Sunday, October 24, 2010

TV, MOVIES,Radio များကို Online ကြည့်ရန်

Readon TV Movie Radio Player 7.2.0.0 Portable

ဒီပလေယာလေးကထူးခြာားတာက မြန်မာအန်တာတိတ်မန့်

ကထုတ်လွှင့်ပြသနေတဲ့ ရုပ်ရှင်၊ ပြပွဲ ၊ ရှိုးပွဲ ၊လက်ဝှေ့ပွဲ များကို

ကြည့်ရှုနိုင်သည့်အပြင်၊ပရီမီယာလိဒ် ဘောလုံးပွဲများတိုက်ရိုက်ကြည့်

ရှုနိုင်ခြင်း၊နိုင်ငံတကာ အားကစားပွဲများတိုက်ရိုက်ကြည့်ရှုနိုင်ခြင်း၊

ထုတ်လွင့်ပြသနေသာနိုင်ငံတကာရုပ်ရှင် channel ပေါင်းမြောက်များစွာ

ကို live ကြည့်ရှုနိုင်ပါတယ်။

အင်စတောသွင်းစရာမလိုပဲ ဖိုဒါအတွင်းရှိ တီဗွီ ပုံလေးကိုတိုက်ရိုက်နှိပ်ပါ။

သူအလိုလို channel update လုပ်သွားပါလိမ့်မည်။

ပြီးသွားပါက software engine new version update လုပ်ခိုင်းပါက No ပေးလိုက်ပါ။

ကြည့်ရှုရန်အသင့်အနေအထားမြင်တွေ့ရပါမည်။

စစချင်းမြင်တွေ့နေရတဲ့ channel များကတော့Tv channel အောက်ရှိ နိုင်ငံအလိုက်ကြည့်ရှုနိုင်သောUp to date channel များဖြစ်ပါတယ်။

Tv channel ရဲ့ညာဖက်ဘေးမှာက Radio channel

, Radio channel ရဲ့ ညာဖက်ဘေးက live sport

Channel ဖြစ်ပါတယ်။ပရီမီယာလိ ပွဲများ၊ နိုင်ငံတကာ

အားကစားပွဲများကို Live sport chnnel တွင် တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။

ကြည့်ရှုသည့်အစီအစဉ်များကို Recording လည်းလုပ်ထားနိုင်ပါသည်။

ပလေယာလေးရဲ့အပေါ်တွင် Plugins title ပါဝင်ပါသည်။

အဆိုပါ Plugins လေးကိုနှိပ်ပြီးပလေယာအတွက်လိုအပ်သော

Tvu plugin, vlc plugin, sopcast ,shoutcast ,youtube plugin များကို တခုစီနှိပ်ပြီး

အင်စတောသွင်းလိုက်ပါ။

Plugins များအင်စတောသွင်းပြီးပါက plugins title ဘေးတွင် 3rd party tv/Radio title တွင်မိမိအင်စတောသွင်းထားသော Plugin များကိုတွေ့မြင်နိုင်ပါသည်။

အဆိုပါ plugin များမှ Tvu player ကိုနှိပ်ပါ။

Tvu player ပွင့်လာပါက country တွင်Myanmar(Burma) ကိုရွေးပါ။

ရွေးပြီးပါက Myanmarinternationaltv မှတင်ဆက်ထုတ်လွင့်သော

Entertainment channel ၂ခု ( movies,news) ကိုတွေ့ရပါမည်။

Movie ကဏ္ဍတွင် လက်ဝှေ့/ ရုပ်ရှင်များ

News ကဏ္ဍတွင်

ပြပွဲ၊ဖွင့်ပွဲ၊ရှိုးပွဲ၊ IT show၊Miss Bonne များ

HD Quality အပြည့် ရုပ်သံကြည်လင်စွာဖြင့်အထစ်အငေါ့မရှိ

တီဗွီဖန်သားပြင်ပေါ်တွင်ကြည့်ရှုနေသည့်အလားကြည့်ရှုခံစားနိုင်ပါတယ်ခင်ဗျာ။

Download လုပ်ရန်

Tuesday, October 12, 2010

နက်ဝခ် ချိတ်ဆက်ခြင်း

LAN = Lacal Area Network
Network
နက်ဝခ် ချိတ်ဆက်ခြင်း Networking ကို ကွန်ပျူတာ နှစ်လုံး သို့မဟုတ် နှစ်လုံးထက်ပိုမို ချိတ်ဆက်ခြင်းကို နက်ဝခ်ဟုခေါ်သည်။ ဝီကီပီးဒီးယား wikipedia ၏အနက် ဖွင့်ဆိုချက်အရ ကွန်ပျူတာ အစုအဝေးလိုက် အားလုံးချိတ်ဆက်ခြင်းကို အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနမှ Advanced Research Projects Agency Network (ARPANET) မှ 1960 ပြည့်နှစ်လွန်နှစ်များနှင့် 1970 နှစ်များတွင်စတင်ခဲ့ခြင်းဖြစ်သည်။
နက်ဝခ်ကို စမ်းသပ်ချိတ်ဆက်ခြင်းပြုလုပ်ရာတွင် ကွန်ပျူတာ တစ်လုံးထဲရှိပါကလည်း VMware သို့မဟုတ် Microsoft Virtual Machine စသည့် ဆောဖ်ဝဲလ်ကို အသုံးပြုပြီး ကွန်ပျူတာ အတု တစ်လုံးလုပ်ပြီး ချိတ်ဆက်နိုင်သည်။
နက်ဝခ်ချိတ်ဆက်ရာတွင်
PAN (WPAN)
LAN (WLAN)
CAN
MAN
WAN
GAN ဟု ခြောက်ခုခွဲခြားထားပါသည်
PAN ဆိုသည်မှာ Personal Area Network ဖြစ်ပါသည်။ Wireless Personal Area Network WPAN လည်း ပါဝင်ပါသည်။ ၁၈ ပေမှ ၂၇ ပေအတွင်း ကိုယ်ပိုင်ကွန်ပျုတာနှင့် ချိတ်ဆက်နိုင်သော အစုအဖွဲ့ဟု လည်း အဓိပ္ပါယ်ရပါသည်။ ချိတ်ဆက်ရာတွင် USB, Firewire, Bluetooth, IrDA တို့ဖြင့် ချိတ်ဆက်သော PDA ၊ ပရင်တာ၊ တယ်လီဖုန်း၊ စကန်နာ စသည်တို့ ဖြစ်ပါသည်။
LAN = Local Area Network
ရုံး၊ အိမ်၊ အဆောက်အဦများတွင် အသုံးပြုသည့် နက်ဝခ်စနစ်ကို ခေါ်ပါသည်။ ခေတ်ပေါ် နက်ဝခ်စနစ်သည် Ethernet နည်းပညာပေါ်တွင် အခြေခံသည်။ များသောအားဖြင့် သုံးသည်မှာ Cat5 ကြိုးများကို အသုံးပြုသည်။ cat5 ဆိုသည်မှာ IEEE802.3 protocol အရ သတ်မှတ်ခြင်းဖြစ်သည်။ IEEE 802.3 အရ အမြင့်ဆုံးမြန်နှုန်းသည် 1Gbit/s ဖြစ်သည်။ ကြိုးမဲ့စနစ်များအတွက် 802.11 a/b/g/n/y ဟု IEEE protocol များလည်းရှိပါသည်။ အေအတွက် 5GHz ကြိမ်နှုန်းရှိပြီး 54 Mbps ဖြစ်ပါတယ် အသေးစိတ်ကို အောက်က ဇယားမှာ ကြည့်ပါ။


