IP Configuration (Release All Connections)——- ipconfig /release
IP Configuration (Renew All Connections)——- ipconfig /renew
IP Configuration (Refreshes DHCP & Re-Registers DNS)——- ipconfig /registerdns
IP Configuration (Display DHCP Class ID)——- ipconfig /showclassid
IP Configuration (Modifies DHCP Class ID)——- ipconfig /setclassid
Java Control Panel (If Installed) jpicpl32.cpl
Java Control Panel (If Installed)——- javaws
Keyboard Properties——- control keyboard
Local Security Settings——- secpol.msc
Local Users and Groups——- lusrmgr.msc
Logs You Out Of Windows——- logoff
Microsoft Chat——- winchat
Minesweeper Game——- winmine
Mouse Properties——- control mouse
Mouse Properties——- main.cpl
Network Connections——- control netconnections
Network Connections——- ncpa.cpl
Network Setup Wizard——- netsetup.cpl
Nview Desktop Manager (If Installed)——- nvtuicpl.cpl
Object Packager——- packager
ODBC Data Source Administrator——- odbccp32.cpl
On Screen Keyboard——- osk
Opens AC3 Filter (If Installed)——- ac3filter.cpl
Password Properties——- password.cpl
Performance Monitor—— perfmon.msc
Performance Monitor——- perfmon
Phone and Modem Options——- telephon.cpl

Power Configuration——- powercfg.cpl
Printers and Faxes——- control printers
Printers Folder——- printers
Private Character Editor——- eudcedit
Quicktime (If Installed)——- QuickTime.cpl
Regional Settings——- intl.cpl
Registry Editor——- regedit
Registry Editor——- regedit32
Remote Desktop——- mstsc
Removable Storage——- ntmsmgr.msc
Removable Storage Operator Requests——- ntmsoprq.msc
Resultant Set of Policy (XP Prof)——- rsop.msc
Scanners and Cameras——- sticpl.cpl
Scheduled Tasks——- control schedtasks
Security Center——- wscui.cpl
Services——- services.msc
Shared Folders——- fsmgmt.msc
Shuts Down Windows——- shutdown
Sounds and Audio——- mmsys.cpl
Spider Solitare Card Game——- spider
SQL Client Configuration——- cliconfg
System Configuration Editor——- sysedit
System Configuration Utility——- msconfig
System File Checker Utility (Scan Immediately)——- sfc /scannow
System File Checker Utility (Scan Once At Next Boot)——- sfc /scanonce
System File Checker Utility (Scan On Every Boot)——- sfc /scanboot
System File Checker Utility (Return to Default Setting)——- sfc /revert
System File Checker \\\Utility (Purge File Cache)——- sfc /purgecache
System File Checker Utility (Set Cache Size to size x)——- sfc /cachesize=x
System Properties——- sysdm.cpl
Task Manager——- taskmgr
Telnet Client——- telnet
User Account Management——- nusrmgr.cpl
Utility Manager——- utilman
Windows Firewall——- firewall.cpl
Windows Magnifier——- magnify
Windows Management Infrastructure——- wmimgmt.msc

Accessibility Controls ——— access.cpl
Accessibility Wizard ——— accwiz
Add Hardware Wizard ——— hdwwiz.cpl
Add/Remove Programs ——— appwiz.cpl
Administrative Tools ——— control admintools
Adobe Acrobat (if installed) ——— acrobat
Adobe Designer (if installed) ——— acrodist
Adobe Distiller (if installed) ——— acrodist
Adobe ImageReady (if installed) ——— imageready
Adobe Photoshop (if installed) ——— photoshop
Automatic Updates ——— wuaucpl.cpl
Bluetooth Transfer Wizard ——— fsquirt

အောက်ပါ Command တွေကတော့ ကျွန်တော် ဘလော့တစ်ခုကိုဝင်ဖတ်ရင်းကောပီလုပ်ထားတာကို ပြန်လည် ဝေမျှခြင်းဖြစ်ပါသည်။ ကျွန်တော်ရေးသားထားခြင်းမဟုတ်ပါ။မှုရင်း ရေးသားသူအား ဒီထက်မက ပညာရည် ပိုမို တိုးတက်ပါစေကြောင်း စာဖတ်သူအားလုံးမှ ဆန္ဒပြုပေးကြပါ။

Tuesday, June 15, 2010

Thursday, June 10, 2010

အခြေခံ ကွန်ပြူတာ ပြုပြင် စောင့်ရှောက်ရန် နည်းလမ်းများ”

Clean files:
ဦးစွာ trash, temp files တွေ မလိုအပ်တဲ့ files များကို Delete လုပ်ပါ။ အောက်ဖော်ပြပါ အတိုင်းလုပ်သင့်ပါသည်။

Start > Accessories > System Tools > Disk Cleanup

001.png

Clean လုပ်ချင်တဲ့ drive ကို ရွေးချယ်ပြီး Clean လုပ်မည့် items များကို အမှတ်ခြစ်ကာ OK

002.png

Downloaded Program Files, Temporary Internet Files, Recycle Bin and Temporary Files များကိုအမှတ်ခြစ်ပြီး Clean လုပ်ဖို့ အကြံပြုပါရစေ။

Remove unwanted startup items:

မလိုအပ်သည့် startup items များကို ဖယ်ရှားခြင်းဖြင့် windows ကို boot လုပ်သည့် အခါတွင် ပို၍ မြန်ဆန်လာသည်။

