SD ကတ်လေးတစ်ခုထဲနဲ့ ကျွန်တော်တို့တွေရဲ့
များပြားလှတဲ့အချက်အလက်အကုန်လုံးကို သိမ်းနိုင်တော့မယ်ဆိုရင် ဒါက
ကျေနပ်စရာကိစ္စကြီးပဲ ဖြစ်ပါတယ်။
SD Association ကနေ SD Express ဆိုတဲ့ format အသစ်တစ်ခုကို မိတ်ဆက်လိုက်ပါပြီ။
ဒီ format အသစ်က PCI Express နဲ့ NVMe interface တွေကို ကတ်တစ်ခုထဲမှာ
ပေါင်းထည့်ထားတာပါ။ တစ်စက္ကန့်မှာ 985MB ပမာဏတောင်
လွှဲပြောင်းပေးတော့မှာဆိုတော့ SD ကတ်တွေထဲမှာဆိုရင် သိပ်ကို
မြန်ဆန်တဲ့နှုန်းလို့ ပြောလို့ရပါတယ်။
ဒီကတ်အသစ်မှာ သိုလှောင်နိုင်တဲ့ပမာဏကလည်း 2TB ကနေ 128TB ထိတောင်ဆိုတော့
အရမ်းကို အံဩလောက်စရာပါပဲ။ ဒါဆိုရင်တော့ Hard drives တွေရဲ့ နေရာမှာ SD
ကတ်တွေ အစားထိုး ဝင်ရောက်လာတော့မှာပါ။ ဒါပေမယ့် အချက်အလက်
လွှဲပြောင်းပေးတဲ့နှုန်းမှာတော့ Hard drives တွေက ပိုမြန်တာကိုတော့
ငြင်းလို့မရပါဘူး။
Format အသစ်နဲ့သာဆိုရင် SD ကတ်လေးတစ်ခုထဲနဲ့ အရည်အသွေးမြင့် HD movie
ပေါင်း ၂၅၀၀၀လောက် သိမ်းထားနိုင်မှာပဲဖြစ်ပါတယ်။ ဓာတ်ပုံတွေပဲ
သိမ်းမယ်ဆိုပါစို့။ တစ်ပုံကို 500kB လောက်ရှိမယ်ဆိုရင် ပုံပေါင်း
256မီလီယမ်တောင် သိမ်းထားလို့ရမှာဆိုတော့ ဓာတ်ပုံရိုက်နေရင်း Memory
မရှိတော့လို့ ပုံတွေ လိုက်ဖျက်ပစ်ရတဲ့ဘဝကို တာ့တာပြလိုက်လို့ ရပါပြီ။
ဒါ့အပြင် သီချင်းတွေပဲ သိမ်းမယ်ဆိုရင် သီချင်းအပုဒ်ရေပေါင်း
25.6မီလီယမ်တောင် သိမ်းထားနိုင်မှာပါတဲ့။
အရင်က SD ကတ်တွေထက် သိုလှောင်နိုင်မှုရော အချက်အလက်လွှဲပြောင်းတဲ့အချိန်
မြန်နှုန်းမှာရော လုံးဝသာလွန်နေတဲ့ ဒီ format အသစ် SD ကတ်တွေက 4K၊ 8K နဲ့ VR
ဗီဒီယိုတွေ ဖန်တီးနေတဲ့ ရိုက်ကူးရေးသမားတွေအတွက်တော့ တကယ်ကို
ဆုလာဘ်တစ်ခုလို့တောင် ပြောရမလားပါပဲ။
ဒါပေမယ့် 128TB ဆိုတာက သီအိုရီအရတော့ ဖြစ်နိုင်ပေမယ့် တကယ်တမ်းထုတ်ဖို့က
ဈေးနှုန်းပိုင်း အတော်လေး မြင့်မှာ ဖြစ်ပါတယ်။ သိုလှောင်မှုပမာဏ 512GB
ရှိတဲ့ကတ်တွေတောင် ဒေါ်လာရာဂဏန်းလောက် ကျသင့်မှာဖြစ်ပြီး 1TB ဆိုရင်
အတော်လေး ဈေးကြီးနေမှာ ဖြစ်ပါတယ်။ အဲဒီတော့ 128TB ကတ်ကို လိုချင်ရင်တော့
ငွေကြေးပမာဏ တော်တော်များများကို ပြင်ဆင်ထားရမှာပါ။ ဈေးကွက်ကို ကမောက်ကမ
လုပ်ပစ်မလားတောင် ခန့်မှန်းမိနေပါတယ်။
Ref : Engadget "You may soon store your entire media collection on one SD card"
Scarlett (ရိုးရာလေး)
Friday, July 6, 2018
Windows 32 bit နဲ့ 64 bit ကွာခြားချက်
Windows 32 bit နဲ့ 64 bit ကွာခြားချက်