Wireless local area network standards
802.11
Protocol Release[1]
Freq.
(GHz) Typ throughput
(Mbit/s)
[citation needed] Max net bitrate
(Mbit/s) Mod. rin.
(m) rout.
(m)
– 1997
2.4 00.9 002 IR/FH/DSSS ~20 ~100
a 1999
5 23 054 OFDM ~35 ~120
b 1999
2.4 04.3 011 DSSS ~38 ~140
g 2003
2.4 19 054 OFDM ~38 ~140
n Exp. 2009
2.4
5 74 600 OFDM ~70 ~250[2]
y 2008
3.7 23 054 OFDM ~50 ~5000



နက်ဝခ် တစ်ခုချိတ်ဆက်ပုံ နမူနာပုံပါ

နက်ဝခ်များ ချိတ်ဆက်သည့်အခါတိုင်းတွင် Layer 3 တွင်သာ အလုပ်လုပ်ပါသည်။ ဘာကြောင့်လဲဆိုတော့ subnets နက်ဝခ်အခွဲများကြောင့် ဖြစ်ပါသည်။ နက်ဝခ်ချိတ်ဆက်မှုများကို 10မှ 1024 မဂ်ဂါဘစ်ကို တစ်စက္ကန့်နှုန်းဖြင့် သွားသော နှုန်းဖြင့် အလုပ်လုပ်ပါသည်။ ထိုကဲ့သို့သွားသည် နက်ဝခ်ကဒ်၊ ရောက်တာ၊ ဆွခ်ျ Network Card (Network Interface Card = NIC= Ethernet Card) Router, Switch တို့ကို layer 3 Switches ဟုခေါ်ပါသည်။ ၎င်းတို့ကသာလျှင် IP (Internet Protocol) ကို နားလည်ပါသည်။ ထို အိုင်ပီကို နားလည်မှာသာ အင်နာနက်ကို လမ်းကြောင်းရှာဖွေနိုင်မည်ဖြစ်သည်။ ထိုအိုင်ပီသည် 1972, Robert E. Kahn မှစတင်ခဲ့ခြင်းဖြစ်သည်။ ထိုသူမှ TCP/IP ဟုခေါ်သည့် Transmission Control Protocol နှင့် Internet Protocol ကို တီထွင်သုံးစွဲခဲ့သည်။ ကမ္ဘာ့နိုင်ငံများစွာတွင် အများဆုံးအသုံးပြုနေသည့် အင်တာနက် စတင်တီထွင်ခဲ့သူလည်းဖြစ်သည်။ လက်ရှိ အသုံးပြုနေသည့် စနစ်မှာ Version 4 ဖြစ်သည်။ 2006 မှ စတင်ခါ Version 6 ကို စတင်သုံးလျက် ရှိသည်။ IPv4 သည် 8bit လေးခုတွဲ စနစ်ဖြစ်သည်။

00000000.00000000.00000000.00000000 မှ

11111111.11111111.11111111.11111111 အထိ ဖြစ်သည်။ အဆိုပါ စနစ်မှာ binary system ဖြစ်သည်။

၂ ပါဝါ ၃၂ ဖြစ်ပြီး 4294967296 လုံးသော ကွန်ပျူတာများကို ချိတ်ဆက်နိုင်ပါသည်။ အတန်းအားဖြင့် ငါးတန်းခွဲခြားထားပါသည်။ Class A, B, C, D and E ဖြစ်ပါသည်။ ဂဏန်းအားဖြင့် ရေးလျှင်

0.0.0.0 မှ

255.255.255.255 အထိ ဖြစ်ပါသည်။

LAN စနစ်ဖြင့် နက်ဝခ်ချိတ်ဆက်ရာတွင် အသုံးပြူသည့် ကြိုး၊ ဆွခ်ျ၊ နက်ဝခ်ကဒ်နှင့် အသုံးပြူသည့် ပုံစံအားဖြင့် ကွာခြားချက်အရ မြန်နှုန်းနှင့် ဖိုင်ရွှေ့ပြောင်းနှုန်း ကွာခြားနိုင်ပါသည်။

နက်ဝခ်ကြိုးများအကြောင်းကို ရှာဖတ်ကြည့်ပါ
Campus Area Network (CAN)
လန်ချိတ်ဆက်မှုထက် ပိုမိုကြီးမားတဲ့ အင်တာနက်ချိတ်ဆက်မှုတစ်ခုပါ။ များသောအားဖြင့် ဆူပါမားကက်တို့ တက္ကသိုလ်တို့ ကောလိပ်တို့ စက်ရုံအကြီးကြီးတွေနဲ့ ကွန်ဒိုတွေ စစ်အခြေစိုက်စခန်းတွေမှာ သုံးပါတယ်။ MAN နဲ့ တူပါတယ်။ ဒါပေမယ့် မန်လောက်မကြီးပါဘူး။

Metropolitan Area Network (MAN)
မြို့နယ်နမိတ်တစ်ခုလုံးကို ခြုံမိတဲ့ နက်ဝခ်စနစ်တစ်ပါ။ များသောအားဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ အားလုံးသောပြည်သူတွေ သုံးနိုင်အောင် ကွန်ယက်တစ်ခုကို တည်ဆောက်ထားတာပါ။
Wide Area Network (WAN)
တစ်မြို့ထက်ပိုပြီး မြို့ဧရိယာကို ကျော်သွားတဲ့နက်ဝခ်ကို ခေါ်တာပါ။ အဲဒီ နက်ဝခ်တွေ အကြောင်းကို ပြောမယ်ဆိုရင် OSI reference model ကို အလွတ်ကျက်ထားရပါမယ်
ခုနစ်ခုရှိပါတယ်။ နက်ဝခ်နဲ့ ပတ်သက်ရင် သူက ကကြီးအဆင့်မှာပဲ ရှိပါတယ်။ ဘယ်အချိန်မှာမေးမေးရနေ ရမယ့်စာတွေဖြစ်ပါတယ်။

Global Area Network (GAN)
ဟိုးအရင်ကတော့ အင်တာနက် ဆိုတာ အမေရိကန်မှာပဲ အခြေစိုက်ပါတယ်။ အီးမေးတွေ အင်တာနက်လိပ်စာတွေ ပေးရင်တောင်မှ .com ကို သုံးနိုင်မှ လူပိုအထင်ကြီးတာပေါ့။ နောက်ပိုင်းကမ္ဘာရွာကြီးဖြစ်လာတော့ .com .mm .kh .tl တွေ ဘာတွေ ဖြစ်ဖြစ် အရေး မကြီးတော့ပါဘူး။ ဂြိုလ်တုစနစ်သုံး အင်တာနက်ပဲပေါ့။