အောက်ပါအတိုင်းပြုလုပ်သင့်ပါသည်။

Start Menu > Programs > Startup တွင် Windows boot သည့်အခါ မလိုအပ်သည့် programs ကို Delete လုပ်ပါ။

Start Menu > Run> တွင် msconfig.exe ရိုက်ပြီး Enter ခေါက်လိုက်ပါ။

0031.png

အမှတ်ခြစ်ထားသည့် မလိုအပ်သည့် items များကို ဖယ်ရှားပါ။

003.png

မည်သည့် Items များကို ဖယ်ရှားရန် ဇဝေဇ၀ါ (သို့) မသေမချာ ဖြစ်နေပါက Google တွင်ရှာဖွေရန် အကြံပြုပါရစေ။

Remove unwanted programs or applications

ကွန်ပြူတာတွင် installed လုပ်ထားသော programs အများအပြား ရှိနေပါလိမ့်မည်။ program မြောက်များစွာ installed ထားခြင်းဖြင့် ကွန်ပြူတာ system ကို နှေးကွေးစေပါသည်။ ထို့ကြောင့် အသုံးမပြုသည့် program များကို uninstall ပြုလုပ်ခြင်းဖြင့် ကွန်ပြူတာ ပိုမိုမြန်ဆန်လာပါ လိမ့်မည်။

မလိုလားသည့် programs များကို အောက်ပါအတိုင်းဖယ်ရှားနိုင်ပါသည်။

Start > Control Panel > Add or Remove Programs

004.png

မည်သည့် program များကို ဖယ်ရှားရန် ဇဝေဇ၀ါ (သို့) မသေမချာ ဖြစ်နေပါက Google တွင်ရှာဖွေရန် အကြံပြုပါရစေ။

Defrag your hard drive:

Start Menu > Programs > Accessories > System Tools > Disk Defragmenter/Check Now

Defrag လုပ်ချင်သည့် Disk ကို ရွေးပြီး Defrag လုပ်ပေးပါ။ သင့် Disk ကို Defrag တခုပြီးတခု အလိုအလျှောက် Defrag ပြုလုပ်ရန် နည်းလမ်းကို ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။

သင့် Disk များကို အနည်းဆုံး ၁ လ အကြိမ် Defrag ပြုလုပ်ရန် အကြံပြုပါရစေ။

သင့်ကွန်ပြူတာ Anti viruses ကို မှန်မှန် update လုပ်ပြီး scan လုပ်ပေးရန်အကြံပြုပါရစေ။

နောက်ဆုံးအနေဖြင့် ကွန်ပြူတာ system case ကို ဖွင့်ပြီး ဖုန်များကို သုတ်သင်ရှင်းလင်းပါ။ ဖုန်မှုတ်စက်၊ စုတ်တံများကို အသုံးပြုပြီး ၅ လ တကြိမ်ခန့် ဖုန်များကို ရှင်းလင်းပါ။ ဖုန်သည် ကွန်ပြုတာအတွက် အလွန်ပြဿနာ ဖြစ်စေပြီး၊ ပျက်စီးစေသော နံပါတ် ၁ ကွန်ပြူတာ ဖျက် လက်နက် ဖြစ်သည်။

ဒိုင်ယာရီထဲက အိမ်မက်များ

owd&pdwfwdkYom..

avmifuWrf;wwfygvQif

uRefawmfY b,fbuf&ifcGifrSSm

bmawG&SdaerSmvJ.....

toufoGif;cGifYr&cJYwJY arQmfvifYcsufawGu

yifv,fxufydkjyD;MuD;rm;aeqJ....

wpfpHkwckaom ,HkMunfcsufwdkY&JY

rSm;,Gif;cJYrdwJY......trSefw&m;awGu

aemufjyefvSnfYzdkY cufaejyDyJ....

olwpfa,mufudkyJtjrJaysmf&Tifapcsifwmu...avmb

olYtem;rSmtjrJaecsifwmu..........arm[

tjrJnHzsif;cJYwJY udk,fYudk,fudk........a'go

uRefawmfuawmY vlnHwpfa,mufjzpfaeqJ.....

tcgrJY &GmrdwJY rdk;a&pufawGrdkY

oltjypfeJYol....uRefawmftjypfeJYuRefawmf

Mu,faMuGvGef;wJYaumif;uifMuD;udkvJ udk,fcsif;pmwwfcJYjyD......

ဒါပေမယ့်....

မှားယွင်းမှုနှစ်ဆ..တွေဝေမှုသုံးဆ...မိုက်မဲမှုတစ်ဆနဲ့

အချိုးကျနေတဲ့ကျွန်တော်..


ဆုတောင်းမှားခဲ့တဲ့ ကျွန်တော်ရဲ့ အိမ်မက်တွေကို..ဒိုင်ယာရီထဲမှာပဲ..

စနစ်တကျသိမ်းဆည်းဖို့ကြိုးစားနေဆဲ။ ။

wu,fawmY.....uRefawmfqdkwm

cHpm;csufoufoufeJYavmifuRrf;aewJYrD;awmufwpfckjzpfae&JU....


oleJYuRefawmf&JUtqHk;owfcGifYr&wJY arQmfvifYcsufawGudkvnf;

avxJrSmyJ..ysHoef;aeqJ...

ysHoef;aeqJyJ.......

jynfUpHk