Windows, Macintosh, Linux စတဲ့ Computer OS (operating system) တွေမှာ 32 bit နဲ့ 64 bit ဆိုပြီး အမျိုးအစား နှစ်မျိုး ရှိပါတယ်။ တစ်ကယ်တော့ 32 bit တို့ 64 bit တို့ဆိုတာ computer ရဲ့ CPU (central processing unit) က အချက်အလက်တွေကို ဘယ်လို ကိုင်တွယ်သလဲဆိုတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ 64 bit OS တွေက RAM (Random Access Memory) များများကို ကိုင်တွယ် ဖြေရှင်းနိုင်ပြီးတော့ 32 bit ထက်ပို စွမ်းဆောင်ရည် မြင့်ပါတယ်။
ဒါဆိုရင် ရှိသမျှ computer တွေအားလုံး 64 bit တင်လိုက်ရတော့မလား?
အဲလိုလည်း မဟုတ်ပါဘူး။ စွမ်းဆောင်ရည် ပိုမြင်တဲ့ 64 bit ကို တင်မယ်ဆိုရင် 64 bit ကို မောင်းနှင်ပေးနိုင်တဲ့ CPU နဲ့မှ ဖြစ်ပါမယ်။ မရှားပေမယ့် စက်တိုင်းမှာ 64 bit run လို့မရပါဘူး။ ဒါကြောင့် 64 bit မမောင်းနှင်နိုင်တဲ့ computer မှာ 64 bit မတင်သင့်ပါဘူး။ဒါဆို 64 bit မောင်းနှင်နိုင်တဲ့စက် ဟုတ်/မဟုတ် ဘယ်လိုစစ်မလဲ?
၁။ ဘာနည်းပညာမှ မလိုဘဲ စစ်ဆေးနည်းကတော့ ဆိုင်တွေမှာ စဝယ်ဝယ်ချင်း တင်ထားတဲ့ OS version ကိုအသုံးပြုတာ အကောင်းဆုံးပါပဲ။ ဝယ်တုန်းက 32 bit တင်ထားတယ်ဆိုရင် ပြန်တင်တဲ့အခါမှာလည်း 32 bit တင်ပါ။ ဝယ်တုန်းက 64 bit တင်ထားရင် ပြန်တင်တဲ့အခါ 64 bit ပဲတင်ပါ။၂။ “မဟုတ်သေးပါဘူး၊ နည်းပညာကျကျ သိချင်တာ” ဆိုရင်တော့ အလွယ်နည်း တစ်ခုကတော့ ကိုယ့်ရဲ့ Windows မှာ (Mac, Linux မရပါ) SecurAble ဆိုတဲ့ software လေးတစ်ခုတင်ပြီး စစ်ကြည့်လို့ရပါတယ်။ Download လုပ်ရတာလည်း file size မကြီးပါဘူး။ Download လုပ်ပြီး run လိုက်တဲ့အခါ


၃။ ဒီ tool download လုပ်ဖို့ အဆင်မပြေဘူးဆိုရင်တော့ Control panel ကိုသွားပါ။ View by မှာ Small icons ကို ရွေးပြီး Performance Information and Tools ကို နှိပ်ပါ။ အောက်ကပုံမှာကြည့်ပါ။



Effect ကောင်းကောင်း subtitles စာတန်းတို့နဲ့ Video ပြုလုပ်မယ်-VivaVideo: Free Video Editor 7.1.1 APK

Android
ဖုန်းကိုင်းဆောင်းထားသော ဘော်ဒါတို့အတွက် မိမိကြိုက်နှစ်သက်တဲ့ Video
လေးတွေကို အကောင်းဆုံး တည်းဖြတ်, Effect ကောင်းကောင်း subtitles
စာတန်းတို့နဲ့ Video ပြုလုပ်မယ် Android application လေးတစ် နောက်ဆုံးထွက်
ဗားရှမ်သစ်လေးကို တင်ပေးလိုက်ပါတယ်။တည်းဖြတ်နိုင်ပြီး မိမိကြိုက်တဲ့ video
တွေထဲက မိမိကြိုက်နှစ်သက်တဲ့အခန်းလေးတွေကို
ဓာတ်ပုံတွေအဖြစ်နဲ့ပါထုတ်နိုင်ပြီး video တွေကိုလဲ mp3 သီချင်းတွေဖြစ်တဲ့
audio တွေအဖြစ်သို့ပြောင်းထုတ်နိုင်ပါသေးတယ် ။ ရီစရာဟာသ Video လေးအဖြစ်လည်း
ဓါတ်ပုံများ Video များကိုဖန်တီးပေးနိုင်ပါသေးတယ်။ မိမိကြိုက်တဲ့ effect
လှလှလေးတွေနဲ့အလန်းစားလေး ပြင်နိုင်သလို subtitles
အနေနဲ့စာတန်းလေးတွေပါထည့်ထိုးနိုင်ပါတယ် ဒါ့အပြင်ဓာတ်ပုံတွေသီချင်းတွေနဲ့
ဖန်တီးယူနိုင်သလိုလိုင်းထဲကိုလဲတခါတည်းရှယ်နိုင်ပါတယ် ။Application
လေးရဲ့ပုံစံကိုကြည့်နိုင်ဖို့ Screen တွေ
ကိုအောက်မှရိုက်ပြထားပါတယ်ဗျာ။ဒီကောင်လေး၏ဖိုင်းဆိုဒ်လေးကတော့ 41 MB
ဖြစ်ပြီး Android OS 2.3.3 အထက်ရှိဖုန်းများသုံးနိုင်ပါတယ်ဗျာ။
ဒီနေ့ထွက် - Facebook Messenger 173.0.0.28.82 APK နောက်ဆုံးထွက်