Internetwork

OSI Basic Reference Model, သုံးထားတဲ့ နက်ဝခ်စနစ်တွေ တစ်ခုကနေ တစ်ခုကို ချိတ်ဆက်ထားခြင်း ဖြစ်ပါတယ်။ အင်တာနက်တစ်ခုကနေ ဆာဗာတစ်ခုကနေ ဆာဗာတစ်ကို ကူးပြောင်းသွားရောက် ကြည့်ရှုလုပ်ဆောင်ခြင်းပဲပေါ့။ သိဖို့ လိုအပ်တာတွေကတော့ အင်တြာနက်၊ အိတ်စတြာနက်နဲ့ အင်တာနက် တို့ပဲဖြစ်ပါတယ်။
အင်တြာနက်နဲ့ အိတ်စတြာနက်တို့ဆိုတာ အင်တာနက်ကို တစ်ချိန်လုံး ချိတ်ထားချင်လည်း ချိတ်ထားမယ် မချိတ်ချင်လဲ မချိတ်ဘူး။ ဒါပေမယ့် အင်တာနက်က ဒေတာတွေကိုတော့ သူ့ဆာဗာပေါ်မှာ တင်ထားတယ်။ အင်တာနက်မရလည်း သူ့ဆာဗာက အင်တာနက်ပုံစံအတိုင်း တခြားဆာဗာက ဟာတွေကို ဆွဲချတာပေါ့။ အော့ဖ်လိုင်း အင်တာနက်လို့လည်း ခေါ်မယ်ဆိုရင် ခေါ်လို့ရတာပေါ့။
နောက်ပြီး အင်တြာနက်ကို နက်ဝခ်အစုအဖွဲ့တစ်ခုလို့လည်းခေါ်ပါတယ်။ အိုင်ပီကို အခြေခံပြီး လုပ်ပါတယ်။ နောက်ပိုင်းမှပဲ အိုင်ပီနဲ့ ပတ်သက်တာကို အသေးစိတ် ပြောပေးပါ့မယ်။ လူတွေမှာလက်ဗွေမတူသလို အိုင်ပီကလည်း တစ်ကမ္ဘာလုံး တစ်ယောက်နဲ့ တစ်ယောက်မတူပါဘူး။ 192.168.10.224 ဆိုပြီး ပေးတယ်ဆိုပါတော့။ ဒါက ကိုယ့်ရဲ့ ကိုယ်ပိုင်နံပါတ်ထင်ပေမယ့်။ အဲဒါက အိမ်တွင်း ဒါမှ မဟုတ် ရုံးတွင်း နံပါတ်တစ်ခုပါ။ အပြင်တစ်ခု ထွက်လိုက်တာနဲ့ အင်တာနက်ရောင်းပေးတဲ့ကုမ္ပဏီက ပေးတဲ့နံပါတ် ဖြစ်နေပါတယ်။ အဲဒီကနေပြီး ဆက်တိုက်လိုက်နိုင်တာပေါ့။ သင်ဘယ်မှာ ရှိနေတယ်ဆိုတာကို အင်တာနက်ကနေ အမြဲတမ်းလိုက်ကြည့်နေနိုင်သလို သင်ကိုယ်တိုင်ကလည်း ultrasurf, yourfreedom, freegate, gpass. gtunnel စတဲ့ ဆော့ဖ်ဝဲတွေ သုံးပြီးတော့လည်း ကိုနေကို ပျောက်အောင်လုပ်ထားနိုင်ပါတယ်။
နောက်ပြီးတော့ အင်တြာနက်ကို အဖွဲ့အစည်းတစ်ခုရဲ့နက်ဝခ်လို့လည်း အဓိပ္ပါယ်ဖွင့်ကြပါတယ်။
Extranet
အိတ်စတြာနက်ဆိုတာကတော့ အဖွဲ့အစည်းတစ်ခုတည်းပိုင် အင်တာနက်တစ်ခုပါ။ ဥပမာအားဖြင့် ကုလသမဂတို့ ပြင်သစ်နိုင်ငံခြားရေးရုံးတို့က သုံးတာမျိုးပါ။ သူတို့တွေက အလုပ်အားလုံးကို အင်တာနက်ပေါ်တင်ပြီး အွန်လိုင်းပေါ်မှာပဲ သုံးတယ်။ သုံးတဲ့သူရဲ့ နာမည်နဲ့ ကုဒ်ကို ဖြည့်ပြီးမှ ဝင်သုံးနိုင်တဲ့နေရာမျိုးပါ။ နက်ဝခ်အပိုတစ်ခု ကိုသုံးတာမျိုးလို့ ဆိုပါတယ်။
Internet
အင်တာနက်ကတော့ ဘာလည်း အားလုံးသိကြတဲ့အတိုင်းပါပဲ။ သင်တန်းတက်ရင် 7000 လောက်တောင်းပါတယ်။ ချက်တင်းလုပ်ပါတယ်။ မေးသုံးပါတယ်။ ကျနော့်ဖွင့်ဆိုတဲ့ အဓိပါယ်ကတော့ အင်တာနက်ဆိုတာ ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက်ပါ။ ကိုယ်ကြိုက်တဲ့ စာကို ကိုယ်သင်ချင်တာကို ဖတ်နိုင်မယ်ဆိုရင် သင်နိုင်တဲ့နေရာတစ်ခုပေါ့။ ဝီကီပီးဒီယား ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကတော့ အစိုးရချင်း နိုင်ငံချင်းပြည်သူချင်း နက်ဝခ်ပေါင်းစုံ ပေါင်းစည်းမှုတဲ့ဗျ။ Advanced Research Projects Agency Network (ARPANET) ဆိုတဲ့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ တီထွင်မှုလို့ ဆိုတာပဲ ။ (WWW) နဲ့ စကြတာပေါ့။

နက်ဝခ်အကြောင်းပြောမယ်ဆိုရင် သူနဲ့ ပတ်သက်တဲ့ ပစ္စ္စ္စည်းအကြောင်းကိုလည်း မသိမဖြစ် နည်းနည်းတော့ သိရမှာပါ။

Basic Hardware Components
နက်ဝခ်ရဲ့ အခြေခံ ပစ္စည်းတွေပဲပေါ့ဗျာ
နက်ဝခ်တွေ ချိတ်တဲ့အခါ တစ်ခုနဲ့ တစ်ခု ချိတ်လိုက်တဲ့နေရာကို အထုံး Nodes လို့ခေါ်ပါတယ်။ နက်ဝခ်ချိတ်တဲ့ကဒ် ကို (NICs) တဲ့အရင်ကတော့ လိုချင်ရင် အသစ်ဝယ်တပ်ရတယ် နောက်ပိုင်းလာတဲ့ ကွန်ပျူတာတွေအားလုံးကတော့ တစ်ခါတည်း တပ်ထားပြီးသားအဖြစ်နဲ့ ပါလာပါတယ်။ Bridges ကတော့ နက်ဝခ် နှစ်ကို ကြားကနေခံ ပြီးချိတ်ပေးတဲ့ဟာပေါ့။ Hubs ဆိုတာက နက်ဝခ်တစ်ကနေပြီး အင်တာနက်သို့မဟုတ် ဖိုင်တွေ ခွဲဝေသုံးဆွဲဖို့ ဖြန့်ဝေပေးတဲ့နေရာဆုံတိုင်လေးတစ်ခုပေါ့။ အခုတော့ မတွေ့ရတာကြာပါပြီ။ သူ့အစား Switches ကို သုံးပါတယ်။ Routers ကတော့ လမ်းကြောင်းတစ်ခုပေါ့။ နက်ဝခ်စနစ်တစ်ခုလုပ်မယ်ဆိုရင် ဆာဗာမပါရင် သူက အရေးပါပါတယ်။ှဆာဗာ မပါရင် သူမပါရင် နက်ဝခ်က ဆယ်လုံးပဲ ချိတ်လို့ရပါတယ်။ ပြီးတော့ ကြိုးတွေ galvanic cable (Category 5 cable) ကတော့ အသုံးများတာပေါ့။ ပြီးတော့ ဝါယာလက်တို့ ဖိုင်ဗာကြိုး အလင်းမျှင်ကြိုးတို့ပေါ့ဗျာ
Network Interface Cards
နက်ဝခ်ကဒ်ကို network card, network adapter or NIC (network interface card) လို့ခေါ်ပါတယ်တဲ့။ ကွန်ပျူတာတွေ ချိတ်ဖို့ သုံးတဲ့ပစ္စည်းပါ။ ကွန်ပျူတာက 0နဲ့ 1 ကလွဲလို့ ဘာမှ မသိပါဘူး။ သူ့အထဲမှာ လုပ်ဆောင်သမျှကလည်း 0 နဲ့ 1 ချည်းပါပဲ အဲဒီတော့ နက်ဝခ်ကဒ်က 0နဲ့1ကို လျှပ်စစ်လှိုင်းအဖြစ် ပြောင်းပေးပါတယ်။ ပြီးတော့မှ ကြိုးထဲကိုပို့ဖို့ ပုံပြောင်း ပြီး ကြိုးကတစ်ဆင့် နောက်ကွန်ပျူတာကိုသွား အဲဒီကွန်ပျူတာရဲ့နက်ဝခ်ကဒ်ထဲကို ကြိုးကတစ်ဆင့်ဝင် ။ ဝင်လာတဲ့ လျှပ်စစ်လှိုင်းကို 0နဲ့ 1 ဖြစ်အောင် ပြန်လုပ်။ OSI အလွှာ 7ခု အပေါ်ကနေ အောက်ကိုသွား အောက်ကနေ အပေါ်ကို ပြန်တက်။ အဲဒါ နက်ဝခ်ကဒ်ရဲ့အလုပ်ပါ။
နောက်ကို အသေးစိတ် အမေးအဖြေလေးလုပ်တာပေါ့။

Repeaters
မမြင်ရတာကြာလို့ လွမ်းလိုက်တာဗျာ လို့ ပြောရမယ့် ပစ္စည်းပါ။ အရင်ကတော့ ဈေးသိပ်ကြီးတယ်။ အခုတော့ မသုံးတော့ပါဘူး။ ဆွခ်ျပဲသုံးသုံး ရောက်တာပဲခံခံ နှုန်းပြန်မြင့်ပါတယ်။ လှိုင်းနည်းသွားရင် နက်ဝခ် အရမ်းဝေးသွားလို့ ကွန်နက်ရှင်းမကောင်းရင် သုံးတာပါ။ အရင်က ပေ300 ကျော်တဲ့ နက်ဝခ်ဆိုရင် တစ်ခုခံပေးရပါတယ်။ နောက်လွမ်းစရာတစ်ခုကတော့

Hubs
ပါပဲ။ သူကတော့ အပေါက်များစွာနဲ့ လက်ခံတုံးပေါ့။ အပေါက်အရေအတွက်ပေါ်မူတည်ပြီး ဈေးကွာပါတယ်။ များလေဈေးကြီးလေပေါ့။ လာတဲ့ ဖိုင်တွေကို ခွဲပေးတာမျှပေးတာလုပ်ပါတယ်။ သူကဘာမှ မသိဘဲလုပ်ပေးတဲ့အတွက် သူက လျှပ်စစ်မလိုပါဘူး။ သူ့ကိုလည်း အထုံးလို့ ခေါ်ပါတယ်။ အခုတော့ ဆွခ်ျကို သာ အသုံးများပါတယ်

Bridges
A network bridge connects multiple network segments at the data link layer (layer 2) of the OSI model. Bridges do not promiscuously copy traffic to all ports, as hubs do, but learn which MAC addresses are reachable through specific ports. Once the bridge associates a port and an address, it will send traffic for that address only to that port. Bridges do send broadcasts to all ports except the one on which the broadcast was received.

Bridges learn the association of ports and addresses by examining the source address of frames that it sees on various ports. Once a frame arrives through a port, its source address is stored and the bridge assumes that MAC address is associated with that port. The first time that a previously unknown destination address is seen, the bridge will forward the frame to all ports other than the one on which the frame arrived.

Bridges come in three basic types:

1. Local bridges: Directly connect local area networks (LANs)
2. Remote bridges: Can be used to create a wide area network (WAN) link between LANs. Remote bridges, where the connecting link is slower than the end networks, largely have been replaced by routers.
3. Wireless bridges: Can be used to join LANs or connect remote stations to LANs.

Switches

A switch is a device that performs switching. Specifically, it forwards and filters OSI layer 2 datagrams (chunk of data communication) between ports (connected cables) based on the MAC addresses in the packets.[4] This is distinct from a hub in that it only forwards the datagrams to the ports involved in the communications rather than all ports connected. Strictly speaking, a switch is not capable of routing traffic based on IP address (layer 3) which is necessary for communicating between network segments or within a large or complex LAN. Some switches are capable of routing based on IP addresses but are still called switches as a marketing term. A switch normally has numerous ports, with the intention being that most or all of the network is connected directly to the switch, or another switch that is in turn connected to a switch.[5]

Switch is a marketing term that encompasses routers and bridges, as well as devices that may distribute traffic on load or by application content (e.g., a Web URL identifier). Switches may operate at one or more OSI model layers, including physical, data link, network, or transport (i.e., end-to-end). A device that operates simultaneously at more than one of these layers is called a multilayer switch.

Overemphasizing the ill-defined term "switch" often leads to confusion when first trying to understand networking. Many experienced network designers and operators recommend starting with the logic of devices dealing with only one protocol level, not all of which are covered by OSI. Multilayer device selection is an advanced topic that may lead to selecting particular implementations, but multilayer switching is simply not a real-world design concept.

Routers

Routers are networking devices that forward data packets between networks using headers and forwarding tables to determine the best path to forward the packets. Routers work at the network layer of the TCP/IP model or layer 3 of the OSI model. Routers also provide interconnectivity between like and unlike media (RFC 1812). This is accomplished by examining the Header of a data packet, and making a decision on the next hop to which it should be sent (RFC 1812) They use preconfigured static routes, status of their hardware interfaces, and routing protocols to select the best route between any two subnets. A router is connected to at least two networks, commonly two LANs or WANs or a LAN and its ISP's network. Some DSL and cable modems, for home (and even office) use, have been integrated with routers to allow multiple home/office computers to access the Internet through the same connection. Many of these new devices also consist of wireless access points (waps) or wireless routers to allow for IEEE 802.11g/b wireless enabled devices to connect to the network without the need for cabled connections.