facebook
သုံးတဲ့ဘော်ဒါတို့အတွက် facebook messenger လေးကိုတင်ပေးလိုက်ပါတယ်။
ဒီကောင်လေးကိုတော့အားလုံးသူသိပြီးဖြစ်မှာပါ။ facebook
နှစ်ကောက်ရှိသူများအတွက်ကတော့ ပိုပိုကောင်းပါတယ်။ ဘာဖြစ်လို့ဆိုတော့
facebook apk တစ်ခုသုံး facebook messenger မှာတစ်ခုသုံးပေါ့ ။ နောက်ပြီး
ဒီမှာတော့ ဟိုတုန်းက version ထက် ချစ်စ၇ာ အရုပ်ကလေးများပါလာတာကိုတွေ၇ပါတယ်။
updated သုံးချင်းတဲ့ဘော်ဒါတို့အတွက် အောက်မှာဒေါင်းနိုင်ပါတယ်။
Wednesday, July 4, 2018
Android ဖုန်းထဲ့မှာ ကြိုက်တာဒေါင်းလို့ရတဲ့ - Google Play Store 10.7.19 Apk

Android ဖုန်းထဲ့မှာ ကြိုက်တာကို ဒေါင်းလုပ် install လုပ်လို့ရတဲ့
Google Play store နောက်ဆုံးထွက် version သစ်လေးကိုတင်ပေးလိုက်ပါတယ်။
ဒီကောင်လေးမှာတော့ မိမိကြိုက်တဲ့ android application
ထည့်သွင်းလို့၇နိုင်တဲ့ android application လေးတစ်ခုလည်းဖြစ်ပါတယ်။
နောက်ပြီး မိမိသုံးထားသော Android application တွေကိုလည်း updated
လုပ်ဆောင်နိုင်တဲ့ android application လေးဖြစ်ပါတယ်။ဒီကောင်လေး ၏ version
ကတော့ Google Play Store 10.7.19 Apk နောက်ဆုံးထွက်ပါ။
အသုံးပြုလို့သူများအတွက် အောက်မှာဒေါင်းလုပ်ဆွဲနိုင်ပါတယ်။ ဒီကောင်လေး၏
ဖိုဒ်ဆိုဒ်လေးကတော့15.15MB ဖြစ်ပြီး ဒီကောင်ကိုတော့ ဖုန်းအားလုံးမှာထည့်သွင်းနိုင်ပါတယ်။
ဝင်းလှိုင်-နည်းပညာ
MPT, Telenor, Ooredoo, MecTel စတဲ့ မို့ဘိုင်းဖုန်းသုံးသူတိုင်းဆောင်ထားသင့်တဲ့ ဆော့ဝဲ
ပြည်တွင်းက ဆက်သွယ်ရေးအော်ပရေတာတွေဖြစ်တဲ့ MPT, Telenor, Ooredoo, MecTel အပြင် အသစ်စတင်မိတ်ဆက်လိုက်တဲ့
MyTel တို့ရဲ့ ဆားဗစ်ဆိုင်ရာတွေကို အလွယ်တကူ ရယူအသုံးပြုနိုင်မယ့် App ဖြစ်ပါတယ်။ ဖုန်းဘေလ်ဆိုင်ရာ၊ ဒေတာဆိုင်ရာအစုံ အပြင်
မတူညီတဲ့ အော်ပရေတာတွေရဲ့ Service Plan တွေကို
အလွယ်တကူ ရယူအသုံးပြုနိုင်အောင် ဖန်တီးထားပါတယ် ။
လိုအပ်သူများ အောက်မှာ ဒေါင်းယူပါ။
MyTel တို့ရဲ့ ဆားဗစ်ဆိုင်ရာတွေကို အလွယ်တကူ ရယူအသုံးပြုနိုင်မယ့် App ဖြစ်ပါတယ်။ ဖုန်းဘေလ်ဆိုင်ရာ၊ ဒေတာဆိုင်ရာအစုံ အပြင်
မတူညီတဲ့ အော်ပရေတာတွေရဲ့ Service Plan တွေကို
အလွယ်တကူ ရယူအသုံးပြုနိုင်အောင် ဖန်တီးထားပါတယ် ။
လိုအပ်သူများ အောက်မှာ ဒေါင်းယူပါ။
ဝင်းလှိုင်-နည်းပညာ
Credit: နည်းပညာလမ်းညွန်
Subscribe to:
Comments (Atom)