ဒီနေ့ကတော့ သိသင့်တယ် ထင်ထားတာလေးတွေ၊ တစ်ချို့ကတော့ ပြောပြီးသားလေးတွေသိပြီးသားလေးတွေပါ။ လုံးဝ မသိရင်လည်း မဖြစ်တဲ့အတွက် ပြောရခြင်းပါပဲ။
နက်ဝခ်အကြောင်း ပြောရင် မသိမဖြစ် သိသင့်တာတွေက A+ လို့ခေါ်တဲ့ ကွန်ပျူတာ Hardware အကြောင်း သိဖို့ လိုအပ်ပါတယ်။ မြန်မာလို သင်တော့ မြန်မာလို နားလည်အောင် ကွန်ပျူတာ ပြင်တဲ့နည်းကိုလည်း အလွယ်သိဖို လိုအပ်ပါတယ်။

http://upload.wikimedia.org/wikipedia/commons/thumb/5/5f/Jacquard.loom.full.view.jpg/180px-Jacquard.loom.full.view.jpg

ဂျက်ကွက်လွန်းရဲ့ ပရိုဂရမ်နဲ့ သွားတဲ့ကွန်ပျူတာပါ။ သိစေချင်ယုံပါပဲ။ ကွန်ပျူတာကို နည်းပညာနောက်ကို လိုက်ရင် နည်းပညာအသစ်တွေနဲ့ လက်ရှိသုံးနေတဲ့ နည်းပညာနောက်ကိုသာ လိုက်ဖို့လိုပါတယ်။ နည်းပညာ အဟောင်းတွေ အကြောင်းကတော့ ဗဟုသုတဖြစ်ရုံပြောပေးတာပါ။ ကွန်ပျူတာလို့ ပြောရင် ပထမဦးဆုံး ဖော်ပြချက်ကတော့ Abacus လို့ခေါ်တဲ့ တရုတ်ပေသီးဂဏန်းတွက်စက်က စပြီး ဖော်ပြပါ။ နောက်မှ အဆင့်ဆင့်တိုးတက်ခြင်းများအရ ဒီနေ့သုံး ကွန်ပျူတာတွေ ဖြစ်လာတာပါ။ အရင် ကတော့ တွက်စက်မှန်သမျှကို ခေါ်ရင် နောက်ပိုင်းမှာ လုပ်ဆောင်စေခိုင်းချက်များကို အလိုအလျောက် လုပ်ပေးသည့် စက် လို့ အဓိပ္ပါယ်ရပါတယ်။

abacus, slide rule and astrolabe and Antikythera mechanism ခရစ်နှစ်မတိုင်မီ ၁၅၀-၁၀၀ လောက်က စပေါ်ခဲ့ပါတယ်။

ပြောရရင် တော့ တစ်ခုခြင်း ဖြစ်စဉ်တိုးတက်မှုတွေ အများကြီးပါ။ အေဒီ ၁၀ လောက်က အလက်ဇန်းဒြား ဘုရင်ကြီးက ၁၀မိနစ်စာ ကြိုးတွေဖွင့်တဲ့နည်းက စလာလိုက်တာ နှစ်ဆယ် ရာစုအလယ်ပိုင်းလောက်လဲရောက်ရော အန်းနာလော့ ကွန်ပျူတာဆိုပေါ်တာပေါ့။ အဲဒီမှာ စရမယ်ဆိုရင် ကွန်ပျူတာစနစ်မှာ အန်းနာလော့ analog နဲ့ Digital ဒီဂျစ်တယ် ဆိုပြီး ရှိပါတယ်။ ဘာကွာသလဲဆိုတော့ ဥပမာကို နာရီနဲ့ပြမယ်ဗျာ။ ဂဏန်းတွေ မိနစ်တွေ စက္ကန့်တွေကို လက်ချောင်းနဲ့ ပြတဲ့ နာရီနဲ့ ဂဏန်းနဲ့ ပြတဲ့နာရီ ဆိုပြီး နှစ်မျိုးရှိတယ် မဟုတ်လား။ ဂဏန်းနဲ့ တိတိကျကျ ပြတဲ့နာရီကို Digital လို့ ခေါ်ပါတယ်။ လက်တံနဲ့ ပြတာကိုတော့ မှန်းပြီးဖတ်ရလို Analog လို့ ခေါ်ပါတယ်။ ကွန်ပျူတာမှာက တိတိကျကျ စနစ်တစ်ခု မရခင် လုပ်ဆောင်မှုတွေကို အန်းနာလောဂ့် လို့ ခေါ်ပြီး တိတိကျကျ လုပ်ဆောင်မှုတွေနဲ့ အခုခေတ် ကွန်ပျူတာတွေကို ဒီဂျစ်တယ်လို့ သုံးပါတယ်။ ဒီဂျစ်တယ်ဆိုတာ ဒစ်ဂျစ် Digit လို့ခေါ်တဲ့ ဂဏန်းနဲ့ အတိအကျ လာတာကို ခေါ်တာပါ။

Defining characteristics of some early digital computers of the 1940s (In the history of computing hardware)

Name


First operational


Numeral system


Computing mechanism


Programming


Turing complete

Zuse Z3 (Germany)


May 1941


Binary


Electro-mechanical


Program-controlled by punched film stock


Yes (1998)

Atanasoff–Berry Computer (US)


mid-1941


Binary


Electronic


Not programmable—single purpose


No

Colossus (UK)


January 1944


Binary


Electronic


Program-controlled by patch cables and switches


No

Harvard Mark I – IBM ASCC (US)


1944


Decimal


Electro-mechanical


Program-controlled by 24-channel punched paper tape (but no conditional branch)


No

ENIAC (US)


November 1945


Decimal


Electronic


Program-controlled by patch cables and switches


Yes

Manchester Small-Scale Experimental Machine (UK)


June 1948


Binary


Electronic


Stored-program in Williams cathode ray tube memory


Yes

Modified ENIAC (US)


September 1948


Decimal


Electronic


Program-controlled by patch cables and switches plus a primitive read-only stored programming mechanism using the Function Tables as program ROM


Yes

EDSAC (UK)


May 1949


Binary


Electronic


Stored-program in mercury delay line memory


Yes

Manchester Mark I (UK)


October 1949


Binary


Electronic


Stored-program in Williams cathode ray tube memory and magnetic drum memory


Yes

CSIRAC (Australia)


November 1949


Binary


Electronic


Stored-program in mercury delay line memory


Yes

ကွန်ပျူတာဆိုတာ ပထမဦးဆုံးကတော့ ဒီလိုပုံမျိုးပေါ့

http://upload.wikimedia.org/wikipedia/commons/thumb/3/3a/EDSAC_%2810%29.jpg/200px-EDSAC_%2810%29.jpg

ပရိုဆက်ဆာရဲ့ ဟိုးအရင်တုံးက ပုံက အောက်ကပုံပါ။ CPU Central Processing Unit လို့လဲခေါ်ပါတယ်။ အခုကတော့ ဒီထက် နည်းပညာတွေ အများကြီး မြင့်နေပြီပေါ့။

http://upload.wikimedia.org/wikipedia/commons/thumb/0/02/80486dx2-large.jpg/200px-80486dx2-large.jpg

ကွန်ပျူတာ နည်းပညာရဲ့ အခြေခံ သဘောတရားကတော့ Transistor ထရန်စစ္စတာပါ။ ဟိုးအရင်က ထရန်စစ္စတာတွေကို လေဟာဖန်ချောင်းတွေ vacuum tubes သုံးပါတယ် (၁၉၅၀)။ အရမ်းလည်း ကြီးပါတယ်။ အဲဒါကြောင့် ၁၉၆၀ မှာ ဖန်ချောင်းသေး ထရန်စစ္စတာတွေ ပေါ်လာတော့ ကွန်ပျူတာအရွယ်ဟာ ဘောလုံးကွင်းအရွယ်မှ အိမ်အရွယ်အစားထိ ချုံ့လာနိုင်ခဲ့ပါတယ်။ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာတော့ အိုင်စီလို့ခေါ်တဲ့ integrated circuit နည်းပညာကြောင့် ထရန်စစ္စတာအစုအဖွဲ့ microprocessors ပေါ်ပေါက်လာပါတယ်။ အဲဒါကို အင်တဲလ်က Intel 4004 ဆိုပြီး ပေါ်ခဲ့ချိန်က စလို့ စီပီယူတွေက အရွယ်အစားသေးငယ်လာပါတယ်။ ဒါ့အပြင် ကုန်ကျစရိတ်က သက်သာလာပြီး သုံးစွဲလို့ ပိုမိုကောင်းမွန်တဲ့ ကွန်ပျူတာတွေ ပေါ်ပေါက်လာပါတယ်။ ပန်တီယံ၎ ဆိုရင် ထရန်စစ္စတာ သန်းကျော်ပါဝင်ပြီး ဈေးက မြန်မာငွေ တစ်သိန်းခွဲဝန်းကျင်ဆိုတော့ ထရန်စစ္စတာတစ်ခုကို မြန်မာငွေ၂၀ ကျပ်နှုန်းလောက်ပဲရှိတဲ့သဘောပါ။ ဟာဒ်ဝဲလ်ရဲ့ အသေးစိတ် အချက်အလက်တွေကတော့ ဟာဒ်ဝဲလ်သင်တဲ့အခါမှာ အခုနောက်ပိုင်း ပရိုဆက်ဆာတွေဆိုရင် Dual Core, Core2Duo, Core2Extreme, Core2Quad တို့ဆိုရင် ထရန်စစ္စတာတစ်ခုကို တစ်ကျပ်ဝန်းကျင်လောက် ပဲရှိတဲ့ သဘောပါ။ ၁၉၈၀ ပြည့်နှစ်နောက်ပိုင်းမှာတော့ ကွန်ပျူတာဆိုတာ စားပွဲတစ်လုံးပေါ်တင်နိုင်တဲ့အဆင့်ကို ရောက်လာပါတယ်။ နောက်ပိုင်းမှာ နေရာတကာ ပီစီ personal computer တွေ ပေါများလာပါတယ်။ အင်တာနက် Internet တိုးတက်ပြီးနောက်မှာတော့ တီဗွီတို့ ဖုန်းတို့လို့ အိမ်သုံးဖြစ်လာပါတယ်။

ကွန်ပျူတာက နှစ်ပိုင်းအကြမ်းဖျဉ်းရှိပါတယ်။ ကိုင်တွယ်ထိတွေ့လို့ရတဲ့အပိုင်း ဟာဒ်ဝဲလ် Hardware နဲ့ လက်နဲ့ကိုင်တွယ် ထိတွေ့လို့ မရတဲ့အပိုင်း ဆော့ဖ်ဝဲလ် Software တို့ဖြစ်ပါတယ်။ ဟာဒ်ဝဲလ်တွေက လက်နဲ့ဖြုတ်နိုင်တပ်နိုင် ထိတွေ့နိုင် ထိတွေ့တဲ့လက်တွေကလည်း ခံစားသိနိုင်တာပေါ့။ ဆော့ဖ်ဝဲလ်ကတော့ ပရိုဂရမ်programတွေကို ခေါ်တာပါ။ ကီးဘုတ်တို့ မောက်စ် တို့နဲ့သာ ခိုင်းစေနိုင်ပြီး အမှန်တကယ်ထိတွေ့နိုင်ခြင်း မရှိတဲ့အရာတွေပါ။

http://upload.wikimedia.org/wikipedia/commons/thumb/5/58/FortranCardPROJ039.agr.jpg/300px-FortranCardPROJ039.agr.jpg

၁၉၇၀ ပြည့်နှစ်လောက်က Fortran ဆိုတဲ့ ပရိုဂရမ်လေးပေါ့။ ကဲပါ.. ဒါတွေကနက်ဝခ်အတွက် အရေးမပါပါဘူး။ ဝီကီးပီးဒီးယားက အဆိုအတိုင်း လိုက်ပြောနေတာ။ ဘေးကိုနည်းနည်းရောက်သွားတယ်။ ပီစီတွေမှာ အဓိက ပါဝင်တဲ့ အပိုင်းတွေကို အရင်ပြောပြမယ်။

(၁) မော်နီတာ (၂) ကီးဘုတ် (၃) မောက်စ် (၄) ဗွီဂျီအေကဒ် (၅) ဆောင်းကဒ် (၆) နက်ဝခ်ကဒ် (၇) ရမ် (၈) စီပီယူ (၉) ဟာဒ်ဒစ် (၁၀) ဖလော်ပီဒစ် (၁၁) စီဒီရွမ် (၁၂) ပါဝါ (၁၃) ပုံးခွံ (၁၄) မားသားဘုတ် တို့ပါဝင်ပါတယ်

မော်နီတာ Monitor ဆိုတာက မျက်စိနဲ့မြင်နေရတဲ့ ပုံရိပ်တွေ အသုံးပြုဆောဖ့်ဝဲလ်တွေကို အသုံးချ တည်းဖြတ်တဲ့နေရာပါ။ LCD နဲ့ CRT ဆိုပြီး နှစ်မျိုးရှိပါတယ်။ LCD က Liquid Crylstal Display ဆိုတော့ ပါးပါတယ်။ CRT ကတော့ Cathode Ray Tube ပါ။ စီအာတီက စားပွဲပေါ်မှာ နေရာပိုယူပါတယ်။ အယ်လ်စီဒီက ဈေးအားဖြင့် ပိုပါတယ်။ ပိုကောင်းတယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် ရုပ်မြင်သံကြားတည်းဖြတ်လုပ်ငန်းတွေမှာ အယ်လ်စီဒီကို မသုံးပါဘူး။ ဈေးက ၁၆"ကို ၁၉၅၀၀၀ရှိပါတယ်။ သူ့မှာ အပိုင်းလေးပိုင်းရှိပါတယ်။ အယ်လ်စီဒီပိုင်း၊ ကွန်ထရိုးဆားကက်ပိုင်း၊ မီးချောင်းပိုင်းနဲ့ ပါဝါပိုင်းပါ။ ပျက်ရင် ပျက်တဲ့အပိုင်းကို လဲပစ်ပါတယ်။ ကွန်ပျူတာမှာ ပြင်တာမရှိပါဘူး။ နောက်ပြီးတော့ ကွန်ပျူတာမျက်နှာပြင်မှာ ပေါ်တာအကုန်လုံး အန်းနာလောဂ်ပါ။ ဒီဂျစ်တယ်ဆိုတာ ကွန်ထရိုးခလုတ်ကိုပဲပြောပါတယ်။ ဒီဂျစ်တယ်ကို ကွန်ပျူတာကနေ အန်းနာလောဂ်ပြောင်းပြီးမှ ပေးတာပါ။

ဗွီဂျီအေကဒ် VGA Card က ကွန်ပျူတာက ဒီဂျစ်တယ်အမှတ်အသားတွေကို အန်းနားလောဂ်ပြောင်းပေးတဲ့ ဂဏန်းကို ပုံရိပ်အဖြစ် လုပ်ပေးပါတယ်။ Vedio Graphic Adaptor ပါ။ ပုံမှန် ၃၂ဘစ် လုပ်ပါတယ်။ နောက်ပိုင်းမှာ ၆၄ ဘစ် ကဒ် ပေါ်ပေါက်လာတော့ အေဂျီပီ AGP Accererated Graphic PowerSupply ဆိုပြီး ပီတူးလောက်က စခေါ်ပြီးသုံးပါတယ်။ အခုခေတ်ကတော့ ပီစီအိုင်အီး PCIe = PCI Express = Peripherial Component Interface Express ဆိုတဲ့ ၁၂၈ ဘစ် သုံးတဲ့ ကဒ်ခေတ်ပေါ့။ ဟိုး ရှေရှေးတုံးကတော့ ၁၆ဘစ် အိုင်အက်စ်အေ ISA Industrial Standard Architecture တို့ ၈ဘစ်သုံးတဲ့ EISA အီစာ EnhancedISA တို့ပေါ့ဗျာ။ ဗွီဂျီအေ ခေတ်အထိကို ၁မဂ်က ၈မဂ်လောက်အထိရှိတယ်။ အေဂျီပီကျတော့ ၄မဂ်ကနေ ၂၅၆မဂ်လောက်ဖြစ်လာတယ်။ ပီစီအိုင်အီးကတော့ ၂ဂစ်လောက်တောင် အေးဆေးပဲတဲ့။ ၅၁၂ မဂ် ပီစီအိုင်အီး တစ်ကဒ်ကို ၇၀၀၀၀ ရှိပါတယ်။ သူ့ကို ဂျီပီယူ GPU Graphical Processing Unit လို့လည်းခေါ်ပါတယ်။ သူ့ရဲ့အဓိကတာဝန်က ကွန်ပျူတာရဲ့ ဒီဂျစ်တယ်ဒေတာကို အန်းနာလောဂ်ပြောင်းပေးတာပါ။ ကြိုးအလုံးက အန်းနားလောဂ်ကြိုးပါ။ ကွန်ပျူတာမှာ အဲဒီလို ကြိုးတိုင်းကို Serial လို့ခေါ်ပါတယ်။ နောက်ပိုင်းမှာ ဒစ်ဂျစ်တယ် ပါပါတဲ့ ကဒ်တွေဝင်လာပါတယ်။ သူ့ကြိုးက လေးဒေါင့်ခေါင်းပါ။

ရှိသမျှသော ကဒ်တွေအဓိက ထားစိုက်တဲ့ ဘုတ်အကြီးကို မားသားဘုတ် MotherBoard, MainBoard လို့ခေါ်ပါတယ်။ သူမှာ လာတပ်တဲ့ကဒ်တွေကိုတော့ လာတပ်သမျှကို Daughter Board ဆိုတဲ့အသုံးလည်းရှိပါတယ်။ အခုခေတ် မားသားဘုတ်တွေကိုပဲ အဓိကထားပြီးပြောပါမယ်။ အခုခေတ်ဘုတ်မှာ နက်ဝခ်ကဒ် NIC Network Interface Card = Ethernet Card ကွန်ပျူတာခြင်း ချိတ်တဲ့ ကဒ်, ဆောင်းကဒ် Sound Card အသံထွက်တဲ့ကဒ်၊ တစ်ချို့ ဗွီဂျီအေတွဲလျက် ပါပါတယ်။ တွဲပါတာကို တပ်ပြီးသား Built-in ဆိုတဲ့အသုံးကိုသုံးပါတယ်။ နားမလည်တဲ့သူကိုဆိုရင် တခါတခါမှာ Factory Default ပါဆိုတဲ့အသုံးနဲ့ထပ်ပြောပါတယ်။ အစကတည်းကပါပါတယ်ဆိုတဲ့သဘောပါ။ ဟိုးအရင်ကဆို အဲဒီလိုတပ်တဲ့ဘုတ်နဲ့ ဘာမှ မပါတဲ့ဘုတ်ဆို မပါတဲ့ဘုတ်က ဈေးပိုကြီးပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ပျက်ရင် ဖြုတ်လဲလို့ ရလို့ပါ။ အသေတပ်ထားတာက တစ်ခုခု ပျက်ရင် မားသားဘုတ်တစ်ခုလုံးလဲရတဲ့အတွက် ဈေးအရမ်းများလို့ အသုံးနည်းပါတယ်။ အဲဒီအတွက် ပီစီအိုင် ခေါ် ၃၂ဘစ် အပေါက် များများပါတဲ့ကွန်ပျူတာဆို ဈေးပိုများပါတယ်။ စလော့ Slot လည်း ခေါ်ပါတယ်။ Solt များရင် ဈေးကြီးပါတယ်။ မားသားဘုတ်မှာ အီးအိုင်အက်စ်အေ စလော့တ်၊ အိုင်အက်အေ စလော့တ် (အခုခေတ်မှာတော့မရှိတော့ဘူးပေါ့)။ ပီစီအိုင်စလော့တ်၊ အေဂျီပီစလော့ (ပီ၂၊ ပီ၃၊ ပီ၎အစပိုင်း)၊ ပီစီအိုင်အီ စလော့တ်၊ နက်ဝခ်အတွက်စလော့တ်သေးသေးလေး၊ (အခုထိတော့ပစ္စည်းကမရှိသေးပါဘူး) ပါပါတယ်။ ယူအက်စ်ဘီ USB Universal Serial Bus၊ အယ်လ်ပီတီ LPT Parallel Port ပီအက်စ်တူး PS2 ကီးဘုတ်နဲ့ မောက်စ်အတွက်၊ စီရီရယ်ပို့ Serial Port တစ်ခုပါပါတယ်။ အဲဒီမှာ တပ်တဲ့ပစ္စည်းတွေ အားလုံးကို IEEE အဖွဲ့က သတ်မှတ်တဲ့အတိုင်း အရွယ်အတိုင်း ထုတ်ရပါတယ်။

စီပီယူ CPU Central processing unit က ကွန်ပျူတာဦးဏှောက်လို့လည်း ခေါ်ကြပါတယ်။ ထရန်စစ္စတာပေါင်း သန်းရာနဲ့ချီနေပါပြီ အခုဆိုရင်။ နှစ်လက်မပတ်လည်နဲ့ အထူက ဒဿမ၂လက်မလောက် မှာ အလွှာ လေးခုနဲ့ လုပ်ထားပါတယ်။ လက်ရှိမှာတော့ 4Layer Technology ဆိုတာ ကမ္ဘာမှာ အမြင့်ဆုံးနည်းပညာပါ။ ထရန်စစ္စတာတစ်ခုကို ၄၅နယ်နိုမီတာ 45x10-9 m ပဲရှိတယ်။ ပင်အပ်ထိပ်ဖျားတစ်ခုမှာ ထရန်စစ္စတာ ငါးခုလောက်တင်ထားနိုင်တဲ့ ပမာဏပေါ့။ သူကအရမ်းပူတယ်။ အရမ်းလည်း အလုပ်များတယ် အဲဒီတော့ မားသားဘုတ်မှာပန်ကာနဲ့ အပူထိန်းသတ္ထုတုံး အကြီးဆုံးတပ်ထားပါတယ်။ အလုပ်လုပ်တဲ့အပိုင်းတွေကို ခွဲထားပါတယ်။ Microprocessor arithmetic and logic unit (ALU), the control unit, the memory, Maths Coprocessor, MMX, SSE, SSE2 စတဲ့ Instruction Set တွေခွဲထားပါတယ်။ CPU caches တွေလဲပါတယ်။ အတွင်းမှတ်ဥာဏ် L2 လည်းပါတယ်။ ဈေးကတော့ မြန်နှုန်း GHz ရယ် L2 Cache များတာရယ်က ဈေးပိုများပါတယ်။ စီပီယူ ထုတ်တဲ့ကုမ္ပဏီက Intel, AMD, Cyrix ဆိုပြီး သုံးခုပဲရှိပါတယ်။ အရင်ကတော့ WinChip ဆိုပြီးထပ်ပေါ်လာသေးတယ်။ နောက်ပိုင်းမတွေ့တော့ဘူး။ အင်တဲလ်က ဈေးအကြီးဆုံး၊ ပြီးရင် အေအမ်ဒီပဲ။ တည်ဆောက်ပုံစနစ်ခြင်းမတူဘူး။ အေအမ်ဒီက L2 ပိုများအောင်ထည့်တာများတယ်။ စီပီယူထုတ်တဲ့ အဖွဲ့သုံးခုလုံး အမေရိကန်မှာပဲအခြေစိုက်ပြီး စက်ရုံတွေကလည်း အဲဒီမှာပဲရှိပါတယ်။ အပြင်မှာ တပ်ဆင်တဲ့စက်ရုံသာ ရှိပြီး ထုတ်လုပ်တဲ့စက်ရုံထားခွင့် အမေရိကန်အစိုးရက ခွင့်မပြုပါဘူး။ တခြားနည်းပညာတွေကို ရောင်းချပေမယ့် စီပီယူထုတ်တဲ့နည်းပညာနဲ့ စူပါကွန်ပျူတာရောင်းချမှုကို ကွန်ဂရက်က ခွင့်ပြုမှသာ လုပ်ခွင့်ရှိပါတယ်။

ကီးဘုတ် Keyboardကတော့ ပုံမှန်အားဖြင့် ခလုပ် ၁၀၂ ခုရှိပါတယ်။ မောက်စ်က ခလုပ်နှစ်ခုက သုံးခုရှိပါတယ်။ ကီးဘုတ်မောက်စ်က ကွန်ပျူတာကို လှမ်းခိုင်းနိုင်တာ သူနှစ်ခုပဲ ရှိပါတယ်။ အဲဒါကြောင့် သူတို့ကို Input Device လို့ခေါ်ပါတယ်။ မော်နီတာနဲ့ ပရင်တာတို့ကိုတော့ Output Device လို့ခေါ်ပါတယ်။

ပါဝါ Power Supply ကတော့ ပုံမှန်အားဖြင့် ၃၅၀ ဝပ်လောက်ဆို ကောင်းကောင်းအလုပ်လုပ်ပါပြီ။ ဝပ်ဘယ်လောက်များများ တပ်တပ် ကွန်ပျူတာထဲက ပစ္စည်းတွေက ယူမသုံးရင် အလကားပါပဲ။ ဝပ်များများ တပ်ပေမယ့်လည်း ကွန်ပျူတာက အသုံးမရှိတော့ အလကားပါပဲ။

ဟာဒ့်ဒစ်ကတော့ Hard Disk Drive = HD= HDD လို့သုံးပါတယ်။ အရင်က ၅.၂၅လက်မ။ ၃.၅လက်မ နှစ်မျိုးအရွယ် ရှိပါတယ်။ အရင်က ပင်လေးဆယ်နဲ့လာတဲ့ IDE နောက်ပိုင်း ပင်၈၀နဲ့ အခုဆိုရင် SATA လို့ခေါ်တဲ့ ဟာဒ်ဒစ်တွေ လာပါတယ်။

http://upload.wikimedia.org/wikipedia/commons/thumb/0/00/HDDspin.JPG/180px-HDDspin.JPG

http://en.wikipedia.org/skins-1.5/common/images/magnify-clip.png

Hard disks ဆိုတာ အတွင်းပိုင်းက ဒီလိုပုံပဲပေါ့။ သံလိုက်နဲ့အချက်အလက်ကို မှတ်သားပါတယ်။ ခြင်ဆေးခွေကို အတွင်းကနေ အပြင်ကို ကွင်းလိုက်ပတ်ပြီး အပိုင်းလေးတွေနဲ့ အချက်အလက်မှတ်တယ်လို့ဆိုပါတယ်။

ဖလော်ပီဆိုတာ floppy Disk Drive FDD လို့ခေါ်တာပေါ့။ ဒေတာက ၁.၄၄ မဂ်အများဆုံးပဲ ဆန့်ပါတယ်။ အခုအချိန်လောက်မှာ ဝယ်မယ်ဆိုရင် နောက်နှစ်လောက်ဆို ရှေးဟောင်းပစ္စည်းအဖြစ် တွေ့ရတော့မှာ မဟုတ်ပါဘူး။

Floppy Disk Drive


8-inch, 5¼-inch (full height), and 3½-inch drives

Date invented


1969 (8-inch),
1976 (5¼-inch),
1984 (3½-inch)

Invented by


IBM team led by David Noble

Connects to


Controller via:

* cable

အခုနောက်ပိုင်းတော့ ဈေးကြီးတာရယ် ယူအက်စ်ဘီ ဒရိုက်တွေက ဈေးအရမ်းပေါပြီး ၁ဂစ်မှ ၉၀၀၀ ကျပ်လောက်ဆိုတော့ နောက်ပိုင်းမှာ ဖလော်ပီက ပျောက်သွားပါတယ်။ စီဒီရွမ်တွေက ဒီဗွီဒီရွမ်တွေက တစ်ချပ်ကို ၁၂၀ က သုံးရာကျပ်လောက်ဖြစ်နေတော့ FDD က ရာဇဝင်ထဲမှာ FDDကိုထားခဲ့ပါတဲ့။

နက်ဝခ်ကို သင်ပေမယ့် ဟာဒ်ဝဲလ်မပါ မဖြစ်လို့ပါ